#Local_News
Published-1 March 2023
ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်၊ စာတိုက်မှတ်တိုင် မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီလ ၂၈ရက် ညပိုင်းက အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ခဲ့ပြီး ယာဉ်မောင်းသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ကြောင်း ရွှေရောင်တွဲလက်ပရဟိတအသင်းက သိရသည်။
တောင်ဥက္ကလာမြို့နယ်၊ အမှတ်၇ ရပ်ကွက်၊ သစ္စာလမ်း၊ စာတိုက်မှတ် တိုင်မီးပွိုင့်အနီးတွင် အငှားယာဉ်တစ်ဦး အရှိန်လွန်၍ ခြံစည်းရိုးကိုဝင်တိုက်မိကာ ဂတ်စ်အိုးပေါက်ကွဲ၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"Taxi က အရှိန်မထိန်းနိုင်ဘဲ ခြံစည်းရိုးကိုဝင်တိုက်မိတာ။ အဲဒီမှာ CNG အိုး ပေါက်ကွဲပြီး မီးလောင်တာ။ မီးလောင်တာ မိနစ်ပိုင်းအတွင်းပါပဲ"ဟု ပရဟိတအသင်းဝင်တစ်ဦးက ဆိုသည်။
မီးလောင်မှုဖြစ်ရာနေရာသို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရွှေရောင်တွဲလက်ပရဟိတအသင်းနှင့် အခြားလူမှုကူညီရေးအသင်းဝင်များ သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် Taxi ယာဉ်မောင်းမှာ အခင်းဖြစ်ရာနေရာ၌ပင်သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါအခြားအမျိုးသားတစ်ဦးမှာလည်း စိုးရိမ်ရသည့်အခြေအနေရှိပြီး စံပြဆေးရုံသိုပိုဆောင်ခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #Taxi #အရှိန်မထိန်းနိုင်ဘဲ #ခြံစည်းရိုးကိုဝင်တိုက် #ယာဉ်မောင်သေဆုံး #YMG #Yangon-Media-Group
#Local_News
Published _1 March 2023
ပုဇွန်တောင် CB ဘဏ်ကိုဝင်၍ သေနတ်အတုနှင့်ဓားပြကာဝင်လာသည့် ဆယ်ကျော်သက် ကလေးနှစ်ဦးအား ဖမ်းမိထားကြောင်း သက်ဆိုင်ရာကသိရသည်။
ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်တွင် ငွေကြေးများ ဆုံးရှုံးမှုမရှိခဲ့ကြောင်းလည်းသိရသည်။
ပုဇွန်တောင် မြို့နယ် အမှတ် ၇ ရပ်ကွက် ၊ အိမ်အမှတ် (၁၅) ဦးဝဇ္ဇာလမ်းနေ အသက် ၁၅ နှစ် အရွယ်သုထူးအောင်နှင့် အမှတ် (၈)ရပ်ကွက်
အိမ်အမှတ်(၃၉) ဇီဇဝါလမ်းနေ အသက် ၁၄ နှစ်အရွယ်သန့်စင်အောင် တို့ဖြစ်ကြောင်း သိရသည်။
“ဘဏ်ထဲကို လူငယ်နှစ်ယောက်က ဝင်လာပြီးတော့ ဘယ်သူမှ မလှုပ်နဲ့ လို့ပြောပြီး ပစ္စတိုသေနတ်နဲ့ ဓားမြှောင်ကို ထုတ်ပြခြိမ်းခြောက်တယ်။ သေနတ်ကအတု ဓားကနှစ်လက် အားလုံးကဝိုင်းဖမ်းတာမိသွားရော"ဟု သက်ဆိုင်ရာတာဝန်ရှိသူက ပြောသည်။
#ymg/mt
#Yangon _Media_Group
#Local_News
Published_ 1 March 2023
ဇွဲကပင်တောင်ပေါ်သို့ ဘုရားဖူးရန်တက်ရောက်စဉ် အမျိုးသားတစ်ဦး အမောဖောက် သေဆုံးမှု ဖေဖော်ဝါရီလ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း ဘားအံမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။
"အဲဒီလူက အသက် ၅၆ နှစ် လောက် ရှိပါတယ်။နှလုံးရောဂါလည်း ရှိတယ်လို့ သိရတယ်။ မနက် ၁၁ နာရီ လောက်က လုမ္မနီဥယျာဉ်ဘက်ခြမ်း က ဇွဲကပင်တောင်တက်လမ်း ကနေ တက်တာ။ တောင်ကို တက်ရင်းနဲ့ အထက်ရေတံခွန်အကျော် ကရင်မောင်နှမ နတ်နန်းနားမှာ ဖြစ်သွားတာ"ဟု ဘားအံမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ အခင်း ဖြစ်ပွားရာနေရာသို့ ဘားအံမြို့နယ် ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် အခြား လူမှုကယ်ဆယ်ရေးအဖွဲ့များမှ အဖွဲ့ဝင် စုစုပေါင်း အင်အား ၄၀ ကျော် က သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် လုပ်ကိုင်ခဲ့ကြကြောင်းလည်း သိရသည်။
အဆိုပါ သေဆုံးသူကို ကယ်ဆယ်ရေးအဖွဲ့များမှ ဇွဲကပင်တောင်ခြေသို့ သယ်ဆောင်ခဲ့ပြီး ယင်း၏နေရပ်မြိုင်ကလေးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇွဲကပင်တောင်သည် ကရင်ပြည်နယ် ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင်တည်ရှိကာ ရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေ အမြင့်တွင် တည်ရှိသည်။
#ymg/mt #Local_News #ဇွဲကပင်တောင် #ဘုရားဖူးရန်တက်ရောက်စဉ် #အမျိုးသားတစ်ဦး #အမောဖောက်သေဆုံး
#Yangon_Media_Group
#Local_News
Published_ 1 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖောက်ခွဲမှု ပြုလုပ်ရန် လာသူနှစ်ဦးကို ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၆ နာရီကျော်အချိန်က ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။
လေဆိပ်အဝင်လမ်း၊ ဆယ်မိုင်ကုန်း သံပန်းစစ်ဆေးရေးဂိတ်တွင် Hijet ကားဖြင့်လိုက်ပါလာသည့် အမျိုးသား ၂ ဦးကို လုံခြုံရေးတပ်ဖွဲက မသင်္ကာသဖြင့် စစ်ဆေးရန် ယာဉ်ပေါ်မှဆင်းခိုင်းရာ အဆိုပါအမျိုးသား ၂ ဦးက အပြာရောင်ကျောပိုးအိတ်ကိုပစ်ချပြီး ကားပေါ်မှခုန်ဆင်းထွက်ပြေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ကလိုက်လံဖမ်းဆီးစဉ် အထင်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပစ်ချခဲ့သောအိတ်ကို စစ်ဆေးရာ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး၊ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းသုံးလုံးနှင့် ကော်ဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး စုစုပေါင်းငါးလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။
#ymg/mt #Local_News #Yangon_air_port #ရန်ကုန် #အပြည်ပြည်ဆိုင်ရာလေဆိပ် #မင်္ဂလာဒုံမြို့နယ် #ဖောက်ခွဲမှု #YMG #Yangon_Media_Group
#Local_News
Published 1 March 2023
ရန်ကုန်သို့ သယ်လာသည့် ငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီအချိန် က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့၏ ရရှိထားသော သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ သာစည် ဘက်သို့ မျိုးဝင်းအောင် မောင်းနှင်ပြီး မောင်ကျော်(ခ)ခွန်မောင်ကျော် လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော် ယာဉ်ကို ရှာဖွေခဲ့ကြရာ အထက်ပါအတိုင်း ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တောင်ကြီး မြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မြင့်လွင်(ခ)ကုလားလေး အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါသိမ်းဆည်းရမိစိတ်ကြွရူးသွပ် ဆေးပြားများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက သိရသည်။
#ymg/mt #Local_News #စိတ်ကြွရူးသွပ်ဆေးပြာ #Yangon #YMG
#Yangon_Media_Group
#Asia_News
Published 1 March 2023
အလှပြင်ခွဲစိတ်ပြီး အာဏာပိုင်တွေကို လှည့်ဖျားဖို့ကြိုးစားတာဟာ အရင်ကတည်းက ရှိခဲ့ကြပါတယ်။
အခုလည်း ထိုင်းနိုင်ငံမှ မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးဟာ ကိုရီးယားအမျိုးသားတစ်ဦးကဲ့သို့ ချောမောအောင် မျက်နှာကို ပလတ်စတစ်ခွဲစိတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဒေသတွင်းအာဏာပိုင်များရဲ့ အဆိုအရ 'ဆာဟာရတ်ဆာဝမ်ဂျန်'ဟာ ကိုရီးယားနာမည်'ဆောင်ဂျီမင်'ကို အသုံးပြုပြီး သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။
ကံဆိုးစွာနဲ့ပဲ ပြီးခဲ့တဲ့သီတင်းပတ်က ဘန်ကောက်ရှိ ကွန်ဒိုမီနီယံတစ်ခုမှာ သူ့ကိုဖမ်းမိခဲ့ပြီး အလိမ်ပေါ်သွားခဲ့ပါတယ်။
ဆာဟာရတ်ကို မူးယစ်ဆေးဝါးတရားမဝင် တင်သွင်းမှုဖြင့် တရားစွဲထားပါတယ်။
ထိုထဲမှာ 3,4-methylenedioxy-methamphetamine (MDMA) လည်း ပါဝင်ကာ Ectasy သို့မဟုတ် Molly လို့ခေါ်ဝေါ်ကြပြီး စိတ်ခံစားချက်နဲ့ သိမြင်နိုင်စွမ်းတို့ကို ပြောင်းလဲစေနိုင်ပါတယ်။
နိုက်ကလပ်တွေနဲ့ မူးရူးပျော်ပါးကြတဲ့ ပါတီကပွဲတွေမှာ လူသုံးများတဲ့ ဓာတုဆေးဝါးဖြစ်ပါတယ်။
ရဲတွေက အသက် ၂၅ နှစ်ရှိဆာဟာရတ်ကို ၃ လတိုင် စောင့်ကြည့်နေခဲ့ပါတယ်။
မျက်နှာခွဲစိတ်မှုပြုလုပ်ပြီးနောက် သူ့မျက်နှာ လုံးဝပြောင်းလဲသွားကြောင်း ရဲတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဖမ်းခံရပြီးနောက် သူက ထိုင်းလူမျိုးဖြစ်ရတာ ငြီးငွေ့လာပြီး ဘဝအသစ်စတင်ချင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ရဲတွေက သူ့ရဲ့တည်နေရာရှာဖွေနိုင်ခဲ့ကာ ဘန်ကောက်အတွင်း ရောင်းသူဝယ်သူအမျိုးမျိုးနဲ့ သာမန်အတိုင်း MDMA ရောင်းဝယ်နေစဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဆာဟာရတ်ဟာ ဒါပထမဆုံးဖမ်းမိတာ မဟုတ်ပါဘူး။
အရင်ကလည်း ထောင် ၃ ခါကျဖူးပြီး တစ်ကြိမ်က ကိုယ်ထိလက်ရောက်မှုဖြစ်ပါတယ်။
ထိုစဉ်က သူ့ဆီကနေ Ectasy ဆေး ၂၉၀ နဲ့ ၂ ကီလိုဂရမ်ရှိတဲ့ မူးယစ်ဆေးအရည်တို့ကို တွေ့ရှိခဲ့ပါတယ်။
ထို့နောက် ထိန်းသိမ်းခံရခြင်းကနေ လွတ်မြောက်ခဲ့ကာ သရုပ်မှန်ဖုံးကွယ်ပြီး တိမ်းရှောင်နေခဲ့ပါတယ်။
အဲဒီနောက် မျက်နှာခွဲစိတ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
သူ့ကိုဖမ်းဆီးမိခဲ့ခြင်းအပေါ် ရဲမှူးချုပ်ကြီးက ဘန်ကောက်ရှိ MDMA ကိစ္စကြီးရဲ့ အဓိကရင်းမြစ်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။
"အသက် ၂၅ နှစ်တည်းနဲ့ ဥရောပက MDMA တွေကို တင်သွင်းနေတဲ့ မူးယစ်ရာဇာဖြစ်ပါတယ်၊ နိုင်ငံခြားမှာလည်း နောက်ထပ်တရားခံတွေ ရှိနေဦးမယ်လို့ ယုံကြည်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားဦးမှာပါ" လို့ ပြောကြားသွားပါတယ်။
ဆာဟာရတ်က သူနဲ့ဆက်သွယ်နေတဲ့ လူတွေအကြောင်း မသိရဘူးလို့ဆိုတာကြောင့် မူးယစ်ကွင်းဆက်တစ်ခုလုံးကို မဖော်ထုတ်နိုင်သေးပါဘူး။
ဒါပေမဲ့ တင်သွင်းလာတဲ့ မူးယစ်ဆေးအများစုက နယ်သာလန်ကဖြစ်တယ်ဆိုတာကိုတော့ ရဲတွေထံဝန်ခံခဲ့ပါတယ်။
#Source: WION #Asia_News #ကိုးရီးယား #လူချောတစ်ယောက်
#မျက်နှာပြင်ခွဲစိတ် #မူးယစ်ဆေးရောင်းဝယ်သူ #YMG
#Yangon_Media_Group
Published _28 February 2023
Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ လူ ၇၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
အဆိုပါလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး တို့အား လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်အကောင့်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၂၉ ရက် ည ၇ နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူ သစ်ခွလမ်း၊ အမှတ်(O-178) နေအိမ်၌ TTbet Online Game လောင်းကစားလုပ်ငန်း များလုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မို့မို့စံ(ခ)Yuki ပါ တရားခံ ၉ ဦးအား TTbet Online Game လောင်းကစား ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၅၀ လုံး၊ လက်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-98)ကို ထပ်မံဝင်ရောက်ရှာဖွေရာ Golden Gift(Online ကံစမ်း မဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်နှင့် ကြီးကြပ်လုပ်ကိုင်သူ ထင်အောင်ကျော်(ခ)အယ်လစ် ပါ တရားခံ ၁၉ ဦးတို့အား လက်ကိုင်ဖုန်း ၃၇ လုံး၊ လက်တော့ ၂၅ လုံး၊ မော်နီတာ ၃ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ ကာလာပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
သတင်းဆက်ဖော်ထုတ်ချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်း လမ်းရှိ အိမ်အမှတ်(FG-95)ကို ထပ်မံဝင်ရောက်ရှာဖွေရာ TTbet Online Game လောင်းကစား လုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိမ်းသူနှင့် ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော် ပါ တရားခံ ၁၉ ဦးတို့အား လက်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစား လုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးပြီး စီမံ ခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖုအား ဇန်နဝါရီလ ၃၀ ရက် နံနက် ၂ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂)၌ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်တော့ ၁ လုံး၊ Macbook Air လက်တော့ ၁ လုံး၊ ယာဉ်အမှတ် YGN 6S-8888 Mercedes-Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် တရားခံ ရန်နိုင်ကျော်(ခ)အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application I Cash Now Application ၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း (ခ)အားချန် ပါ ၂၂ ဦးတို့အား လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်တော့ ၅၅ လုံး၊ Desktop ၁ လုံးနှင့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ဖေဖော်ဝါရီလ ၅ ရက်မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ MICTPark ၊ တိုက်အမှတ်(၁၇)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းတွင် Money Bag Application I Cash Now Application | Cola Kyat Application I U Loan Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်အား လက်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစား လုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးပြီး စီမံ ခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖုအား ဇန်နဝါရီလ ၃၀ ရက် နံနက် ၂ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂)၌ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်တော့ ၁ လုံး၊ Macbook Air လက်တော့ ၁ လုံး၊ ယာဉ်အမှတ် YGN 6S-8888 Mercedes-Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် တရားခံ ရန်နိုင်ကျော်(ခ)အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application I Cash Now Application ၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း (ခ)အားချန် ပါ ၂၂ ဦးတို့အား လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်တော့ ၅၅ လုံး၊ Desktop ၁ လုံးနှင့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ဖေဖော်ဝါရီလ ၅ ရက်မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ MICT Park ၊ တိုက်အမှတ်(၁၇)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းတွင် Money Bag Application I Cash Now Application | Cola Kyat Application I U Loan Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်အား လက်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ TTbet Online Game လောင်းကစား လုပ်ငန်း၊ Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)နှင့် Sky Pay Mobile Financial Services Co.,Ltd. 3pm Money Bag Application Cash Now Application Cola Kyat နှင့် U Loan Application များအသုံးပြု၍ တရားမဝင် Online ချေးငွေလုပ်ငန်းတို့အား တရားခံ ရန်နိုင်ကျော်(ခ)အားဖုက ပိုင်ရှင်အဖြစ် စီမံခန့်ခွဲလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး TTbet Online Game လောင်းကစားလုပ်ငန်းအား Telegram မှတစ်ဆင့် သိရှိသူ Yang Song (စိစစ်ဆဲ)နှင့် ချိတ်ဆက်၍ လည်းကောင်း၊ Sky Pay Mobile Financial Services Co.,Ltd. အမည်ခံကာ Money Bag Application | Cash Now Application Cola Kyat & U Loan Application :တရားမဝင် Online ချေးငွေလုပ်ငန်းကို Telegram မှတဆင့်သိရှိသူ Sunny(စိစစ်ဆဲ)နှင့်ချိတ်ဆက်၍ လည်းကောင်း၊ Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)အား အစ်ကိုဖြစ်သူ အောင်ဖုန်းကျော်အား ဦးစီးစေ၍လည်းကောင်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် ကျော်ဆန်းလင်း(ခ)အားချန်သည် မန်နေဂျာအဖြစ် လည်းကောင်း၊ အေးငြိမ်းသူ(ခ)Neo သည် ကြီးကြပ်/စာရင်းကိုင်အဖြစ်လည်းကောင်း၊ မို့မို့စံ(ခ)Yuki နှင့် ကျော်မျိုးအောင်တို့သည် စာရင်းကိုင်များအဖြစ်လည်းကောင်း၊ ထင်အောင်ကျော်(ခ)အယ်လစ် နှင့် စိုင်းသီဟဇော်တို့သည် ကြီးကြပ်သူများအဖြစ်လည်းကောင်း အသီးသီးလုပ်ကိုင်ခဲ့ကြပြီး အခြား ဝန်ထမ်းများခန့်ထားကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရသည်။
ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ် ၁ စီးတို့အား ว ว သိမ်းဆည်းရမိခဲ့ပြီး အမှုမှ တရားခံများ ပြစ်မှုကျုးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့် များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့အား ယာယီတားဆီးထိန်းသိမ်းထားရှိကာ အဆိုပါအကောင့်များအတွင်းရှိ ငွေများအား စိစစ်လျက် ရှိပြီး တရားခံများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
Yangon _Media_Group
Page 1123 of 1928