၂၀၂၄ ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုထည့်သွင်းတင်ဆက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
#Local_News
Published 30 January 2025
#UNESCOစာရင်းဝင် #ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
#YMG/SW #Yangon_Times
နေပြည်တော်မှာ ပြုလုပ်မယ့်ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲမှာ ဧရာဝတီတိုင်း ကိုယ်စားပြုထုတ်ကုန်အမျိုးအစားတွေ ပါဝင်ပြသသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 30 January 2025
#MSME #စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
#YMG/NN #Yangon_Times
#Local_News
Published 30 January 2025
▪️ ကချင်နှင့်စစ်ကိုင်းအထက်ပိုင်း၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း ယနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကာ ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 January 2025
▪️ ချစ်သူများနေ့ အထိမ်းအမှတ်"Valentine Bazaar" ဈေးရောင်းပွဲတော်ကို ဒဂုန်စင်တာမှ ကြီးမှူး၍ သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင်ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြေနီကုန်းလမ်းဆုံ Dagon Centre ရှိ Outdoor Area ၌ ကျင်းပသွားမည်ဖြစ်ကာ ဆိုင်ခန်းပေါင်း၅၀ကျော်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဈေးအရောင်းပွဲတော်တွင် ကုန်ပစ္စည်း ၊ ဝန်ဆောင်မှု နှင့် စားသောက်ကုန်များကို ပါဝင်ရောင်းချ ပေးသွားမည်ဖြစ်ပြီး ရောင်းချလိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 January 2025
▪️ ဂျပန်မြေမှ တစ္ဆေများအမည်ရှိ ကမ္ဘာလှည့်ဂျပန်အနုပညာပြပွဲကို ဂျပန်ဖောင်ဒေးရှင်း၊ရန်ကုန်တွင် ဖေဖော်ဝါရီ ၁ ရက်၌ စတင်ပြသမည်ဖြစ်ကြောင်း သိရသည်။
▪️ “အခုပြပွဲမှာ ဂျပန်နိုင်ငံရဲ့ Yokaiလို့ခေါ်တဲ့ စိတ်ကူးယဉ် တစ္ဆေသရဲတွေအကြောင်း ယဉ်ကျေးမှုကို စာရွက်ပေလွှာတွေ ၊ နိရှိကိအဲ ရောင်စုံသစ်ထွင်းပန်းချီတွေကတဆင့် အရုပ်တွေ၊ရုပ်ရှင်တွေဖြစ်လာတဲ့ထိ ယနေ့ခေတ်ထိလက်ဆင့်ကမ်းသယ်ဆောင်လာပုံကို စုံလင်စွာ မိတ်ဆက်ထားပါတယ်။ ဂျပန်Yokaiတွေဟာ ပုံဝတ္ထုများစွာထဲမှာ သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ ဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့ကြပြီး နားဆင်သူတွေကို အံ့သြထိတ်လန့်အောင် စွမ်းဆောင်ခဲ့ကြပါတယ် “ဟု ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ အဆိုပါပြပွဲကို ဝင်ကြေးအခမဲ့ဖြင့်ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၁ ရက်ထိ (တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူပိတ်ရက်များ မဖွင့်ပါ) နေ့စဉ်မနက် ၉နာရီခွဲမှညနေ၃နာရီခွဲထိ ပြသသွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲနေ့တွင် ဂျပန်နိုင်ငံ၊ဟီရိုရှီးမားခရိုင်ရှိ မီယိုရှိမိုနိုနိုခဲပြတိုက်မှခိခါဝနာအိုကို-စံကဂျပန်တစ္ဆေသရဲယဉ်ကျေးမှုကို အထူးအွန်လိုင်းပို့ချမှုအနေဖြင့် ပြောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 January 2025
▪️ CMP စနစ် အထည်ချုပ်လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခုကို ရန်ကုန်တိုင်းဒေသကြီး၌ ရင်းနှီးမြုပ်နှုံခွင့်ပြုခဲ့ကြောင်း သိရသည်။
▪️ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အဆင်သင့်ဖျော်စပ်ပြီးသော ကွန်ကရစ်များရောင်းချသည့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ကိုဇန်နဝါရီ ၂၈ ရက်ကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လုပ်ငန်းသုံးခုမှာ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂) ခုတို့ဖြစ်ပြီးမတည်ငွေရင်းပမာဏမှာ ငွေကျပ်သန်း၈၀၀( အမေရိကန်ဒေါ်လာ၅ ဒဿမ ၉၃၁)သန်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်း ၁၀၁၆ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 29 January 2025
၁။ ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပမည်
၂။ MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ဆုပေါင်း ၃၁ ခုအထိပေးမည်
၃။ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စားသောက်ကုန်ထုတ်လုပ်သည့်သင်တန်းများ ဖွင့်လှစ်ပေးမည်
၄။ ဂါဇာမြောက်ပိုင်းသို့ နေရပ်ပြန်လာကြသည့် စစ်ဘေးရှောင်ပါလက်စ်တိုင်းအရပ်သားအများအပြား လမ်းမတွင်သောင်တင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 102 of 1989