#Local_News
Published_ 25 April 2023
ဧပြီလ ၂၄ကနေ မေလ ၁ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၆၈၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်ထဲမှာတော့ တစ်ပိဿာကို ငွေကျပ် ၇၀၀၀ ခန့် ရှိနေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။
#Local_News #စားသုံးဆီ #ရည်ညွှန်းသတ်မှတ် #ပြင်ပပေါက်ဈေး
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့တင်ပို့နေတဲ့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှုက အများဆုံးပါဝင်နေတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
#Local_News #မူဆယ်နယ်စပ် #တရုတ်နိုင်ငံ #ငါးရှဉ့်တင်ပို့မှု
#YMG#Yangon_Media_Group
#Daily_News
Published_ 25 April 2023
၁။ မူဆယ်နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှု အများဆုံးဖြစ်နေ
၂။ စားသုံးဆီတစ်ပိဿာ ၄၆၈၀ကျပ် ရည်ညွှန်းသတ်မှတ်သော်လည်း ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ဝန်းကျင်ခန့်ရှိနေ
၃။ ဧပြီလကုန်ပိုင်းတွင် မုတ်သုန်ကြိုမိုးနှင့် မိုးသက်လေပြင်းတိုက်ခတ်မှုများ ထပ်ကြုံနိုင်
၄။ တရုတ်လျှပ်စစ်ကားများ တွင်ကျယ်လာခြင်းကြောင့် လောင်စာဆီသုံးယာဉ်များ အဆုံးသတ်ရန်နီးစပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 25 April 2023
ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၉၉၆ ဒေါ်လာနဲ့ဈေးဖွင့်လာပြီး ဧပြီလ ၂၅ ရက်နေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းများအသင်းရဲ့ ရည်ညွှန်းသတ်မှတ်ဈေးကတော့ ၂၃ သိန်း ၅ သောင်းကျော် ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဧပြီလ ၂၅ ရက်နေ့ရဲ့ ပြင်ပရွှေပေါက်ဈေးကတော့ ၂၉ သိန်း ၈သောင်းကျော်ပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ရန်ကုန်ရွှေအသင်း
#YMG#Yangon_Media_Group
#Local_News
Published_ 25 April 2023
ယခု တစ်ပတ်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထား တစ်ရာကျပ်ဝန်းကျင် ပတ်ချာလည်သို့ အနည်းကျငယ်ပြန်ကျခဲ့သော်လည်း တစ်လီတာလျှင် ၂,၀၀၀ ကျော်နေဆဲဖြစ်ကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီ ၂၅ ရက်၊ ဈေးနှုန်းများအရ ရန်ကုန်မြို့၌ အောက်တိန်း ၉၂ တစ်လီတာ ၂,၀၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၁,၉၈၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၀၆၅ ကျပ် ဖြစ်သည်။
ယင်း ပေါက်ဈေးများမှာ ပြီးခဲ့သည့် တစ်ပတ်တာဈေးနှုန်းနှင့် နှိုင်းယှဥ်ပါက ဓာတ်ဆီ ၁၃၀ ကျပ်၊ ဒီဇယ် ၈၅ ကျပ် စီနှုန်းထားဖြင့် အနည်းငယ်လျော့ကျခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ စက်သုံးဆီဈေးနှုန်းများမှာလည်း အောက်တိန်း ၉၂ တစ်လီတာ ၂,၀၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၉၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂,၀၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂,၁၁၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးကော်မတီ PPRD ၏ ရည်ညွှန်းဈေးများအရ သိရသည်။
ယခုဖော်ပြသည့် ရန်ကုန်၊ မန္တလေးမြို့များ၏ စက်သုံးဆီဈေးနှုန်းများသည် တိုင်းနှင့် ပြည်နယ်များအနက် အနိမ့်ဆုံးဈေးများဖြစ်ပြီး ဒေသအလိုက်ကွာဟမှု ရှိနေဆဲဖြစ်သည်။
#ymg/ppk #Local_News #စက်သုံးဆီနှုန်းဈေး
#YMG #Yangon-Media-Group
#Local_News
Published_ 25 April 2023
၂၀၂၃ ခုနှစ်အတွက် ဂျပန်ပညာတော်သင်ဆုပေးမည်ဖြစ်ပြီး Daiohs Memorial Foundationမှ ချီးမြှင့်မည့် ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာသံရုံးမှသိရသည်၊၊
အဆိုပါပညာသင်ဆုအတွက် ပညာသင်ဆု ထောက် ပံ့ကြေးပေးမည့် ကျောင်းသားအရေအတွက် (၂၀)ဦးသတ်မှတ်ထားပြီး၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၅ ခုနှစ်၊ မတ်လအထိတစ်လလျှင် ယန်း ၁၀,၀၀၀/- ( ယန်းတစ်သောင်းတိတိ ) ( (၆)လလျှင် တစ်ကြိမ် ) ထောက်ပံ့သွားမည်ဖြစ်သည်၊၊
Daiohs Memorial Foundation မှယခုနှစ်အတွက် ချီးမြှင့်မည့် ပညာသင်ဆုသည် တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် သုတေသနပညာ ရှင်များအား ထောက်ပံ့ပေးရန်အတွက် ရည်ရွယ်ပါကြောင်း၊ အဆိုပါ ဖောင်ဒေးရှင်းမှ ပေးအပ် သည့် ပညာသင်ဆုအား ပြန်လည်ပေးဆပ်ရန်မလိုသည့်အပြင် အခြားအဖွဲ့အစည်းများမှ ပေးအပ်သည့် ပညာသင်ဆုကိုလည်း လက်ခံနိုင်ကြောင်းသိရသည်၊၊
ပညာသင်ဆု လျှောက်ထားရာတွင် ပြည့်မီရမည့် အချက်အလက်များ၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာသံရုံး၏ ဝက်ဆိုက်ဒ် http://www.myanmar-embassy-tokyo.net/2023/Daiohs/Daiohs.htm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်၊၊
#Local_News #ဂျပန်ပညာတော်သင်ဆု #Daiohs Memorial Foundation
#YMG #Yangon_Media_Group
#Local_News
Published_ 25 April 2023
Online Shoppingမှဝယ်သူများအနေဖြင့် Online စာမျက်နှာတွင် ကြေညာထားသည့် ပစ္စည်းနှင့် အမှန်တကယ်လက်ခံရရှိသည့်ပစ္စည်း အရည်အသွေး ကွဲလွဲမှုတွေရှိပါက စာသုံးသူရေးရာဦးစီးဌာနကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှသိရသည်။ လက်ရှိမှာ Online shop တွေမှာ ဆက်သွယ်ဝယ်ယူသူတွေအနေနဲ့ ဝယ်သည့်ပစ္စည်းအရည်အသွေးကွဲလွဲမှုတွေရှိနေတာဖြစ်သည်။
Online Shopping နှင့်ပတ်သက်၍ ငွေပေးချေပြီးသည့်အခါ ပစ္စည်းပေးပို့ခြင်း၊ Page စာမျက်နှာဖော်ပြထားသည့် ဖုန်းနံပတ်များဆက်သွယ်၍မရခြင်း၊ ကုန်ပစ္စည်းတွေပါဝင်သည့် သတင်းအချက်အလတ်များချဲ့ကားဖော်ပြခြင်း စသည့် အခက်အခဲများကို စားသုံးသူများကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့အခက်အခဲများဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာန တရားဝင် Website ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Center နံပတ် ( 1535)၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook စာမျက်နှာ၊ ပြည်ထောင်စုနယ်မြေ တိုင်ဒေသကြီးပြည်နယ်တို့တွင်ဖွင့်လှစ်ထားသည့် တိုင်ကြားမူလက်ခံဆောင်ရွက်ရေးစင်တာများတွေ တိုင်ကြားနိုင်ကြောင်း သိရသည်။
#ymg/yn #Local_News #Online #လက်ခံရရှိသည့်ပစ္စည်း #တိုင်ကြားနိုင်
#YMG #Yangon-Media-Group
Page 1021 of 1921