မြန်မာ့ရေထွက်ကုန်တွေကို အမေရိကန်နိုင်ငံသို့ စဉ်ဆက်မပြတ်တင်ပို့ခွင့်ရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 27 March 2025
#မြန်မာ့ရေထွက်ကုန် #မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
#YMG/NN #Yangon_Times
လာမယ့်သင်္ကြန်ကာလအတွင်း အများပြည်သူလေ့လာအပန်းဖြေနိုင်စေဖို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းက ယဉ်ကျေးမှုဇုန်တွေကို ဖွင့်လှစ်ပေးထားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 27 March 2025
#ယဉ်ကျေးမှုဇုန် #အမျိုးသားပြတိုက်ဦးစီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 27 March 2025
▪️ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပမည့် မဟာသင်္ကြန်နှစ်သစ်အကြိုပွဲတော်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးပူဇော်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
▪️ အဆိုပါ မဟာသင်္ကြန်နှစ်သစ်အကြိုပွဲတော်ကို ဧပြီလ ၉ ရက် မနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအထိ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် မနက် ၈ နာရီခွဲမှ ၁၀ နာရီအထိ ရုပ်ရှင်လောကထဲရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဝါကြီးများကို မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ လက်ဖက်ရည်များကို ကျွေးမွေးလှူဒါန်းခြင်းနှင့်အတူ သက်ကြီးပူဇော်ပွဲကို ကျင်းပမည် ဖြစ်သည်။
▪️ ထို့နောက်မနက် ၁၀ နာရီတွင် ရုပ်ရှင်မိသားစုကလေးများ အတွက် ကစားစရာပစ္စည်းများ မဲဖောက်ပေးခြင်း၊ မနက် ၁၁ နာရီခွဲအချိန်တွင် နေ့လယ်စာကျွေးမွေးခြင်း၊ နေ့လယ် ၁ နာရီအချိန်တွင်မောင်တို့ချယ်ရီမြေ ဇာတ်ကားပြသခြင်း ညနေပိုင်းတွင် ဗလာမပါကံစမ်းမဲဖောက်ခြင်းများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_26 March 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျ ဈေးအတွင်းသို့ မတ်လ ၂၅ ရက်တွင် PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦးအပါ အဝင်အပြစ်မဲ့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေး အတွင်းသို့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီ ခန့်တွင် PDF များက ဥသျှစ်ကန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် ဈေးအ တွင်း ဈေးရောင်းနေသည့် အမျိုး သမီး ၄ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့၍အဆိုပါထိခိုက်ဒဏ်ရာရရှိသူများ အား ရွှေဘိုမြို့ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ဆေးကုသ မှုခံယူစေလျက်ရှိကြောင်း သိရသည်။
▪️ ယင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Yangon_Times/PP
#Daily_News
Published 26 March 2025
၁။ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါးသင်္ကြန် ထည့်သွင်းကျင်းပမည်
၂။ ရန်ကုန်တိုင်း၌ ပဲမျိုးစုံ ဧကငါးသိန်းခန့်အထိ စိုက်ပျိုးထား
၃။ တစ်နှစ်အတွင်း ကျွမ်းကျင်လုပ်သားပေါင်း သုံးသောင်းခန့်အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့
၄။ တရုတ်ကားဈေးကွက်၌ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် BMW စီအီးအိုပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံမှ ယွန်းထည်၊ ဝါးအနုပညာ၊ ဝါးဒီဇိုင်းနဲ့ ဆောက်လုပ်ရေး၊ ချည်ထုတ်ကုန်အစရှိတာတွေကို STYLE Bangkok 2025 ပြပွဲမှာ ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။
#Local_News
Published 26 March 2025
#ဝါးထုတ်ကုန် #STYLE_Bangkok_2025
#YMG/SW #Yangon_Times
#Local_News
Published 26 March 2025
▪️ ညောင်ဦးမြို့ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သော မနုဟာဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ကြောင်း မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
▪️ ထိုသို့ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် မနုဟာဘုရားကြီး ထီးတော်နှင့်အရံစေတီများကိုကပ်လှူပူဇော်သွားမည် ဖြစ်ရာမနုဟာဘုရားကြီး ထီတော်နှင့်အရံစေတီ ၂၇ ဆူရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မင်းညိုက မနုဟာဘုရားကြီးရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်လေမိုက်တင်ဒါခေါ်ယူနိုင်ရေး လေလံစည်းကမ်းချက်များနှင့်အညီ နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့် အညီခေါ်ယူနိုင်ရေးနှင့်သတ်မှတ်ရက် အတွင်းပြီးစီးနိုင်ရေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 12 of 1961