#Local_News
Published 31 January 2025
▪️ ဖေဖော်ဝါရီလအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၅၃) စီး ဝင်ရောက်မည်ဖြစ်ကြောင်း ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်(MPA) မှ သိရသည်။
▪️ ထိုသို့ဝင်ရောက်ရာတွင် ကုန်တင်သင်္ဘောလိုင်း ၁၃ ခုမှ ပြေးဆွဲခြင်းဖြစ်ပြီး SITC မှ ၁၀ စီး၊ COSCO မှ ၈ စီး၊ SAMUDERA မှ ၆ စီး၊ Maersk A/S မှ ၅ စီး ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် CMA-CGM နှင့် MSC တို့မှ ၄ စီးစီ၊ ONE ၊ RCL နှင့် Ti2 Container Line တို့မှ ၃ စီးစီ၊ BLPL ၊ EVERGREEN နှင့် OCEAN SALUTE တို့မှ ၂ စီးစီ၊ Land and SEA မှ ၁ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 January 2025
▪️ ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (Myanmar Inspection & Testing Services L.td) မန္တလေးဓာတ်ခွဲခန်း၌ စားသုံးဆီနမူနာပေါင်း ၁၃ခု အား အရည်အသွေးကောင်း/မကောင်း၊ စားသုံးရန်သင့်/မသင့်၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/မရှိကို စားသုံးရန်သင့်၊ မသင့်စစ်ဆေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးရေးရာဦးစီးဌာနမှ သိရသည်။
▪️ ထို့အပြင် မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်အတွင်းက ဝါစေ့ဆီများကိုလည်း စစ်ဆေးပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဈေးကွက်အတွင်း စားသုံးရန်ရောင်းချလျက်ရှိနေသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် အခြားဆီအမျိုးမျိုးတို့ကို အဆိုပါဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစမ်းသပ်ပေးနေပြီး စားသုံးဖို့သင့်တော်မှုရှိ/မရှိ၊ လတ်ဆတ်မှုရှိ/မရှိ၊ အရည်အသွေးကောင်း/ မကောင်း၊ ကျန်းမာရေးနှင့်သင့်တော်မူရှိ/မရှိကို ဓာတ်ခွဲစမ်းသပ်ကာ သတ်မှတ်ထားသည့် ဆီအရည်အသွေးနှင့်ကိုက်ညီပါက အသိအမှတ်ပြု လက်မှတ်(Certificate) ထုတ်ပေးနေခြင်းဖြစ်သည်။
▪️ ထို့အတူဓာတ်ခွဲရလဒ်များအပေါ်မူတည်ပြီး ကုန်ကြမ်းပိုင်း ဆိုင်ရာနှင့် ကုန်ချောပိုင်းဆိုင်ရာ ပြင်ဆင်သင့်သည့် အကြံပြုချက်များအားလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ မန္တလေးဓာတ်ခွဲခန်း၌ မြန်မာပြည်အထက်ပိုင်းရှိ စားသုံးဆီအားလုံးကိုလာရောက်စစ်ဆေးနိုင်ကြောင်း သိရသည်။
▪️ ၎င်းအပြင် စားသုံးရန်သင့်/မသင့်စစ်ဆေးခြင်း၊ ကျန်းမာရေးအတွက် အထူးပြု/မပြုစစ်ဆေးခြင်း၊ ဆီ၏တာရှည်ခံနိုင်မှုနှင့် လတ်ဆတ်မှုကို စစ်ဆေး ခြင်းစသည်တို့ဖြင့် စစ်ဆေးသူ၏ စစ်ဆေးလိုသည့် အကြောင်းအရာပေါ်မူတည်ကာ ဓာတ်ခွဲပမာဏအလိုက် ကုန်ကျစရိတ်ကျသင့်သွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published_ 31 Jan 2025
▪️ နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်လိုက်ကြောင်း ယနေ့ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂ဝ၂၅)က သိရသည်။
▪️ အစည်းအဝေးတွင် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာစေရေးအတွက် ပညာရေးကဏ္ဍမြှင့်တင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကျန်းမာမှပညာ သင်ကြားနိုင်ပြီး လူမှုရေး၊ စီးပွားရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်ကိုစတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်း ဖြစ် ပွားနေသည့် လက်နက်ကိုင် ဝိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီ ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဖက်ဒရယ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လွတ်လပ် ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျ ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်နေမှု အခြေအနေများ၊ ပွဲကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေရွေးကောက်ပွဲနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက် လုပ် ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့်ပေးနိုင်ရန်တင်ပြခဲ့ကြောင်း သိရသည်။
▪️ ယင်းတင်ပြချက်များကို ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြကာ ယာယီ သမ္မတ (တာဝန်)တပ်မတော်ကာ ကွယ် ရေးဦးစီးချုပ်အပါအဝင်အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေ ညာ ထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
▪️ အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
#Yangon_Times/PP
၃၀ ဇန်နဝါရီ ၂၀၂၅
၃၀ ဇန်နဝါရီ China Media Group CMG ၏ တရုတ်နှစ်သစ်ကူး ညချမ်းပဒေသာဖျော်ဖြေပွဲကို ကမ္ဘာအနှံ့သို့ တိုက်ရိုက်ထုတ်လွှင့်ပြသတင်ဆက်ခဲ့ရာ ပထမပိုင်းကို CCTVမှ ပေးပို့လာသဖြင့်ဖော်ပြပေးအပ်ပါတယ်။
#Daily_News
Published 30 January 2025
၁။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ UNESCO စာရင်းဝင် သင်္ကြန်ပွဲတော်ကို ဂုဏ်ပြုတင်ဆက်မည်
၂။ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းကိုယ်စားပြုထုတ်ကုန်အမျိုးအစားများ ပါဝင်ပြသသွားမည်
၃။ နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်
၄။ အမေရိကန် AI နည်းပညာရပ်ဝန်းကို လှုပ်ခါလိုက်သည့် တရုတ် AI အက်ပ် DeepSeek ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့အတွက် ဘိလပ်မြေတွေကို ပြည်ပကနေတင်သွင်းခွင့်ပြုထားတယ်လို့ သိရပါတယ်။
#Local_News
Published 30 January 2025
#ဘိလပ်မြေ #ပြည်ပမှတင်သွင်းခွင့်ပြု
#YMG/SW #Yangon_Times
ပြည်ထောင်စုတံခွန်စိုက်ဖလားမြန်မာ့ရိုးရာနဲ့ နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲကြီးကိုလာမယ့် လအတွင်းမှာကျင်းပသွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 30 January 2025
#မြင်းစီးအားကစားပြိုင်ပွဲ #မြင်းစီးအားကစားအဖွဲ့ချုပ်
#YMG/NN #Yangon_Times
Page 101 of 1989