#Local_News
Published_ 27 April 2023
အကယ်ဒမီ မီးလင်းရွှေ ပြင်ပပေါက်ဈေးမှာ ဧပြီလ ၂၇ရက်နေ့ မနေ့ ပိုင်းဈေးနှုန်းများအရ ၂၉သိန်း ၉သောင်း ၇ထောင်ကျော်ပေါက်ဈေးရှိနေကြောင်း ရန်ကုန်ရွှေကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကို ၂၃သိန်း၅သောင်းကျော်ဈေးနဲ့ ရည်ညွှန်းသတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်ထားပါတယ်။
#Local_News #မီးလင်းရွှေ #အကယ်ဒမီ #ရန်ကုန်ရွှေ
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
အခုနှစ်မှာ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတာကိုစောပြီး လက်ခံသွားမှာဖြစ်ပြီးမေလ (၂၃)ရက်မှာ ကျောင်းအပ်နှံတာစတင်လက်ခံသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #အခြေခံပညာကျောင်း #ကျောင်းအပ်နှံရေး
#YMG #Yangon_Media_Group
#Daily_News
Published_ 27 April 2023
၁။ ယခုနှစ်တွင်အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးစော၍ လက်ခံမည်၊ မေလ(၂၃)ရက်တွင် စတင်လက်ခံမည်
၂။ အကယ်ဒမီ မီးလင်းရွှေပြင်ပပေါက်ဈေး ၂၉သိန်း ၉ သောင်း၇ထောင် ပေါက်ဈေးရှိနေပြီး ရန်ကုန်ရွှေအသင်းသတ်မှတ်ဈေး ၂၃သိန်း၅သောင်းကျော်ဈေးရှိနေ
၃။ ပြင်ဦးလွင်တွင် ဥပဒေအရရောင်းချခွင့်မပြုသည့် မြေအမျိုးအစားများကို ရောင်းချနေသဖြင့် တည်ဆဲဥပဒေများအရထိရောက်စွာအရေးယူမည်
၄။ (၆၉)နှစ်ကြာပြီးမှ ဘောလုံးသမားများဆေးလိပ်ပြာထည့်ခဲ့သည့် ဆုတံဆိပ်ဗူးကို ဩစတြေးလျတွေ့ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 27 April 2023
လက်တလောဆန်ဈေးတွေ မြင့်တက်နေတဲ့အတွက် ဆန်ဈေးနှုန်းညှိနှိုင်းဖို့ ဆောင်ရွက်နေတဲ့အပြင်လိုအပ်ရင် ဆန်တွေထုတ်ရောင်းဖို့စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News #ဆန်ဈေး #ဆန်ထုတ်ရောင်းမယ်
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
ပြင်ပရွှေပေါက်ဈေးဟာ ဧပြီလ ၂၇ရက်နေ့မနက်ပိုင်းက ၂၉သိန်း ၉ သောင်းခန့်သာရှိနေရာမှ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီဈေးနှုန်းတွင် ငွေကျပ်သိန်း ၃၀ ကျော်ခန့်ပေါက်ဈေးအထိ ဈေးမြင့်လာကြောင်း ရန်ကုန်ရွှေဈေးကွက်ထဲမှ စုံစမ်းသိရှိရပါသည်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ ယခုဖြစ်ပေါ်နေသည့် ကမ္ဘာ့ရွှေဈေးနှုန်းပေါ် မူတည်၍ ရန်ကုန်တိုင်းရွှေအသင်းအမြင်အရ ရွှေဆိုင်များ ရွှေကုန်သည်များအနေဖြင့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားအား ငွေကျပ်၂၉သိန်းအောက်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း သုံးသပ်ထားပါသည်။
လက်ရှိမှာရွှေဈေးအမြင့်ပိုင်းမှာ ရှိနေသည့်အတွက် ဈေးကွက်ထဲမှာ အရောင်းရောအဝယ်ပါအေးနေကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်တွေက YMG ကိုပြောသည်။
ကမ္ဘာ့ရွှေဈေးဟာလည်း ဧပြီလ ၂၇ရက်နေ့မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၉၉ ဒေါ်လာဈေးဖွင့်ထားသည်။ ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်နေသည့်အတွက် ပြည်တွင်းဈေးဟာလည်း မြင့်တက်နေတာဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တွေကသုံးသပ်နေကြသည်။
#ymg/ynzw #Local_News #ပြင်ပရွှေပေါက်ဈေး #အရောင်းအဝယ်ပြုလုပ် #ရန်ကုန်ရွှေအသင်း #YMG #Yangon-Media-Group
#Local_News
Published_ 27 April 2023
မော်တော်ယာဉ်အားလုံး ဖောင်ကြွနံပါတ်ပြား ပုံစံအသစ်ပြောင်းလဲတပ်ဆင်မှုပြီးစီးရန် အစိုးရရုံးပိတ်ရက်သုံးရက်တွင်ပါ လုပ်ငန်းတွေထပ်တိုးဆောင်ရွက်ပေးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာပါတယ်။
ကညနမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်အားလုံး မတ်လ ၃၁ ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ် ပြောင်းလဲတပ်ဆင်ရမှာဖြစ်ပေမယ့် ယာဉ်တချို့ ပြောင်းလဲဖို့ ကျန်နေသေးတဲ့အတွက် ဧပြီလကို ပညာပေးကာလအဖြစ် သတ်မှတ်ပြီး ဆက်လက်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ပညာပေးကာလကျော်လွန်ပါက လိုအပ်သလို စစ်ဆေးအရေးယူတာတွေ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပညာပေးကာလမကုန်မီ အချိန်မီပြီးစီးဖို့ လာမယ့် ဧပြီ ၂၉၊ ၃၀ ရက်နဲ့ မေ ၁ ရက်တို့မှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးမယ်လို့ ကညနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
#ygm_mnn #Local_News #ဖောင်းကြွနံပါတ်ပြား #ဧပြီလကုန်ရုံးပိတ်ရက် #ကညနထုတ်ပြန်
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
မန္တလေးမြို့က မီးဘေးသင့်ပြည်သူ အိမ်ထောင်စုဝင်(၇)စုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးခဲ့ကြောင်း သိရသည်၊၊
၂၀၂၃ခုနှစ် ဧပြီလ(၂၆)ရက်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၇)စုမီးဘေးသင့်ခဲ့ရခြင်းဖြစ်သည်၊၊
ဧပြီလ(၂၇)ရက်တွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မီးဘေးယာယီစခန်းသို့ သွားရောက်ကာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုများပြုလုပ်ပေးခဲ့ကြသည်ဟု ဆိုသည်၊၊
ယင်းသို့ပြုလုပ်ပေးရာတွင် အိမ်ထောင်စု(၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် မိသားစုသုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ ရေပုံး(၁)ပုံးကိုထောက်ပံ့ပေးအပ်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်၊၊
#ymg/tthl #Local_News #မန္တလေး #မီးဘေးယာယီစခန်း #မီးဘေးသင့်အိမ်ထောင်စု(၇)စု
#YMG #Yangon_Media_Group
Page 1016 of 1921