#Local_News
Published_ 18 April 2023
အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR)၏ A2A Portalတွင်(၂၀၂၃-၂၀၂၄ခုနှစ်)ပညာ သင်နှစ်အတွက် Scholarshipပညာသင်ဆုလျှောက် လွှာများကို လက်ခံနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ သိရသည်။
အဆိုပါပညာသင်ဆုကို လျှောက်ထားလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် မေလ (၁၅) ရက်နေ့မတိုင်မီhttp://a2ascholarships.iccr.gov.in/ ဝက်ဆိုက်၌ လျှောက်ထားနိုင်ပြီဖြစ်သည်ဟုဆိုသည်၊၊
ယင်းပညာသင်ဆုအမျိုးအစားလေးမျိုးပါဝင်ပြီး ဧပြီလ၁၂ရက်မှစတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် ဘွဲ့ကြို၊ဘွဲ့လွန် Coursesများအတွက် အသက်(၁၈)နှစ်မှ(၃၀)အတွင်းရှိသူများ လျှောက်ထားနိုင်ပြီး Ph.D Programအတွက် အသက်(၄၅)အတွင်းလျှောက်ထားနိုင်မည်ဖြစ် ကြောင်း သိရသည်၊၊
အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ်ပညာသင်နှစ်အတွက် မြန်မာနိုင်ငံသား(၁၅၀)ကို Scholarshipပညာသင်ဆုပေးသွားရန်ရှိသဖြင့် မြန်မာနိုင်ငံသားများပါဝင်လျှောက်ထားနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အိန္ဒိယနိုင်ငံ #ဘွဲ့ကြို၊ဘွဲ့လွန်၊ပါရဂူဘွဲ့ #Scholarshipပညာသင်ဆု
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးမှု ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ တစ်နာရီခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ ကုန်းမြင့်ကျေးရွာ၊ ရွှေကံ့ကော်လမ်း နေအိမ်ရှိရေတွင်းထဲသို့ ပြုကျခဲ့ခြင်းကြောင်း သွားရောက်ကူညီကယ်ဆယ်မှု ပြုလုပ်ခဲ့သော်လည်း ပြုတ်ကျသည့်အမျိုးသားမှာရေတွင်းထဲ၌ သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။
အခင်းဖြစ်နေရာသို့ ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ခဲ့ပြီး ရေတွင်းထဲသို့ ပြုတ်ကျသေဆုံးနေသူကို ကလျာဏမိတ္တနာရေးကူညီမှုအသင်းမှယာဉ်ဖြင့် ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ကြို့ပင်ကောက်မြို့နယ် #အမျိုးသားတစ်ဦးရေတွင်းထဲပြုတ်ကျသေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့်လည်းကောင်း၊အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ဧပြီလ ၂၁ရက်နေ့မှ ၂၅ရက်အတွင်းမြန်မာနိုင်ငံမြို့ကြီးတချို့တွင် မိုးရွားသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာ ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိထားကြဖို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #မြန်မာနိုင်ငံ #တိုင်းနှင့်ပြည်နယ် #အချိန်အခါမဟုတ်မိုးရွာ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
အမြန်လမ်းမှာ ရပ်ထားတဲ့ ၆ ဘီးကုန်စိမ်းကားကို ပရိုဘောက်ကားမှ နောက်ကနေ ဝင်တိုက်လို့ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီခဲ့သူတွေထံမှ သိရပါသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်ခန့်က မန္တလေး- ရန်ကုန် အမြန်လမ်းဘက် အခြမ်း မိုင်တိုင် ၁၇၃ မိုင် ၄ ဖာလုံမှာ ရပ်ထားသော ၆ ဘီး ကုန်စိမ်းကားအား Probox အဖြူရောင်ယာဉ်မှ နောက်ကနေ ဝင်တိုက်မိတာကြောင့် ဖုန်းဆက် အကူအညီတောင်းလို့ အမျိုးသား ၄ ဦး နဲ့အမျိုးသမီး ၇ ဦးတို့ကို မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ ဇီဝိတဒါန ဆွာမြို့ AMBULANCE ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဂုံသုခ AMBULANCE တို့ဖြင့် အမြန်လမ်း ၁၇၃မိုင် ၄ ဖာလုံ မှ ဆွာဆေးရုံသို့ပို့ဆောင် ပေးခဲ့တယ်လို့ သိရသည်။
ယင်းအပြင် အဆိုပါ ဆွာဆေးရုံမှတဆင့် ထိခိုက်ဒဏ်ရာရ အမျိုးသား ၁နဲ့ အမျိုးသမီး ၄ ဦးတို့ကို နေပြည်တော် ကုတင် တစ်ထောင်သို့မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ -ဇီဝိတဒါန ဆွာမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ လူမှုရေးကူညီသူများ ကေတုမတီမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြင့်မြတ်စေတနာ ရေနီမြို့ AMBULANCEများဖြင့်ပို့ဆောင်ကူညီခဲ့တယ်လို့ လည်း သိရသည်။
ymg/ppk
#Local_News #၆ဘီးကုန်စိမ်းကား #ပရိုဘောက်ကား #ကားပေါ်ပါသူ၅ဦးထိခိုက်
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ ၃ လမ်းရှိ နေ အိမ်တစ်လုံးအတွင်းသို့ ဧပြီလ ၁၇ ရက် ညပိုင်းက ဆင် ၂ ကောင် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းနောက် ခြံအတွင်းရှိ သီးပင်စားပင်များကို ခြံဝင်းအတွင်းရှိ ဌက်ပျောပင်များ၊ အုန်းပင်ငယ်များအပါအဝင် သီးပင်စားပင်များကို ဝင်စားခဲ့ကြောင်း၊လူ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆင်များမှာ ပိုင်ရှင်မဲ့ ဖြစ်ကြောင်းနှင့် သစ်တောဦးစီးဌာန နှင့် သက်ဆိုင်ရာအဖွဲ့များ၊ဒေသခံများက ခြောက်လှန့်ခဲ့သောကြောင့် ပြန်လည်ထွက်သွားကြောင်းလည်း သိရသည်။
ymg/mt
ဓါတ်ပုံ- WinZaw
#Local_News #မြဝတီမြို့ #ဆင်နှစ်ကောင်ဝင်ရောက် #သီးပင်စားပင်များစားသောက်
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
မြန်မာ အလုပ်သမား ၁၂၀၀ ကျော် ထပ်ခေါ်မည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ် ဆောင်ရွက်ပေးလျက်ရှိရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ ဂျပန်နိုင်ငံ၌ တရားဝင် တည်ထောင်ထားခြင်း ရှိ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာ အလုပ်သမားများအား ထပ်မံ ခေါ်ယူမည့် ဂျပန် ကုမ္ပဏီနှင့်စက်ရုံများမှ ကမ်းလှမ်းထားသော အလုပ်ခေါ်စာ ၃၈၃ ခု ကို ဧပြီလ ၁ ရက်က ၁၈ရက်ထိ စိစစ်ခဲ့ကြောင်း၊ယင်းတွင် လုပ်ငန်းကဏ္ဍစုံအတွက် ကမ်းလှမ်းထားခဲ့သည့်အလုပ်သမားဦးရေ ၁၂၅၈ ဦးရှိကြောင်း သိရသည်။
ယင်းအရေအတွက်မှာ ကိုဗစ် ကာလ နောက်ပိုင်း ခေါ်ယူသည့်အလုပ်သမားများထဲတွင် အရေအတွက် အများဆုံး ဖြစ်ကြောင်း၊ခေါ်ယူသည့် အလုပ်အမျိုးအစားများမှာသင်တန်းသားလုပ်သားများ၊ ကျွမ်းကျင်လုပ်သားအများအပြားပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ လုပ်ငန်းများ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News #မြန်မာအလုပ်သမား #ဂျပန်ထပ်ခေါ်
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
မန္တလေးကန်တော်ကြီးအတွင်းရေဝင်ရောက်မှုများ လျော့နည်းမှုမရှိ စေရေး ထိန်းသိမ်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၁၇ ရက်တွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားလိုက်သည်။
ဥက္ကဌက မေမြို့ပန်း၊ ဂန္ဓမာပန်း၊ သစ္စာပန်း၊ ဒေလီယာပန်း စသည့်ပန်းများသည် ပြင်ဦးလွင်၏ နာမည်ကျော်လူကြိုက်များသည့် ပန်းများဖြစ်ကာ သဘာဝ အလျောက်ပေါက် ရောက်နေသည့် ၁၂ ရာသီပန်းများဖွံ့ဖြိုးတိုးတက်ရေး သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း နှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ များကို စနစ်တကျ သုံးစွဲရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင် ဒေသမျိုးရင်းများနှင့် ပြင်ဦးလွင်၏ရာသီဥတု နှင့်ကိုက်ညီသည့် နိုင်ငံအတွင်းရှိဒေသများမှ ပန်းမျိုးများစိုက်ပျိုးမှု တိုးတက်စေရေး ၊ချယ်ရီပင်များပွင့်လန်းမှု ပိုမိုကောင်းမွန်စေရေး စနစ်တကျသုတေသနပြု ရေး နှင့် ကန်တော် ကြီးအတွင်းရေဝင်ရောက်မှုများ လျော့နည်းမှုမရှိ စေရေး စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်တို့ကို ပြောခဲ့ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးအတွင်းသို့ ယခုနှစ် မြန်မာအတာသင်္ကြန် ကာလအတွင်း ပြည်သူ ၂၄၉၅၀ ဦး ဝင်ရောက်ခဲ့ ကြောင်း၊ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ပန်းပွဲတော်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၃၁၇၁၁၅ ဦး ဝင်ရောက်ခဲ့ကြောင်းသိရသည်။
အလားတူ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ရောက်ရှိခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)အတွင်း အသစ် တည်ဆောက်ထားသည့် Sky Cable Car ဖြင့် လိုက်ပါစီးနင်းခြင်း၊ ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေး၍ အစာကျွေးကြပြီး ချီးမြှင့် ငွေများပေးအပ်ခြင်း၊ အပန်းဖြေစခန်းအတွင်း ပန်းခင်းများကို နေရောင် ခြည်စွမ်းအင်သုံး ရေတင်စက်ဖြင့် ရေဖျန်းနေမှုကိုကြည့်ရှုခြင်းတို့လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင် ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်း များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် အဆင့်မြှင့်တင်ပြုပြင် ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခု ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတား ကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကြောင်း၊ပန်းမြို့တော်၊ ခရီးသွား မြို့တော် ဖြစ်သောကြောင့် ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မှန်တံတား၊ ကြိုးတံတား များအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာ များ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်း အဆင့်မြှင့်တင် ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကို အသစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News #ပြင်ဦးလွင် # အမျိုးသားကန်တော်ကြီး #ထိန်းသိမ်းရန် #နစကဥက္ကဌ
#YMG #Yangon_Media_Group
Page 1038 of 1923