မြို့ပြအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းတွေထဲမှာ အကြီးဆုံးတစ်ခုဖြစ်တဲ့ Eco Green City စီမံကိန်းမှ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်းတစ်ထောင်ကျော် တည်ဆောက်ပြီးစီးပြီဖြစ်တယ်လို့ Alliance Stars Group of Companies မှ သိရပါတယ်။
#Local_News
Published 28 March 2025
#Eco_Green_City #တန်ဖိုးနည်းအိမ်ရာ
#YMG/SW #Yangon_Times
#Local_News
Published 28 March 2025
▪️ ယနေ့နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တောင်ငူ မြိုရှိ စစ်ဘေးရှောင်များနားခိုနေသည့် ဝေဠု၀န်ကျောင်းမှာ ပြိုကျပြီး စစ်ဘေးရှောင်ကလေး ၂၀ ကျော်ပိတ်မိနေကြောင်း သိရသည်။
▪️ အဆိုပါ ပိတ်မိနေသောကလေးငယ်များကို ပရဟိတအသင်းများ အရေးပေါ်ကယ်ဆယ်နေရကြောင်း သိရသည်။
▪️ အင်အားအလွန်ပြင်းထန်သည့် ပြင်းအားအဆင့် ၇.၇ ရှိသည့် ငလျင်ကြီးတစ်ခုသည် မြန်မာနိုင်ငံစစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၌ ယနေ့မတ် ၂၈ ရက်မွန်းလွဲ ၁နာရီကျော်ခန့်က ဗဟိုပြုလှုပ်ရှားသွား ကြောင်း အမေရိကန် ငလျင်စင်တာ USGS ၏ သတင်းထုတ်ချက်အရသိရသည်။
▪️ အဆိုပါ ငလျင် လှုပ်ခတ်မှုနှင့်အတူ နိုင်ငံအဝှမ်း၌လည်း ငလျင်လှုပ်ခတ် မှုများကို တစ်ပြိုင်နက်နီးပါးခံစားခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 March 2025
▪️ ရန်ကုန်မြို့မှာ မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်ခန့် နှင့် ပဲခူးတိုင်းအပါအဝင် ကျန်တိုင်းနှင့်ပြည်နယ်များမှာလည်း တစ်ပြိုင်နက်နီးပါး မြေငလျင်များ လှုပ်ရှားသွားရာ စစ်ကိုင်းတံတားဟောင်းပြိုကျပြီး မြို့များ၌ ပျက်စီးမှုများရှိလာကြောင်းဒေသခံများနှင့် မြေငလျင်သတင်းများစင်တာမှ သိရသည်။
▪️ အဆိုပါ မြေငလျင်လှုပ်ခတ်မှုမှာ မိနစ်ပိုင်းအထိကြာမြင့်ခဲ့ပြီး ရန်ကုန်တစ်မြို့လုံးအပြင် မန္တလေး၊ မိတ္တီလာ၊ တာချီလိတ်၊ မူဆယ်၊ ပြည်၊ ဘားအံများအပြင်ဒေသအနှံ့၌ ပြင်းထန်စွာခံစားခဲ့ရကြောင်း ဒေသခံများကပြောသည်။
▪️ မြေငလျင်သတင်းများစင်တာမှ သတိပေးချက်များအရ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျပျက်စီးမန္တလေးတွင်လည်း တိုက်အချို့ပြိုကျသည်ဟု ကနဦး သိရသည်။
▪️ ထို့အပြင် နောက်ဆက်တွဲ ငလျင်ငယ်များထပ်မံ လိုက်ခတ်နိုင်ကြောင်း မြေငလျင်သတင်းများစင်တာမှလည်း သတိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published_28 March 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မြေနီကုန်းခုံးကျော်တံတားအနီးတွင် မတ်လ ၂၇ ရက် ယမန်နေ့ ည ၁၁ နာရီခွဲခန့်အချိန်က ယာဉ်တိမ်းမှောက်၍ တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
▪️ သေဆုံးသူမှာ ယာဉ်မောင်း လူငယ်တစ်ဦးဖြစ်ပြီး ယာဉ်ပေါ်တွင် အရွယ်မရောက်သေးသည့် ကလေးများလည်း ပါဝင်ကြောင်း၊ ဟံသာဝတီအဝိုင်းဘက်က မြေနီကုန်းဘက်သို့ မောင်းနှင်လာစဉ် မဟာမြိုင်မှတ်တိုင်အကျော် ရောက်ရှိချိန်တွင် အရှိန်လွန်ကာတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ “မဟာမြိုင်မှတ်တိုင်အလွန် မှာ ဓာတ်တိုင်ကို တိုက်တာ။ ကားက အရှိန် ဘယ်လောက် ပြင်းလဲဆိုရင် ဓာတ်တိုက်တိုက်ပြီး မြောက်တက်သွားပြီးတော့ ခရစ်ယာန်ဘုရားကျောင်းနားထိ ရောက်သွားတာ။ ကားပေါ်မှာ ပါတဲ့ ကလေးနှစ်ယောက်ကတော့ နည်းနည်းပါးပါးပဲ ထိတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်” ဟု မျက်မြင်တွေ့ရှိသူက YMG ကို ပြောသည်။
▪️ ယင်းယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် သတင်းအရ စမ်းချောင်းအရန်မီးသတ်က အရေးပေါ်လူနာတင်ယာဉ် ၂ စီးထွက်ခွာခဲ့ပြီး ဖြစ်စဉ်မှာ ယာဉ်ပေါ်ပါ သေဆုံးသူယာဉ်မောင်း အမျိုးသားကို စမ်းချောင်းအရန်မီးသတ်လူနာ တင်ယာဉ်ဖြင့်လည်းကောင်း၊ အနီရောင်အဆင့် အမျိုးသမီးလူနာနှင့် ဦးခေါင်းထိခိုက် ကလေးငယ်၂ ဦး(ပွန်းပဲ့ ဒဏ်ရာ အနည်းငယ်ရရှိ)ကို အကြင်နာကုသိုလ်ပြုရုံးခွဲ(စမ်းချောင်း) လူနာတင်ယာဉ်ဖြင့် လည်းကောင်း ရန် ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း စမ်းချောင်း ရဲသူရိန်အရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။
#Yangon_Times/PP
#Daily_News
Published 27 March 2025
၁။ သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်
၂။ အမေရိကန်သို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရန်ပြင်ဆင်
၃။ ယခုနှစ်ထောပတ်သီးတန်ချိန် တစ်သောင်းကျော်တင်ပို့
၄။ တရုတ်စီးပွားကူးသန်းဝန်ကြီးနှင့် Apple စီအီးအိုတို့ တရုတ်-အမေရိကန် စီးပွားဆက်ဆံရေး တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ဆိပ်ကမ်း၌ ကုန်သေတ္တာတန်ချိန် ၅၀၀၀၀ သင်္ဘောကြီးတွေကို အဝင် အထွက်အတွက် လက်ခံဝန်ဆောင်မှုပေးနေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 27 March 2025
#ရန်ကုန်ဆိပ်ကမ်း #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
အခုနှစ်ထောပတ်သီးရာသီချိန်အတွင်း ထိုင်းနိုင်ငံကို တန်ချိန်တစ်သောင်းကျော်တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 27 March 2025
#ထောပတ်သီး #မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်
#YMG/NN #Yangon_Times
Page 11 of 1961