#LocalNews
Published-19 March 2023
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ယနေ့ မတ်လ ၁၉ရက်က အမျိုးသားတစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်ရန် မောင်းနှင်လာသည့် YBS ၂၃ ကားအရှေ့သို့ ပြေးဝင်ခဲ့ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းကသိရသည်။
ယနေ့ ညနေ ၅ နာရီကျော်ခန့်က ဟုမ်းလမ်းနဲ့သဲကွင်းမှတ်တိုင်အကြားတွင်အမျိုးသားက YBS ကားတိုက်ခံရန် ကားရှေ့သို့ပြေးဝင်စဉ် ယာဉ်မောင်း၏ ကျွမ်းကျင်မှုကြောင့် ကားတိုက်မှုမဖြစ်ခဲ့သော်လည်း ခေါင်းကွဲဒဏ်ရာများရရှိ ခဲ့၍ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
"စိတ်ပုံမှန်မဟုတ်တာလား။ ဒါမှမဟုတ် ကားဆရာကို ဒုက္ခပေးတာလား ကာယကံရှင်ပဲသေချာသိမှာပါ"ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ လူမှုကွန်ရက်စာမျက် နှာတွင်ရေးသားထားသည်။
ယင်းအမျိုးသားကကားအရှေ့သို့ ပြေးဝင်ခဲ့သည့် ရုပ်သံတစ်ခုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။အဆိုပါ ရုပ်သံကို ကားတိုက်ခံရန်ကြိုးပမ်းသည့်သူအား မသင်္ကာသဖြင့်အိမ်စီးကား တစ်စီးမောင်းနှင်သူတစ်ဦးက လိုက်ရိုက်ထားခြင်းဖြစ်ကြောင်းလည်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက ရေးသားထားသည်။
#ymg/mt
#Yangon-Media-Group
#LocalNews
Published_ 19 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ ရန်ကုန်ဘူတာကြီးနှင့် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တို့တွင် တည်ဆောက်ကြသည့် EV Charging Station များကို ယနေ့ မတ်လ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပထမဦးဆုံး Charging Station အဖြစ် ရန်ကုန်ဘူတာကြီးတွင် စတင်ဖွင့်လှစ်ခဲ့ကာ ယင်းကို Essential Motors Myanmar ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်း Charging Station ရှိ လျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် Asia Pacitic AutoMaker Corporation က တည်ဆောက်သော သီရိမင်္ဂလာဈေးသစ် မှ EV Charging Station ကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ Charging Station တွင် လျှပ်စစ်ကားများ အားသွင်းမည်ဆိုပါက တစ်ယူနစ်ကို ၄၀၀ ကျပ် ကျသင့်မည်ဖြစ်သောကြောင့် လျှပ်စစ်ကားတစ်စီးအတွက် အားအပြည့်သွင်းမည်ဆိုပါက ၃၂၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းလည်း သိရသည်။
လျှပ်စစ်ကားများအတွက် နောက်ထပ် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် Charging Station များအနက် ကျန်ရှိနေသေးသည့် အလုံသခင်မြပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတို့ မှ Charging Station များကို မနက်ဖြန် မတ်လ ၂၀ ရက်နှင့် ၂၅ ရက်တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လျှပ်စစ်ကား Charging Station ကို နေပြည်တော်၊ သပြေကုန်းဈေး၌ မတ်လ ၄ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 19 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ငွေတီဦး (စာရေးဆရာ)နှင့်အတူ
- "အတိတ်ရဲ့အလွန်"စာအုပ်က ကိုဗစ်ရဲ့အဆိုးဆုံးကာလတွေမှာရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ကြောင်း
စာအုပ်ကိုရေးတဲ့အခါ Attention ဆိုတာထက် Intention ဖြစ်ဖို့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပြီး အခန်း ၂၆ ခန်းပါဝင်တာဖြစ်ပြီး တစ်ခန်းချင်းစီတိုင်းမှာ အသိပညာပေးနိုင်ဖို့ ကြိုးစားရေးဖြစ်ခဲ့တာဖြစ်ကြောင်း
ဆုံးရှုံးမှုတွေ အများကြီးကြားထဲက သမာဓိတစ်ခုကြောင့်သာ စာအုပ်ကိုရေးနိုင်ခဲ့တာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ငွေတီဦး (စာရေးဆရာ) #YMG #Yangon_Media_Group
#Local_News
Published_ 19 March 2023
အိန္ဒိယပညာရှင်တွေနဲ့ ပူးပေါင်းပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံရှေးဟောင်းအဆောက်အအုံ(၅)ဆူကို ရှေးမူမပျက်ပြုပြင်မွမ်းမံတာတွေ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်၊၊
#Local_News #အိန္ဒိယပညာရှင် #ပုဂံရှေးဟောင်းဘုရား(၅)ဆူ
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 19 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ငွေတီဦး (စာရေးဆရာ)နှင့်အတူ
- "အတိတ်ရဲ့အလွန်"စာအုပ်က ကိုဗစ်ရဲ့အဆိုးဆုံးကာလတွေမှာရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ကြောင်း
စာအုပ်ကိုရေးတဲ့အခါ Attention ဆိုတာထက် Intention ဖြစ်ဖို့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပြီး အခန်း ၂၆ ခန်းပါဝင်တာဖြစ်ပြီး တစ်ခန်းချင်းစီတိုင်းမှာ အသိပညာပေးနိုင်ဖို့ ကြိုးစားရေးဖြစ်ခဲ့တာဖြစ်ကြောင်း
ဆုံးရှုံးမှုတွေ အများကြီးကြားထဲက သမာဓိတစ်ခုကြောင့်သာ စာအုပ်ကိုရေးနိုင်ခဲ့တာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ငွေတီဦး (စာရေးဆရာ) #YMG #Yangon_Media_Group
#Local_News
Published_ 19 March 2023
EV တက္ကစီးကားဝယ်ဈေးဟာ သိန်း ၇၀၀ နီးပေမယ့် ဓာတ်ဆီဖိုးအရင်းမရှိတဲ့အတွက် EV တက္ကစီမောင်းသူတွေအဖို့ တွက်ခြေကိုက်မှာဖြစ်တယ်လို့ EV Myanmar Group မှ ကိုကျော်ကျော်ထွန်းက ပြောပါတယ်။
#Local_News #EV တက္ကစီ #ပုံမှန်ဓာတ်ဆီကား #တွက်ခြေကိုက်
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 19 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ငွေတီဦး (စာရေးဆရာ)နှင့်အတူ
- "အတိတ်ရဲ့အလွန်"စာအုပ်က ကိုဗစ်ရဲ့အဆိုးဆုံးကာလတွေမှာရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ကြောင်း
စာအုပ်ကိုရေးတဲ့အခါ Attention ဆိုတာထက် Intention ဖြစ်ဖို့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပြီး အခန်း ၂၆ ခန်းပါဝင်တာဖြစ်ပြီး တစ်ခန်းချင်းစီတိုင်းမှာ အသိပညာပေးနိုင်ဖို့ ကြိုးစားရေးဖြစ်ခဲ့တာဖြစ်ကြောင်း
ဆုံးရှုံးမှုတွေ အများကြီးကြားထဲက သမာဓိတစ်ခုကြောင့်သာ စာအုပ်ကိုရေးနိုင်ခဲ့တာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ငွေတီဦး (စာရေးဆရာ) #YMG #Yangon_Media_Group
Page 1103 of 1927