#Local_News
Published 4 October 2024
▪️ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ပြုလုပ်မည့် COEX Food Week 2024 ပြပွဲ ၌ ဝင်ရောက်ပြသရန် ပြည်တွင်းလုပ်ငန်းရှင်များအားဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ဆိုးလ်မြို့ရှိ ညီလာခံများနှင့် ပြပွဲများကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ COEX Food Week 2024 ပြပွဲ ကို COEX နှင့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့ကကြီးမှူးကျင်းပမည်ဖြစ်သည်။
▪️ COEX Food Week 2024 ကို World FoodTech Expo နှင့် the Korea Bakery Show တို့နှင့်အတူ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပလေ့ရှိသည့် စားသောက်ကုန်ပြပွဲများအနက် အစည်ကားဆုံးပြပွဲဖြစ်ပြီး ပြပွဲကာလအတွင်း ကမ္ဘာအနှံ့ရှိ စားသောက်ကုန်နှင့်အဖျော်ယမကာကဏ္ဍမှ ကုန်စည်နှင့် ဝန်ဆောင်မှုများစွာကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ယင်းပြပွဲသို့ ပါဝင်တက်ရောက်ခြင်း၊ ပြသခြင်းအားဖြင့် ကမ္ဘာအနှံ့မှသက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ရင်းနှီးမှုကိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ ကုမ္ပဏီ ၁,၀၀၀ ခန့်က ပြခန်းပေါင်း ၁,၄၀၀ ကျော်ကို ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲသို့လာရောက်လေ့လာသူနှင့် အဝယ် တော်စုစုပေါင်း ၅၅,၀၀၀ ခန့် တက်ရောက်နိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
▪️ ထို့ကြောင့်နှစ်စဉ်ကျင်းပသည့် COEX Food Week ပြပွဲများတွင် ပြခန်းများယူ၍ ပါဝင်ပြသနိုင်ရေး စဉ်းစားနိုင်စေရန်ရည်ရွယ်၍ COEX Food Week 2024 သို့ လာရောက် လည်ပတ် လေ့လာနိုင်ရန် ပြည်ပကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများ (သို့) စားသောက်ကုန်နှင့်ဆက်နွယ်သော အဖွဲ့အစည်းများမှ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဝါရင့်စီမံခန့်ခွဲမှုအဆင့်ရှိ ကိုယ်စားလှယ်များ၊ ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက် စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော စားသောက်ကုန်နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက်စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော ပြည်ပ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများတွင် ကျင်းပသည့် ကုန်စည်ပြပွဲများတွင် နိုင်ငံအလိုက်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသနိုင်ရေးအတွက် ငွေကြေးအထောက်အပံ့များပေးသည့် အစိုးရ အဖွဲ့အစည်းများကို ဖိတ်ကြားကြောင်း သိရသည်။
▪️ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ လိပ်မူ လျှောက်ထားနိုင်ပြီး လျှောက်ထားလာသည့် လျှောက်လွှာများအနက် COEX Food Week 2024 သို့ တက်ရောက်လေ့လာရန် ရွေးချယ်ခံရပါက တက်ရောက်မည့်ကိုယ်စားလှယ်အတွက် နံနက်စာပါဝင်သည့် ဟိုတယ်အခန်းတစ်ခန်းကို ၄ ညတာ တည်းခိုနေထိုင်ခွင့်နှင့် နှစ်ရက်စာ နေ့လယ်စာတို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် လေယာဉ်လက်မှတ်ခအတွက်လည်း အကန့်အသတ် ပမာဏတစ်ခုအထိ ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ သို့သော် လေယာဉ်လက်မှတ်ခ ပြန်လည်အမ်းငွေသည် နိုင်ငံ အလိုက် ကွဲပြားမည်ဖြစ်ကြောင်း၊ ပြည်ဝင်ခွင့် (Visa) လျှောက်ထားမှုအတွက် ဖိတ်ကြားစာများ ထောက်ပံ့ပေးမည် ဖြစ်သော် လည်း ကုန်ကျစရိတ်အတွက် ကျခံမည်မဟုတ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ထုတ်ပြန်ချက်အရစက်သုံးဆီအမျိုးအစားအများစု ဈေးနှုန်းလာပြီး 92 တစ်လီဝာာ ကျပ် ၃၀၀၀အောက်အထိ ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 4 October 2024
#စက်သုံးဆီဈေးကျ #ရန်ကုန်ဈေးကွက်
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းကတာချီလိတ်မြို့မှာ ယမန်နေ့ကရေကြီး၊ ရေလျှံတာ တွေဖြစ်ပေါ်ခဲ့ပေမယ့် ဒီကနေ့မနက်ပိုင်းမှာတော့ ရေပြန်ကျနေပြီလို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
တာချီလိတ်မြို့ရေပြန်ကျ
#Local_News
Published 4 October 2024
#တာချီလိတ်မြို့ #ရေပြန်ကျ
#YMG/NN #Yangon_Times
အပျော်စီးသင်္ဘောမှာ သင်္ဘောသားဖြစ်လိုသူအမျိုးသား၊ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်းအခု အောက်တိုဘာလ(၇)ရက်မှ(၁၅)ရက်အထိ ထပ်ဖွင့်ဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 4 October 2024
#အပျော်စီးသင်္ဘော #အင်္ဂလိပ်စာအခမဲ့သင်တန်း
#YMG/tthl #Yangon_Times
#Daily_News
Published 3 October 2024
၁။ အနုပညာကုထုံး၊ ဂီတကုထုံး၊ ဒရမ်မာကုထုံးများပါဝင်မည့် 'ကမ္ဘာ့စိတ်ကျန်းမာရေးနေ့’ ဂုဏ်ပြုပွဲအစီအစဉ်ကျင်းပမည်
၂။ သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာမှ အခန်း (၆၀၀)ခန့်ကို ငှါးရမ်းနေထ်ိုင်ခွင့်ရရှိမည့်သူများကို ရွေးချယ်သွားမည်
၃။ တိုင်ဖွန်းမုန်တိုင်းနှင့် လေပွေလှိုင်းအရှိန်ကြောင့် နောက်(၃)ရက် မိုးကြီးခြင်းနှင့်အတူလေပြင်းတိုက်နိုင်
၄။ ယီမင်ရှိဆိပ်ကမ်းနေရာများအား အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 3 October 2024
▪️ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နှင့်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြားရှိ မယ်ဆိုင်ချောင်းရေမြင့်တက်၍ တာချီလိတ်မြို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။
▪️ အောက်တိုဘာ ၂ရက် ယမန်နေ့ညတစ်ညလုံး မိုင်းဆတ်ခရိုင်အတွင်း မိုးရွာသွန်းမှု၏ နောက်ဆက်တွဲအနေဖြင့် တာချီလိတ်မြို့နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေမှာ အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းက စပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
▪️ "ဒီနေ့ည ၁၂နာရီကျော်ကျော်လောက်ထဲက ရေစတက်လာတာ၊ ခုချိန်ထိတက်နေတုန်းပဲလေ၊အရင်လ ရေကျတာကို မရှင်းမလုပ်နိုင်သေးဘူး၊ ခုထပ်တက်ပြန်ပြီ " ဟု တာချီလိတ်မြို့ရှိဒေသခံတစ်ဦးက ပြောသည်။
▪️ ထို့အပြင် တာချီလိတ် - ကျိုင်းတုံသွားလမ်းပေါ် တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းရှိ မယ်ဟုတ်ချောင်းတွင်လည်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်နေရာ အနိမ့်ပိုင်းအိမ်ခြေများတွင် ရေဝင်နစ်မြုပ်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ကန်ရိုးအရှေ့ပိုင်း ရပ်ကွက်အချို့နဲ့ စစ်တောင်မြစ်ကမ်းဘေးက ကျေးရွာအချို့ရေပြန်တက်လာတာကြောင့် မြေနိမ့်ပိုင်းရှိဒေသခံတွေ စတင်ရွေ့ပြောင်းနေပြီလို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
#Local_News
Published 3 October 2024
#တောင်ငူကန်ရိုးအရှေ့ပိုင်း #ကျေးရွာအချို့ရေပြန်တက်
#YMG/NN #Yangon_Times
Page 114 of 1867