#Local_News
Published_ 3 May 2023
ကဆုန်လပြည့်ဗုဒ္ဓနေ့မေလ(၃)ရက်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲကျင်းပခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီတော် #ကဆုန်လပြည့် #ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ
#YMG #Yangon_Media_Group
#Local_News
Published_ 3 May 2023
လတ်တလောမှာ ကိုဗစ်ပိုးတွေ့ရသူအများစုမှာ ကိုဗစ်လက္ခဏာတွေဖြစ်တဲ့အနံပျောက်တာ၊ဖျားနာတာတွေလုံးဝမဖြစ်ဘဲ ကိုဗစ်ပိုးတွေ့နေသူတွေပိုများလာတဲ့အတွက် အထူးသတိပြုကာကွယ်ကြဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ကိုဗစ်လက္ခဏာ #သတိပြုကာကွယ်ရန်လို
#YMG #Yangon_Media_Group
#Local_News
Published_ 3 May 2023
ပြည်တွင်းရွှေဈေးဟာမေလ ၃ ရက်နေ့မနက်ပိုင်းမှာ ၂၉သိန်း၇သောင်းကျော်ပေါက်ဈေးရှိနေပြီး ရန်ကုန်တိုင်းရွှေအသင်းကတော့ ၂၃ သိန်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ရန်ကုန်တိုင်းရွှေအသင်း #ပြင်ပပေါက်ဈေး ၂၉သိန်း၇သောင်း #Gold
#YMG #Yangon_Media_Group
#Daily_News
Published_ 3 May 2023
၁။ ရန်ကုန်တိုင်းရွှေအသင်းရည်ညွှန်းသတ်မှတ်ဈေး ၂၃သိန်းကျော်သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေး ၂၉သိန်း၇သောင်းကျော်ရှိနေ
၂။ ကိုဗစ်လက္ခဏာလုံးဝမပြဘဲ ကိုဗစ်ပိုးတွေ့ရသူပိုများနေ၍ သတိပြုကာကွယ်ရန်လိုဟုဆို
၃။ ရွှေတိဂုံစေတီတော်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲကျင်းပ
၄။ကမ္ဘောဒီးယားမှ တရုတ်လှူဒါန်းထားသည့် ဆေးရုံတွင် တရုတ်တိုင်းရင်းဆေးနည်းပညာဖြင့်လူနာများကိုကုသပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 3 May 2023
လျှပ်စစ်မီးမမှန်တာကြောင့် ရန်ကုန်မြို့ကရပ်ကွက်အများအပြားမှာ ရေအခက်ခဲဖြစ်တယ်လို့ ရန်ကုန်မြို့နေပြည်သူတချို့က YMG ကို ပြောပါတယ်။
#Local_News #လျှပ်စစ်မီး #ရေအခက်အခဲဖြစ်
#YMG #Yangon_Media_Group
Published 3 May 2023
မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းကန်ဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့် မေလ ၂ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက အားထားရတဲ့ အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်ကောင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ရေးတို့အတွက် အမြဲထောက်ခံအားပေးပါတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အငြိမ်းစားဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ CGTNရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်က လေးစားပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်ရေးကိုထောက်ခံတယ်လို့ မစ္စတာချင်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးစောင့်ရှောက်ထိန်းသိမ်းမှု၊နိုင်ငံရေးတည်ငြိမ်အောင်ထိန်းသိမ်းထားမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်ရးသဘောပေါက်နားလည်မှုတို့အတွက် မြန်မာနိုင်ငံကို အကူအညီများဆက်ပေးရန် တရုတ်က အသင့်အနေအထားရှိတယ်လို့လည်းသူကပြောပါတယ်။
အတူတကွမျှဝေကြသည့်အနာဂတ်နှင့်အတူ တရုတ်-မြန်မာ လူမှုအသိုက်အဝန်းတည်ထောင်ရန်တရုတ်ဘက်က မြန်မာနိုင်ငံနှင့် လက်တွဲလုပ်ဆောင်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချူပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကိုပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကောင်းပီသတဲ့ ချစ်ကြည်ရင်းနှီးမှုရှိပြီး မြန်မာနိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတဲ့ထောက်ခံအားပေးမှုတွေအတွက် တရုတ်ကိုကျေးဇူးတင်တယ်လို့ အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးသန်းရွှေက တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုပြန်လည်ပြောကြားခဲ့ပါတယ်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဆက်လက်သယ်ဆောင်နိုင်ပြီး ချစ်ကြည်စွာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မယ်လို့ သူယုံကြည်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ပြောပါတယ်။ အဲဒီအပြင် အသီးအပွင့်ဖြစ်ထွန်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုတွန်းအားပေးဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးက ပြောကြားခြ့တဲ့အကြောင်း ဆင်ဟွာကသတင်းဖော်ပြထားပါတယ်။
Source: Xinhua/CGTN
#ဗိုလ်ချူပ်မှူးကြီးသန်းရွှေ
#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gang
#တရုတ်-မြန်မာဆက်ဆံရေး
#YangonMediaGroup
#Local_News
Published_ 3 May 2023
၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် ၁နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြပါတယ်။
မြန်မာအားကစားအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိဘပြည်သူများ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မြန်မာအားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျန်းမာရေးကိုအထူးဂရုစိုက်ရန်၊ အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန် ကြိုးစားကြဖို့ တိုက်တွန်းအားပေးစကားပြောကြားကြပါတယ်။
အဆိုပါ အားကစားအဖွဲ့များတွင် ဖိတ်ကြားခံပုဂ္ဂိုလ်(၁)ဦး၊ အုပ်ချုပ်မှုအဖွဲ့ (၁၃)ဦး၊ ဗိုဗီနမ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၅)ဦး၊ အမျိုးသမီးအားကစားသမား (၁၁)ဦး၊ ပီတန်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၂)ဦး၊ အမျိုးသားအားကစားသမား(၂)ဦး၊ အမျိုးသမီးအားကစားသမား(၇)ဦး၊ လက်ဝှေ့အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၄)ဦး၊ အမျိုးသားအားကစားသမား(၆)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ တင်းနစ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၂)ဦး၊ အမျိုးသားအားကစားသမား(၄)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ ပြေးခုန်ပစ် (မာရသွန်) အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၄)ဦး၊ အမျိုးသားအားကစားသမား(၂)ဦး၊ အမျိုးသမီးအားကစားသမား(၄)ဦး၊ ရိုးရာလက်ဝှေ့အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၆)ဦး၊ အမျိုးသားအားကစားသမား (၉)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ ခြင်းလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၆)ဦး၊ အမျိုးသားအားကစားသမား(၁၄)ဦး၊ အမျိုးသမီးအားကစားသမား(၁၄)ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး(၈)ဦးတို့ လိုက်ပါသွားကြောင်း သတင်းရရှိပါတယ်။
#YMG #Yangon_Media_Group
Page 1002 of 1920