#Local_News
Published 28 January 2025
▪️ မန္တလေးတိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ဖေဖော်ဝါရီလအတွင်း အအေးဆက်လက်ပိုနိုင်ပြီး အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း ယနေ့ထုတ်ပြန်သည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖေဖော်ဝါရီလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်ချက် အရ ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၄ ရက်မှ ၇ ရက်ခန့်နှင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဆိုထားသည်။
▪️ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင် ကြောင်း သိရသည်။
▪️ ညအပူချိန်များမှာမူ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။
▪️ ၎င်းအပြင် မြူအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၅ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၇ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂ ရက်မှ ၉ ရက်ခန့် မနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 January 2025
▪️ မြန်မာစာပေလောက၏ ထင်ရှားသည့် စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ယနေ့မနက်အစောပိုင်း၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဇန်နဝါရီ ၂၈ ရက် မနက်၁၂နာရီ ခွဲအချိန်၌ ဖေဖေဦးခင်အေး (မောင်ခင်မင် ဓနုဖြူ) ရုတ်တရက် ကွယ်လွန်သွားပါပြီဟု သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။
▪️ စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ)ကွယ်လွန်မှုအပေါ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ကလည်း သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ပေးပို့ရာတွင် " နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန၊ ပါမောက္ခ(ပြင်ပပညာရှင်) မြန်မာစာပညာရှင် ဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)သည် ၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်၊(၂၈-၁-၂၀၂၅၊ အင်္ဂါနေ့၊ နံနက်) တနင်္လာနေ့၊ ည ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် နေအိမ်၌ ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် သာသနာ့တက္ကသိုလ်၊ မြန်မာစာပေနှင့် လူမျိုးတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကာ သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ကျန်ရစ်သူမိသားစုများထံ ပေးပို့အပ်ပါသည်"ဟု ဖော်ပြထားသည်။
▪️ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ အမည်အရင်းသည် ဦးခင်အေးဖြစ်ပြီး
၁၉၄၂ ဇန်နဝါရီ ၂ရက်တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်ရှိပြီဖြစ်သည်။
▪️ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရပြီး မြန်မာစာပေနှင့် ပတ်သက်သည့် စာအုပ်ပေါင်း သုံးဆယ်နီးပါးကို မောင်ခင်မင် (ဓနုဖြူ) အမည်ဖြင့် ရေးသားထားခဲ့ပြီး အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ဂုဏ်ထူးဆောငိ စာပေပါရဂူဘွဲ့များ ချီးမြှင့် ခံခဲ့ရကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 27 January 2025
၁။ စားအုန်းဆီရည်ညွန်းဈေးများ ထပ်မံကျဆင်း
၂။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးကိစ္စ ပြောကြားခဲ့ခြင်းမရှိဟု ဦးကိုကိုကြီးဆို
၃။ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ရေငန်ပုစွန်တန်ချိန်ငါးထောင်ကျော်တင်ပို့ထား
၄။ အမေရိကန်တွင် တရုတ်က မှန်စက်ရုံကြီးတစ်ခုလည်ပတ်မည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပို့ကုန်၊ သွင်းကုန်တွေအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေလဲနှုန်းနဲ့ အခွန်ပြန်စည်းကြပ်နေပြီလို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 27 January 2025
#ပို့ကုန်၊သွင်းကုန် #ဗဟိုဘဏ်ငွေလဲနှုန်း
#YMG/NN #Yangon_Times
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့တွေ့ဆုံရာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးကိစ္စ ပြောကြားခဲ့တာမရှိခဲ့ဘူးလို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။
#Local_News
Published 27 January 2025
#ပြည်သူ့စစ်မှုထမ်းဥပဒေ #ဦးကိုကိုကြီး
#YMG/NN #Yangon_Times
ပနားမီးရေငန်ပုစွန်တွေကို နှစ်စဉ်ပြည်ပသို့ တင်ပို့လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလထိ ရေငန်ပုစွန်တန်ချိန် ၅၉၄၆ ဒသမ ၁၈၇ တန် တင်ပို့ထားပြီးဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 27 January 2025
#ရေငန်ပုစွန် #ငါးလုပ်ငန်းအဖွဲ့ချုပ်
#YMG/SW #Yangon_Times
ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းထပ်မံကျဆင်းလာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 27 January 2025
#စားအုန်းဆီရည်ညွန်းဈေး #စားအုန်းဆီဈေးကျဆင်း
#YMG/SW #Yangon_Times
Page 105 of 1989