#Local_News
Published 8 October 2024
▪️ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို အောက်တိုဘာ(၁၆)ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
▪️ ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသူများအတွက် ကျောင်းသုံးနှင့်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများရောင်းချပေးမည့်ဆိုင်ခန်းများစွာပါဝင်မည် ဖြစ်သည်။
▪️ ပွဲတော်ကိုသီတင်းကျွတ်ကျောင်းပိတ်ရက် ဖြစ်သည့် အောက်တိုဘာ(၁၆)ရက်ကနေ(၂၀)ရက်အထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
▪️ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် နွဲပျော်ကြမည့်အစီအစဉ် ဈေးရောင်းပွဲတော်တွင် Glory Talents & Models Agency ၏ အဆိုရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
ရေဘေးသင့်ဒေသတွေမှာ ထိခိုက်/ပျက်စီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တောင်သူလယ်သမားတွေအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ ကျပ်သိန်းပေါင်း ၁၇၅၀၀ ပါဝင်ကူညီ ဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားပါတယ်။
#Local_News
Published 8 October 2024
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #တောင်သူလယ်သမား
#YMG/NN #Yangon_Times
အောက်တိုဘာလအတွက် ပြည်ပပို့ဆန်ကြမ်းရည်ညွှန်းဈေး အနည်းငယ်တက်လာတယ်လို့ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။
#Local_News
Published 8 October 2024
#ပြည်ပပို့ဆန်ကြမ်း #ရည်ညွှန်းဈေးတက်
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့မှာ စပါးသစ်စတင်ထွက်ရှိခာချိန်မှာဈေးကောင်းရရှိနေပေမယ့်လည်းတွက်ခြေကိုက်မှုနည်းပါးနေတယ်လို့ တောင်သူဘဝ ဖွံ့ဖြိုးရေးအသင်းက သိရပါတယ်။
#Local_News
Published 8 October 2024
#စပါးသစ်ထွက် #တွက်ခြေကိုက်မှုနည်းပါး
#YMG/NN #Yangon_Times
ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပဲကြော်ပဲလှော်ဖို (၄၈)ဖိုရှိပြီးပဲလှော်ဖို(၁၈)ဖို ပြန်လည်ပြုပြင်နေပြီး ပြုပြင်ထားတဲ့ ပဲလှော်ဖိုတွေအနက် ပဲလှော်ဖို(၁၀)ဖိုမှာ လုပ်ငန်းတွေ စတင်လည်ပတ်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 8 October 2024
#ရေမြုပ်ပျက်စီး #ပဲကြော်ပဲလှော်ဖို
#YMG/tthl #Yangon_Times
အခု၂၀၂၄ခုနှစ်မှာ ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော် ပြန်လည်ကျင်းပမယ်လို့ မကြားမိသေးဘူးလို့ ပွဲတော်ဆိုင်ခန်းစီစဉ်ရေးမှာပါဝင်သူတစ်ဦးထံမှ သိရပါတယ်။
#Local_News
Published 8 October 2024
#ရေကျော်သီတင်းကျွတ်မီးထွန်းပွဲ #ပွဲတော်မကျင်းပ
#YMG/tthl #Yangon_Times
#Local_News
Published 8 October 2024
▪️ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူလမ်းထောင့်ရှိ ဘိုးဘွားရိပ်သာ၌ မီးလောင်မှု တစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၈ ရက်နေ့၊ မနက် ၁၀နာရီ ၂၅မိနစ် အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းနှင့် သိမ်ဖြူလမ်းထောင့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ "လူအိုရုံ ၊ဘိုးဘွားရိပ်သာ အပေါ် solar တပ်ထားတဲ့ နေရာ မီးအနည်းငယ်လောင်ဝာာပါ ၊ မိနစ်ပိုင်းအတွင်း မီးငြိမ်းပါပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ငြိမ်းသတ်ခဲ့ရာ၁၀နာရီ ၃၃ မိနစ်အချိန် ၌ မီးငြိမ်း ခဲ့ကြောင်း ၊မီးလောင်မှူ ဖြစ်စဉ်မှာ ဘိုးဘွားရိပ်သာအမိုးပေါ်တွင် တပ်ဆင်ထားသော Solar ပြား အနည်းငယ်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 110 of 1867