#Local_News
Published_ 6 April 2023
ကမ္ဘာ့ရွှေဈေး နူန်းဟာ ဧပြီလ ၅ရက်နေ့နဲ့၆ရက်နေ့တွေမှဈေးပြန်တက်လာပြီး ဒီနေ့မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၁၁ ဒေါ်လာပေါက်ဈေးရှိနေတယ်လို ရန်ကုန်တိုင်းရွှေအသင်းကသိရပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် သူတွေအနေနဲ့ မသမာတဲ့ ဘာသာစကားသင်တန်းကျောင်းတွေ နဲ့ ပွဲစားတွေကို သတိထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ အခုရက်ပိုင်းအတွင်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #မသမာသောဘာသာစကားသင်တန်း #ကာလရှည်နေထိုင်ခွင့်ဗီဇာ #YMG #Yangon_Media_Group
#Daily_News
Published_ 6 April 2023
၁။မသမာသော ဘာသာစကားသင်တန်းကျောင်းများ နှင့် ပွဲစားများကြောင့် ဂျပန်တွင် ကာလရှည်နေထိုင်ခွင့် ဗီဇာရရှိမည့်အခွင့်အရေးများ ဆုံးရှုးနေ
၂။ကမ္ဘာ့ရွှေစျေး ၂၀၁၁ဒေါ်လာ ပေါက်စျေးရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်စျေး ၂၃သိန်း ကျော်စျေးရှိနေ
၃။မြဝတီမြို့ စစ်ဘေးရှောင်စခန်းများတွင် အလှူရှင်များနည်းပါးတာကြောင့် အခက်အခဲဖြစ်နေ
၄။ကိုလံဘီယာလက်မှုပညာရှင်မှ စွန့်ပစ်တာယာများဖြင့် ပန်းပုရုပ်တုများ ဖန်တီးကာ ပြတိုက်တွင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 6 April 2023
၂၀၂၃ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှ ပို့ကုန် သွင်းကုန် ပမာဏ ယွမ် ၂ ဘီလီယံကျော် ကုန်သွယ်ခဲ့တယ်လို့ မြန်မာရှိ တရုတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
#Local_News #တရုတ်-မြန်မာနယ်စပ် #ပို့ကုန်သွင်းကုန် # YMG #Yangon_Media_Group
Published 6 April 2023
လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
အဆိုပါအခမ်းအနားကို ဧပြီလ(၅)ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ခဲ့ရာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ရာမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။
“လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါတယ်၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေဟာ အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိပတ်ဝန်းကျင်အသိုက်အဝန်းနှင့် ဆက်ဆံရေးအစရှိသည့် ဆက်ဆံ ရေးအမျိုးမျိုးပါဝင်ကြပါတယ်။ အဲသလို ဆောင်ရွက်ရာမှာ နိုင်ငံတကာ၌လည်း ပြည်သူ့ဆက်ဆံရေး လုပ်ငန်းနယ်ပယ်များအနက် မီဒီယာဆက်ဆံရေးကို တွင်ကျယ်စွာ အသုံးချဆောင်ရွက်နေသည်ကို တွေ့ရှိရပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ ဟန်ချက်ညီရန် အရေးကြီးတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
မြဝတီရုပ်မြင်သံကြားဟာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၃၅ မြို့၌ ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးနိုင်ခဲ့ပြီး မြို့ပေါင်း ၁၄၅ မြို့၌ မြဝတီရုပ်မြင်သံကြား ဒစ်ဂျစ် တယ်လိုင်းများကို ကြည့်ရှုနိုင်ကြပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခမ်းအနားမှာ နစက ဥက္ကဋ္ဌက မြဝတီရုပ်မြင်သံကြားမှ အရာရှိ၊ စစ်သည်၊ ဝန်ထမ်းမိသားစုများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဗိုလ်ချူပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြတယ်လို့သိရှိရပါတယ်။
-ymg/knl
#မြဝတီရုပ်မြင်သံကြား ၂၈နှစ်မြောက်နှစ်ပတ်လည်
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup
#Local_News
Published_ 6 April 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၂၂ မှ ၂၀၂၇ ခုနှစ် အထိ ငါးနှစ်စာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့်ဆန်များ အောင်မြင်စွာတင်ပို့ပြီးစီးခဲ့တဲ့ အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဧပြီ ၅ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပစဉ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတိုအကြား G to G စနစ်ဖြင့် ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပထမအကြိမ် ဆန်တန်ချိန် တစ်သိန်းကို ၂၀၁၇ ခုနှစ်၊ ဒုတိယအကြိမ် ဆန်တန်ချိန် တစ်သိန်းကို ၂၀၂၁ခုနှစ်တွင်အောင်မြင်စွာတင်ပို့ရောင်းချ နိုင်ခဲ့ကာ ယခုတတိယအကြိမ် ဆန်တန်ချိန်နှစ်သိန်း တင်ပို့နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကအသင်းအဖွဲများ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်နိုင်ဦးက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ရေး လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်စေရေးအတွက် နစကအနေဖြင့် ပိုကုန်ထောက်ပံ့ငွေအဖြစ် ယခင်နှစ်တွင် ငွေကျပ်ဘီလီယံ ၃၀ နှင့် ယခုနှစ်တွင် ငွေကျပ် ၇၉ ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #ဘင်္ဂလားဒေ့ရှ်နိုင်ငံ #သဘောတူစာချုပ် #လက်မှတ်ရေးထိုး
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် Pilot Project အရ နေရပ် စွန့်ခွာသူများ ပြန်လည်စီစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို သွားရောက် စစ်ဆေးခဲ့သည့် မျက်မြင်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက်နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ပါတယ်။
ဦးစွာ ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှေ့ပြေးစမ်းသပ် စီမံကိန်းဖြင့် ပြန်လည်စီစစ်လက်ခံရန် လျာထားတဲ့ နေရပ်စွန့်ခွာသူများနှင့် ၎င်းတို့ရဲ့ ဆက်စပ်မိသားစုဝင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မြို့သို့ မျက်မြင်စစ်ဆေးရေးအဖွဲ သွားရောက်၍ မျက်မြင်စစ်ဆေးခဲ့တဲ့ တွေ့ရှိချက်များနှင့်စပ်လျဉ်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစီစစ်ရေးလုပ်ငန်း ကော်မတီကပြုစုထားရှိသည့် အစီရင်ခံစာအပေါ် အကြံပြုသုံးသပ်ဆွေးနွေးဖို့ ပြောပါတယ်။
မျက်မြင်စစ်ဆေးရေးအဖွဲ၏ မျက်မြင်တွေ့ရှိချက်များအပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေအနေများကို ဝိုင်းဝန်းသုံးသပ် အကြံပြုဆွေးနွေးရန် တိုက်တွန်းပါတယ်။
ဒုတိယဥက္ကဋ္ဌများက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စီစစ် လက်ခံ ရေး၊ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ကုလသမဂ္ဂအဖွဲအစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမယ့် အစီအမံများကိုဆွေးနွေးပါတယ်။
လုပ်ငန်းကော်မတီ အတွင်းရေးမှူးက မျက်မြင်စစ်ဆေးရေးအဖွဲ၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို မြေပြင်ဖြစ်ရပ်မှန်များကို သွားရောက် မျက်မြင်စစ်ဆေးခဲ့တဲ့ အစီရင်ခံစာနှင့် လုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများက မျက်မြင်စစ်ဆေးရေး အဖွဲ့၏ မျက်မြင်တွေ့ရှိချက်များ၊ Pilot Project အရ ပြန်လည်စီစစ်လက်ခံမည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားတဲ့ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ကော်မတီဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဥက္ကဋ္ဌ (၃) ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က Zoom Application ဖြင့် တက်ရောက်ခဲ့ကြပါတယ်။
ygm_mnn
#Local_News #နေရပ်စွန့်ခွာသူများ #ဘင်္ဂလားဒေ့ရှ်နိုင်ငံ #သုံးသပ်ညှိနှိုင်း
#YMG #Yangon_Media_Group
Page 1060 of 1924