#Local_News
Published_ 16 March 2023
မတ်လဒုတိယအပတ်ထဲမှာ ပြည်တွင်းရွှေဈေးဆက်တိုက်ဆိုသလို မြင့်တက်နေပြီး မတ်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ၂၈ သိန်းသောင်းဝန်းကျင်အထိပေါက်ဈေးရှိနေပါတယ်။
#Local_News #ပြင်ပရွှေ #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
နွေရာသီကာလ ရပ်ကွက်အချို့မှာ ရေတွင်းတွေခမ်းခြောက်မှု စတင်ဖြစ်ပေါ်လာတဲ့အတွက် သောက်သုံးရေလှူဒါန်းတာတွေ ဆောင်ရွက်ပေးနေရတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက် အကူပြုအဖွဲ့မှ သိရပါတယ်၊၊
#Local_News #Summer #ရေတွင်းခမ်းခြောက်ခြင်း #ရေရှားပါးမှု
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
သင်္ကြန်ကာလအတွင်းမှာ YBS ယာဉ်များ အနေနဲ့ သတ်မှတ်နှုန်းထားထက် ပိုမိုမကောက်ခံဖို့ တိုးမတောင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Local_News #သင်္ကြန်တွင်း #ပိုမိုမကောက်ခံဖို့ #YBS
#YMG #Yangon_Media_Group
#DailyNews
Published_ 16 March 2023
၁။ သင်္ကြန်တွင်းကာလ YBS ယာဉ်များ ယာဉ်စီးခ ပိုမိုမကောက်ခံဖို့ ညွှန်ကြားထားဟုဆို
၂။ နွေရာသီကာလရေတွင်းများ ခမ်းခြောက်ခြင်းနှင့် ရေရှားပါးမှုစတင်ဖြစ်ပေါ်လာ
၃။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးမြင့်တက်
၄။ ဂျပန်နိုင်ငံ၏ ဘူမိအပူစွမ်းအင်စီမံကိန်းအလားအလာကို ရေပူစမ်းလုပ်ငန်းရှင်များ ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 16 March 2023
ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ စီးတီးတက်စီတွေထဲက တက်စီအစီးရေ ၅၀၀ ကို Pilot Project အနေနဲ့ ခေတ်မီတဲ့ စမတ်မီတာစနစ်တပ်ဆင်သွားမှာဖြစ်တယ်လို့ YRTC မှ သိရပါတယ်၊၊
#Local_News #စီးတီးတက်စီ #Smart_Meter
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
ဧရာဝတီတံတား(မကွေး)ရေလမ်း ပြောင်းလဲမည်ဖြစ်ပြီး ရေယာဉ်များအတွက်အစုန်သွားရမည့်ရေလမ်းကြောင်းနှင့် အဆန်သွားရမည့်ရေလမ်းကြောင်းများသီးခြားစီဖြစ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ဧရာဝတီတံတား(မကွေး)ရေလမ်းတွင်ဖြတ်သန်းသွားလာကြသည့် ရေယာဉ်များအနေဖြင့် မူလက ရေလမ်းကြောင်းအဖြစ် ရေလယ်တိုင် အမှတ်(၁၆) မှ(၁၇)ကြားတွင် အစုန်ရောအဆန်ပါ ဖြတ်သန်းသွားလာကြရခြင်းဖြစ်သည်၊၊
မတ်လ(၁၈)ရက်မှစ၍ ရေလမ်းကြောင်းပြောင်းလဲမှုအဖြစ် ရေလယ်တိုင်အမှတ်(၁၆) မှ(၁၇)ကြားတွင် အဆန်ရေယာဉ်များဖြတ်သန်းသွားလာရမည်ဖြစ်ပြီးရေလမ်းကြောင်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇) မှ(၁၈) ကြားတွင်အစုန်ရေယာဉ်များဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်းရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ပြောင်းလဲမည့်ရေလမ်းကြောင်း၏ကင်းလွတ်အကျယ်မှာ (၁၁၀)မီတာရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်၁၇မီတာရှိသည်ဟုဆိုသည်၊၊
ရေယာဉ်များဖြတ်သန်းရမည့်ဝင်ပေါက်ကို နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား၊ညဘက်တွင် မီးစိမ်းပြထားမည်ဖြစ်ပြီး မဖြတ်သန်းရမယ့်နေရာကို အနီရောင် အမှတ်အသား၊ မီးနီပြထားမည်ဖြစ်သည်၊၊
ရေလယ်တိုင် တစ်ဖက်တစ်ချက်မှာ (၁၅)ပေခန့်ထိုးထွက်မှုရှိသည့်အတွက် ရေလယ်တိုင်နှစ်ခုကြားကို ယှဉ်တွဲခုတ်မောင်းခြင်းမပြုရန်၊တွန်းတွဲရေယာဉ်များတစ်တွဲချင်းချိတ်ဆွဲမောင်းနှင်ရန်နှင့် အစုန်ဦးစားပေးပြီး လုံလောက်တဲ့အကွာအဝေးက ချဉ်းကပ်လမ်း ကြောင်းမှန်ဖြင့် မောင်းနှင်ရန်လိုကြောင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတိပေးသည်၊၊
#ymg/tthl #Local_News #ဧရာဝတီတံတား(မကွေး) # အစုန်နှင့်အဆန် #YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲအသီးသီး အတွက် ဂျာမနီနည်းပြ မိုက်ကယ်ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ယခုလ မှ စတင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း၊ လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက်အန်ဒရီတို့နှင့်အတူ တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က သိရသည်။
မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner) မိုက်ကယ်သည် ၁၉၈၉ ခုနှစ်တွင် ဆွစ်ဇာလန် ကလပ် BSC Old Boys Basel နှင့်အတူ နည်းပြဘဝကို စတင်ခဲ့ပြီး ဂျာမနီ၊ ဩစတြီးယား၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ ကလပ်အသင်းများကို တာဝန်ယူခဲ့ကာ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ၁၅၊ ယူ ၁၇ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မှစတင်၍ မလေးရှားကလပ် ဆီလန်ဂေါတွင် နည်းစနစ် ဒါရိုက်တာ၊ နည်းပြချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
မိုက်ကယ်၏ နည်းပြအဖွဲ့သို့ ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးမောင်မောင်မြင့်၊ ဦးကိုကိုအောင် (ဂိုးနည်းပြ)၊ ဦးဇော်လင်းအောင် (ဂိုးနည်းပြ)တို့ကို တွဲဖက်တာဝန်ပေးထားကြောင်း၊မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သတ်မှတ်ရက် (ဖီဖာခြေစမ်းပွဲနေ့)အတွင်း အိန္ဒိယ ဘောလုံးအဖွဲ့ချုပ်ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲများကို သွားရောက် ကစားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြေစမ်းပွဲ ပထမပွဲအဖြစ် အိန္ဒိယလက်ရွေးစင်အသင်းနှင့် မတ်လ ၂၅ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၈ ရက်တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။
အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ကစားသမား (၂၄)ဦး မှာ ဂိုး - ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)၊နောက်တန်း -ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန် ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်) အလယ်တန်း - ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး ၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊၊ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)ရှေ့တန်း - ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန် (Customs United)၊ သန်းပိုင် (Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC) တို့ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရသည်။
#ymg/mt #Local_News #မြန်မာ့လက်ရွေးစင် #ဂျာမနီနည်းပြ #မိုက်ကယ်ဖိုက်တန်ဘိုင်နာ #YMG #Yangon_Media_Group
Page 1109 of 1927