#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-ကျန်းမာရေးအတွက် ရေဟာ ဘယ်လောက်အရေးကြီးပါသလဲ??
#YMG#Yangon_Media_Group
#Local_News
Published_ 25 March 2023
ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့အနီးတွင် မတ်လ(၂၅)ရက်နေ့လည်ပိုင်းက အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် မတ်လ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၁)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကြံခင်းမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းဖော်ပြထားသည်၊၊
အခုလပိုင်းအတွင်းစစ်ကိုင်းတိုင်းအပါအဝင် ဒေသအချို့တွင်မြေငလျင်ငယ်များ၊မြေငလျင်လတ်များ မကြာခဏလှုပ်ခတ်လေ့ရှိပြီး ပြတ်ရွေ့ကြောပေါ်ရှိဒေသများ၌တစ်ကျော့ပြန်ငလျင်ကြီးများလည်းလှုပ် ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊တာဝန်ရှိသူများထံမှသိရသည်၊၊
ymg/tthl
Yangon_Media_Group
#LocalNews
Published_ 25 March 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၂၄ ရက်နံနက်က အိမ်စီးကားတိုင်းရော့ဒ်ပြုတ်ထွက်၍ လမ်းဘေးရှိ ယူကစ်ပင်အား ဝင်တိုက်မိခဲ့သည်ဟု အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၈/၆ နှင့် ၁၆၈/၇ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် CLAZ(အဖြူရောင်)အိမ်စီးကား မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦးလိုက်ပါလာသည့် အိမ်စီးကားသည် အခင်းဖြစ်နေရာ၌ ရှေ့မှသွားနေသည့်ကားအားကျော်တက်စဉ် ရှေ့ညာဘက်တိုက်လော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းရှိ ယူလစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား နေပြည်တော်ကုတင်(၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူအား သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 25 March 2023
မတ်လ ၃၁ နေ့နောက်ဆုံးထားကာဖေါင်းကြွနံပါတ်ပြားတွေပြောင်းလဲတပ်ဆင်ဖို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကနည) ကထုတ်ပြန်ထားသည်။
ဖောင်းကြွနံပါတ်ပြားကို ပိုင်ရှင်ကိုယ်တိုင်လျောက်ထားပါကကျပ် ၉၀၀၀ ပဲကျသင့်မယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကနည) က ဆိုသည် ။
ပွဲစားတွေနဲ့မလုပ်ဘဲ ဖောင်းကြွနံပါတ်ပြား အသစ်လဲလှယ်လိုသူတွေအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ စိတ်ချယုံကြည်ရသူ ဆွေမျိုးသားချင်း တပည့်မြေးတစ်ဦးဦးကိုဖြစ်စေ ယာဉ်မှတ်ပုံတင် စာအုပ် သက်သေခံ လက်မှတ်တို့တကွ စေလွှတ်ဆောင်ရွက်မည်ဆိုပါကဖောင်းကြွနံပါတ်ပြားဖိုး ကျပ် ၉၀၀၀ သာ ကျသင့်မယ်လို့သိရသည်။
ပိုင်ရှင်ကိုယ်တိုင် လာရောက်သူတွေအတွက် သီးသန့်ကောင်တာဖွင့်ထားကြောင်းထုတ်ပြန်ထားသည်။
လူမှုကွန်ယက်တွေမှာ တရားမဝင် ကြေညာဆောင်ရွက်နေတဲ့ အကျိုးဆောင် ပွဲစားတွေနဲ့လည်း မလုပ်ကြရန်ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 25 March 2023
ထိုင်း မြန်မာနယ်စပ်ချစ်ကြည်ရေးတံတားကို ကိုဗစ်ကာသုံးနှစ်ကျော်ကြာပိတ်ထားပြီး ၂၀၂၃ ခုနှစ်ဇန်နဝါရီလမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်သည်။ယခုမနက်တိုက်ပွဲဖြစ်ပွားမးကြောင့် အဆိုပါချစ်ကြည်ရေးတံတားကို ယာယီပြန်ပိတ်ထားကြောင်း ဒေသခံများက YMG ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားမူကြောင့် မြဝတီ မြို့တွင်းမှ အာရှလမ်းမကြီးကို ယာဉ်သွားလာမူပိတ်ထားပြီး လူနေရပ်ကွက်အတွင်းမှတစ်ဆင့် သွားလာနေကြကြောင်း ဒေသခံများရဲ့ပြောကြားချက်အရသိရသည်။
ယနေ့ နံနက် (၆) နာရီဝန်းကျင်အချိန်မှ စတင်ကာ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင် ရဲစခန်းအနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး မြဝတီမြို့ပေါ်ရပ်ကွက်အချို့ရှိ လမ်းများပါ ပိတ်ထားကြောင်း မြဝတီမြို့ခံအချို့က ပြောသည်။တိုက်ပွဲကြောင့် မြဝတီ - ကော့ကရိတ်လမ်းပိုင်းတွင်လည်း မိုင်းထောင်ဖောက်ခွဲမှုကြောင့် လမ်းပိုင်းနေရာအချို့တွင် ပျက်စီးမှုများရှိကြောင်း သိရသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 25 March 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ဂျီဒီပီ ၃ ဒသမ ၄ ရာခိုင်နှုန်းသို့တိုးတက်လာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မတ်လ ၂၄ ရက်က ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်ရာတွင် ယင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ် - ၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံ့စီးပွားရေး တဖြည်းဖြည်းကျဆင်းလာခဲ့ရာ၂၀၂၀- ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် တွင် နိုင်ငံ၏ ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ မတ်လအထိ ပထမခြောက်လပတ် ကာလတွင် နိုင်ငံ၏ဂျီဒီပီမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကာ အနုတ် ၅ ဒသမအ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့တိုးတက်လာခဲ့ပြီး ဆက်လက်ပြီးတိုးတက်မှုများရှိမည်ဟု ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ခန့်မှန်းထားကြကြောင်းလည်း ၎င်းကပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေး ပေါ်ကြေညာပြီး တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင် သည့် အချို့သောပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ချို့က အစိုးရ၏အုပ်ချုပ်မှု ယန္တရားနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ကြသည့်အတွက် ထိခိုက်ပြိုလဲမှုများ မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ် ခဲ့ကြောင်း ယင်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊အများစုမှာ စပါးကိုစိုက်ပျိုးကြပြီး မိုးစပါး စိုက်ဧကမှာ ၁၅ သန်းခန့်ရှိပြီး နွေစပါးစိုက်ဧကမှာ ၃ သန်းခန့်ရှိပြီး မိုးစပါးစိုက်ဧက ၁၅ သန်းတွင် လယ် ၁၃ ဒသမ ၂ သန်းကျော်ရှိကြောင်း၊ ကျန်စိုက်ပျိုးမှုများမှာ ယာ၊ တောင်ယာ၊ အခြားမြေများဖြစ်ရာ ယင်း ၁၃ ဒသမ ၂ သန်းအနက် တစ်သီးသာ စိုက်သည့်မြေ ဧက ၅ သန်းခန့်ရှိနေကြာင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 25 March 2023
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်နောက်ထပ် စီးပွားရေးအရေးယူပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီတစ်ခါမှာ မြန်မာ့တပ်မတော်ကို ဂျက်လောင်စာဆီ ပေးသွင်းနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
အဲဒီအရေးယူမှုမှာ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီ (၆)ခုပါရှိတယ်လို့လည်း သတင်းကဆိုပါတယ်။
အဲဒီကုမ္ပဏီတွေက Asia Sun Group ၊ Asia Sun Trading Co. Ltd၊ Cargo Link Petroleum Logistics Co. Ltd ၊ Star Sapphire Group of Companies ၊ Star Sapphire Trading Company Limited နှင့် STAR SAPPHIRE GROUP PTE. LTD.တို့ဖြစ်ကြပါတယ်။ လူပုဂ္ဂိုလ်နှစ်ဦးကတော့ ဦးထွန်းမင်းလတ်နှင့်ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ကြတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ယခုအရေးယူပိတ်ဆို့မှုဟာ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေများစွာထဲက နောက်ဆုံးချမှတ်မှုဖြစ်ပါတယ်။
အရေးယူပိတ်ဆို့မှုတွေရှိနေသော်ငြားလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာနေတယ်လို့ နစက,က ပြောဆိုနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ အနှုတ်၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင်မြန်မာ့စီးပွားရေးသည် ၃ ဒသမ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက မတ်၂၄ ရက်နေ့ကကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
-ymg/knl
#မြန်မာနိုင်ငံအပေါ်အမေရိကန်ကစီးပွားရေးပိတ်ဆို့ကန့်သတ်မှုအသစ်ထပ်လုပ်
#မြန်မာစီးပွားရေးတိုးတက်
#YangonMediaGroup
Page 1088 of 1926