#LocalNews
Published_ 28 March 2023
ရန်ကုန်မြစ်တွင်းပြေးဆွဲနေတဲ့သဗ္ဗာန်တွေအနေနဲ့ သင်္ကြန်ကာလမှာ ပုံမှန်ပြေးဆွဲပေးမှာဖြစ်ပြီး သဗ္ဗာန်မောင်းနှင်သူတွေကိုအလှည့်ကျပုံစံနဲ့သင်္ကြန်ပိတ်ရက်တွေမှာနားခွင့်ပေးထားတယ်လို့ သဗ္ဗာန်ပြေးဆွဲသူတွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 28March 2023
သင်္ကြန်တွင်း ရေကစားပစ္စည်းများ ဈေးကွက်ထဲမှာရောင်းအား ကောင်းနေပေမယ့် ပစ္စည်းပြတ်နေတယ်လို ရန်ကုန်မြို ၂၄လမ်းရှိ ရေကစ္စည်းအရောင်းဆိုင်တွေကိုမေးမြန်းချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
သင်္ကြန်ကာလမှာ ရန်ကုန်နဲ့အနီးဆုံးနေရာဖြစ်တဲ့ လှည်းကူးမြို့နယ်ထဲက သူဌေးကျွန်း Resortနဲ့အခြားResortတွေကို လာရောက်မယ့်သူတွေပိုများလာနိုင်တယ်လို့ လှည်းကူးမြို့နယ်၊ခရီးသွားလမ်းညွှန်တွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 28 March 2023
၁။သင်္ကြန်ကာလအတွင်းရန်ကုန်နှင့်အနီးဆုံးဖြစ်သည့်လှည်းကူးရှိသူဌေးကျွန်းနှင့်Resortများသို့လာရောက်လည်ပတ်မည့်သူပိုများလာနိုင်
၂။သင်္ကြန်ရေကစားပစ္စည်းများဝယ်သူများပေမယ့် ပစ္စည်းရှားပါးနေ
၃။ ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှအားကောင်းပြီးမုန်တိုင်းငယ်ဖြစ်နိုင်၊နွေကာလမိုးဆက်ရွာဦးမည်
၄။တရုတ်ဂြိုဟ်တုစနစ်နှင့်အပြန်အလှန်ချိတ်ဆက်နိုင်မည့် P60 စီးရီးစမတ်ဖုန်းအသစ်များအားဟွာဝေးမိတ်ဆက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 28March 2023
ကျုံးဒိုး၊ကော့ကရိတ်၊မြဝတီအာရှလမ်းမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ခရီးသည်မော်တော်ယာဉ်တချို့ ထီလုံ၊နဘူး၊ထိုကော်ကုန်းကျေးရွာများကနေ မော်တော်ယာဉ်များသွားလာနေရကြောင်းဒေသခံ များရဲ့ပြောပြချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 28 March 2023
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုမြို့၊ရွှေဘို ကားကွင်းအနီး ယနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် လူ၂၀ဒဏ်ရာရသည့်အထဲက တစ်ဦးသေဆုံးသွားပြီး ၆ ဦးမှာ စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရွှေဘိုခရိုင် က သိရသည်။
"ရွှေဘိုကားကြီးကွင်းအနီးတံတားပေါ်မှာ မိုင်းကွဲပြီးကလေးငယ်တစ်ဦးအပါဝင် ထိခိုက်သူတွေ ရှိတယ်လို့ ဖုန်းဆက်အကူညီတောင်းခံတာကြောင့် မြန်မာနိုင်ငံ Rescueလူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်က ထွက်ခွာပြီးလူနာတွေကို ကူညီပြီးတဲ့ အချိန် ကားကြီးကွင်းမြောက်ဘတ် လမ်းပေါ်မှာ တွင် ဒုတိယအကြိမ်ထပ်မံ မိုင်းကွဲတာကြောင့် နှစ်ခုပေါင်း လူနာအရေတွက် အယောက် ၂၀ ကို လူနာတင်ယာဉ် ၃ စီးထောက်ကူပြုယာဉ် ၁ စီးနဲ့ ရွှေဘိုဆေးရုံကြီးOPDကို ပို့ခဲ့တယ်။ကလေးငယ် ၂ ယောက်အပါဝင် အမျိုးသား ၁၂ ယောက် ၊ အမျိုးသမီးလူနာ ၈ ယောက် ဒဏ်ရာ ရတဲ့အထဲက အနီရောင်အဆင့်(စိုးရိမ်ရ) ၇ ယောက် ရှိတယ်၊အဲဒီထဲမှာ ၆ ယောက်ကို မန္တလေးဆေးရုံကို လွဲပြောင်းပေးခဲ့တယ်။ ဆေးရုံရောက်တော့ တစ်ယောက် သေဆုံး ခဲ့တယ်။သေဆုံးတာက အမျိုးသားပါ၊မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပါပြီ"ဟု အဆိုပါ အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပေါက်ကွဲမှု ဖြစ်သည့်အတွက် ဒဏ်ရာ ရရှိသွားသူ၊သေဆုံးသူနှင့် စိုးရိမ်ရသူများမှာ လမ်းသွားလမ်းလာ အရပ်သား ခရီးသည်များ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1082 of 1926