#Local_News
Published_29 Jan 2025
▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်သည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း ကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဖမ်းဆီးရမိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသိရ သည်။
▪️ ဇန်နဝါရီလ ၂၄ ရက် ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူဆယ်မှ ရန်ကုန်သို့ မျိုးမင်းဦး(ခ)မဲကြီး မောင်းနှင်လာသည့် I ZONE ကုန်တင်ယာဉ်ကို မူးယစ်ဆေးဝါး တား ဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါ မူးယစ်ဆေးများကိုယာဉ်၏ကိုယ်ထည်အတွင်း အံဝှက်ပြုလုပ် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရ သောကြောင့် မျိုးမင်းဦး(ခ)မဲကြီး ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဆန်စက်တွေနဲ့ ဆန်သိုလှောင်ရုံတွေကို တရားမဝင် သိုလှောင်ထားခြင်းရှိ/မရှိနဲ့ ဈေးကွက်စောင့်ကြည့် စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ တရားမဝင်ကုန်သွယ်မှု အထူးတိုက်ဖျက်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 29 January 2025
#ဆန်သိုလှောင်ရုံ #တရားမဝင်ကုန်သွယ်မှု
#YMG/SW #Yangon_Times
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)နဲ့ စားသောက်ကုန်လုပ်ငန်းစနစ်တကျ တည်ထောင်လုပ်ကိုင်ဆောင်ရွက်လိုသူေတွအတွက် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ သင်တန်း (၁၅) ကြိမ် ဖွင့်လှစ်ပေးသွားမယ်လို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (နေပြည်တော်ရုံးချုပ်)မှ သိရပါတယ်။
#Local_News
Published 29 January 2025
#မဲခေါင်-လန်ချန်း #အသေးစားစက်မှုလက်မှုလုပ်ငန်း
#YMG/SW #Yangon_Times
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက်အထိ စကျင်းပသွားမှာဖြစ်ရာ ပြိုင်ပွဲမှာတော့ ဆုအမျိုးအစားပေါင်း ၃၁မျိုးအထိပေးအပ်ချီးမြင့်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 29 January 2025
#MSMEထုတ်ကုန်ပြပွဲ #ဆုပေါင်း၃၁ခု
#YMG/SW #Yangon_Times
(၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အရှေ့ဘက်အောက်ပစ္စယာမှာရှိတဲ့ ထန်းပင်ကုန်းကွင်းမှာ လာမယ့်လအတွင်းမှာကျင်းပသွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 29 January 2025
#ရွှေတိဂုံစေတီတော် #မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ
#YMG/NN #Yangon_Times
#Local_News
Published 29 January 2025
▪️ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ သတင်းမီဒီယာတစ်ခုလျှင်နှစ်ဦးနှုန်းတက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1 တွင်ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားကျင်းပမည့် နေရာကန့်သတ်ချက်အရ သတင်းမီဒီယာသမားဦးရေအား A Zone ၊ B Zone ခွဲခြားသတ်မှတ်ကာ သတင်းရယူစေမည်ဖြစ်ရာ အခမ်းအနားသို့တက်ရောက် သတင်းရယူလိုသောလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသည့် သတင်းမီဒီယာများအနေဖြင့် သတင်းမီဒီယာတစ်ခုလျှင် (၂) ဦးနှုန်းဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တက်ရောက်သတင်းယူမည့် သတင်းမီဒီယာများအနေဖြင့် အမည်၊နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ရာထူးတာဝန်၊ သတင်းဌာနအမည်စသည့် သတ်မှတ်လျှောက်လွှာပုံစံပါ အချက်အလက်များကိုဖြည့်စွက်ကာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ(နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt @gmail.com၊ (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊
ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 28 January 2025
၁။ မန္တလေး- ချင်းမိုင်ခရီးစဉ်အသစ် MAI ဖေဖော်ဝါရီ၌ ပြေးဆွဲမည်
၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည်
၃။ အင်းလေးကန်အတွင်း ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များတွေ့ရှိ
၄။ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးညွှန်ကြားချက်များကြောင့် အမေရိကန်-မက္ကဆီကိုကုန်သွယ်မှုဆက်ဆံရေးထိခိုက်လာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 103 of 1989