#Local_News
Published_ 31 March 2023
သင်္ကြန်တွင်း ပိတ်ရက်ရှည်ကာလတွေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပခရီးစဉ်တွေအဖြစ်အိန္ဒိယ၊ ထိုင်းနဲ့စင်ကာပူနိုင်ငံတို့ကို အများဆုံးသွားရောက်လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #ပြည်ပခရီးစဉ် #အိန္ဒိယ #ထိုင်းနှင့်စင်ကာပူ #YMG#Yangon_Media_Group
#Local_News
Published_ 31 March 2023
မကွေးတိုင်း၊ သရက်မြို့ ရုံးရပ်ကွက်ရှိ ဇက်ဆိပ်တွင် မတ် ၃၀ ရက်(ယနေ့)နံနက်က အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရပါတယ်။
#Local_News #သရက်မြို့ #အမျိုးသားတစ်ဦး #ရေနစ်သေဆုံး
#YMG#Yangon_Media_Group
#Local_News
Published_ 31 March 2023
မတ်လ ဒုတိယအပတ်ထဲမှာ ဈေးမြင့်တက်လာတဲ့ ရွှေဈေးလက်ရှိအချိန်အထိ ၂၉ သိန်းအထက်မှာပဲရှိနေသေးတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်းဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက YMG ကို ပြောပါတယ်။
#Local_News #ရွှေဈေးကျဆင်း #Gold #အရောင်းဝယ်မရှိ
#YMG#Yangon_Media_Group
#Local_News
Published 31 March 2023
ဧပြီလဆန်းပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News
#ဧပြီလဆန်း #မိုးရွာခြင်း #မိုးကြိုးပစ်ခြင်း #မိုးသီးကြွေခြင်း
#YMG#Yangon_Media_Group
#Daily_News
Published_ 31 March 2023
၁။ဧပြီလဆန်းတွင်အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်မည်
၂။ရွှေဈေးကျဆင်းမှာကို စောင့်နေသည့်အတွက် ဈေးကွက်ထဲအရောင်းဝယ်မရှိသလောက်ဖြစ်နေ
၃။ သရက်မြို့ရှိ ဇက်ဆိပ်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး
၄။ကန္တာရများထဲတွင် ကမ္ဘာ့အကြီးဆုံးလေစွမ်းအင်နှင့် ဆိုလာစွမ်းအင်ဓာတ်အားစခန်းကြီး တရုတ်တွင်ဆောက်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 31 March 2023
မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီလမ်းမှယာဉ်သွားလာမှုတွေကို ပိတ်ဆို့ထားတာဖြစ်ပါပြီး မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းကနေလက်ရှိအချိန်အထိတော့ ယာဉ်သွားလာမှုတွေ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီးလို့ အလင်းသစ်မြဝတီပရဟိတအသင်း တာဝန်ခံက ပြောပါတယ်။
#Local_News #ခေတ္တပိတ် #မြဝတီအာရှလမ်းမကြီး
#YMG#Yangon_Media_Group
#Local_News
Published_ 31 March 2023
မော်လမြိုင်မြို့နယ်မှာ ကားနဲ့ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ၂ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့(မော်လမြိုင်)ထံက သိရသည်။
မတ်လ ၃၀ရက်နေ့ ညနေပိုင်းအချိန်က မော်လမြိုင်မြို့ အုတ်ဖိုလမ်းမကြီးမှာ ကားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ အသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
"ရပ်ထားတဲ့ ရေသန့်ပို့တဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိတာ၊ ဆိုင်ကယ်မောင်းတဲ့ကောင်လေးကတော့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်၊ ကလေးကတော့ ဆေးရုံပို့ရင်း လမ်းမှာသေဆုံးသွားတာပါ"လို့ အသင်းက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကလေးငယ်တစ်ဦးသည် ဦးခေါင်းထိခိုက်လက်ထိခိုက်(အနီရောင်အဆင့်)ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူသည် နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးလူနာတစ်ဦးနဲ့ ကလေးငယ်တို့ကို မော်လမြိုင်ဆေးရုံကြီးသို့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/ppk #Local_News #မော်လမြိုင် #ကားနဲ့ဆိုင်ကယ်တိုက်မိ
#YMG #Yangon_Media_Group
Page 1075 of 1925