#Local_News
Published 30 March 2023
မြဝတီကော့ကရိတ် အာရှလမ်းမကြီးကို မတ်လ ၃၀ ရက်နေ့မနက်ပိုင်းက ခေတ္တပြန်လည်ဖွင့်လှစ်ပေးလိုက်ပေမယ့် နာရီပိုင်းအတွင်းမှာပဲယာဉ်အသွားအလာ ပြန်လည်ပိတ်ဆို့လိုက်ကြောင်း ခရီးသွားပြည်သူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
#မြဝတီ #ကော့ကရိတ်အာရှလမ်း
#YMG #Yangon_Media_Group
#Local_News
Published 30 March 2023
မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်း မဂ်လာဒုံမြို့နယ်တွင် Taxi ငှားစီးသူ လူ၅ ဦး က ယာဉ်မောင်းကို ဓားဖြင့် ခြိမ်းခြောက်ပြီး ကားကိုလုယူထွက်ပြေးသွားတယ်လို့ အလုခံရသူ Taxi ယာဉ်မောင်းက YMG ကိုပြောပါတယ်။
#ရန်ကုန်တိုင်း #မဂ်လာဒုံမြို့နယ် #ကားလုယူမှုဖြစ်ပွား
#YMG #Yangon_Media_Group
#Local_News
Published 30 March 2023
သင်္ကြန်တွင်းမှာ အဝေးပြေးယာဉ်တွေ ပြေးဆွဲပေးမှာဖြစ်ပေမယ့် နယ်ကိုပစ္စည်းပို့ဆောင်ပေးတာတွေ ယာယီရပ်နားထားမှာဖြစ်တယ်လို့ အောင်မင်္ဂလာအဝေးပြေးဂိတ်မှ သိရပါတယ်၊၊
# သင်္ကြန်း #အဝေးပြေး #ပစ္စည်းပို့ဆောင်မှု
#YMG #Yangon_Media_Group
#Daily_News
Published 30 March 2023
၁။သင်္ကြန်တွင်းတွင် အဝေးယာဉ်များ ပြေးဆွဲမည်ဖြစ်သော်လည်း နယ်ကိုပစ္စည်းပို့ဆောင်မှု ယာယီရပ်နားထားမည်ဟုဆို
၂။မဂ်လာဒုံမြို့နယ်တွေ Taxi ယာဉ်မောင်းကိုဓားဖြင့်မွှမ်းပြီး ကားလုယူမှုဖြစ်ပွား
၃။ မြဝတီ ကော့ကရိတ်အာရှလမ်းဖြတ်သန်းခွင့် ခေတ္တခွင့်ပြုလိုက်သော်လည်း နာရီပိုင်းအတွင်းပြန်ပိတ်
၄။သူ၏ ဧရာမမှင်စာရုပ်တုကြီးကို ရှာပုံတော်ဖွင့်ခိုင်းလိုက်သည့် ဒိန်းမတ်လက်မှုပညာရှင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published 30 March 2023
လာမယ့် ၂၀၂၃-၂၀၂၄ ကြံရာသီမှာ ပြည်တွင်းသကြားစက်တွေက ကြံတစ်တန်ကို ကျပ် တစ်သိန်းအထိ တိုးမြှင့်ပေးဝယ်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှု သိရပါတယ်။
#ကြံဈေး #သကြားစက်ရုံများ
#YMG #Yangon_Media_Group
#LocalNews
Published 30 March 2023
၂၀၂၂-၂၀၂၃ ခုနှစ်၏ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဇန်နဝါရီလအထိ ကိုးလတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၉၄ ဘီလီယံ ပို့ကုန်ဝင်ငွေရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၅ ဒသမ ၀၃ ဘီလီယံရရှိထားကြောင်း သိရသည်။
ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၂ ဒသမ ၅၉ ဘီလီယံရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံရရှိထားခြင်းဖြစ်သည်။
ပင်လယ်ရေကြောင်းမှ ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တရုတ်၊ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ရေကြောင်းဖြင့်တင်ပို့ခြင်းတွင် ပို့လိုသည့်မည်သည့်နိုင်ငံကိုမဆိုပို့နိုင်ခြင်း၊ စရိတ်သက်သာပြီး ကုန်များများတင်ပို့နိုင်ခြင်း စသည့်အားသာချက်များကြောင့် ကုန်သည်များက ရေကြောင်းကုန်သွယ်မှုကိုပိုမိုလုပ်ဆောင်ကြခြင်းဖြစ်သည်။
ymg/ppk
#ပင်လယ်ရေကြောင်း #ကုန်သွယ်မှု
#YMG #Yangon-Media-Group
#LocalNews
Published 30 March 2023
ထိုင်းနိုင်ငံသို့ လာရောက်ရန် ဗီဇာကြိုတင်လျှောက် ထားစရာမလိုပဲ ဝင်ရောက်ခွင့်Visa Free (၄၅) ရက်ပေးထားရာမှ ယခုဧပြီလ (၁) ရက်မှစ၍ အခမဲ့ဗီဇာ (Visa Free) (၁၄) ရက်သာနေထိုင်နိုင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့အတွင်း လာရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့် ပတ်သက်၍ အခမဲ့ဗီဇာ (Visa Free) သဘောတူညီမှုရရှိထားသော နိုင်ငံသားများ (မြန်မာနိုင်ငံအပါအဝင်) သည် ၄၅ ရက်အထိ နေထိုင်နိုင်ပြီး ၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများသည် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ကြောင်း၊၊
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာနိုင်ကြောင်း အသိပေးထားသည်၊၊
ymg/tthl
#ထိုင်းနိုင်ငံ #Visa Free
#YMG #Yangon_Media_Group
Page 1078 of 1926