၃၀ မတ် ၂၀၂၅
ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေယာဉ် ပြေးလမ်း များနှင့်လမ်းတံတားများကို အမြန်ဆုံးပြန်လည် ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်သွားရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားပါတယ်။
ယနေ့ မတ်လ ၃၀ရက် မနက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းမမှာကျင်းပတဲ့ ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန် ဆုံးဆောင်ရွက်သွားနိုင်ရေး အထူး အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက် အစီးများအားရှင်းလင်းဖယ် ထုတ်ခြင်း အပိုင်း၊ ပြိုကျပျက်စီးနေဆဲအဆောက်အဦများအား ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျရှင်းလင်း ဖယ်ရှားခြင်းအပိုင်း၊ ပြန်လည်တည် ဆောက်ခြင်းအပိုင်းဟူ၍ အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်သွားရမယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက် အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့ အနေဖြင့် အင်တိုက် အားတိုက်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ငွေကြေး အင် အား၊ လူအင်အား၊ ယာဉ်ယန္တရား အင်အား များစွာကို သုံးစွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ပုဂ္ဂလိတည်ဆောက်ရေး လုပ်ငန်းများကို လည်း ထောက်ပံ့ပေးရန်လိုအပ်မည်ဖြစ် သဖြင့် နိုင်ငံတကာမှအကူအညီများ တောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ကိုလည်း ထည့်သွင်းတောင်းခံသွားရန်လို ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြား ပါတယ်။
အဲဒီအပြင် အဆောက်အဦအာမခံလုပ်ငန်းများတွင် အာမခံထားရှိမှုများကိုလည်း စနစ် တကျစိစစ်၍ အာမခံငွေကြေးများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားဖို့ကိုလည်း ပြောပါတယ်။
နိုင်ငံတကာမှလာရောက်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် နေရေး၊ စား ရေး အဆင်ပြေစေရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အခြေအနေအတိုင်း ပြန်လည်သွားလာနိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊စစ်ကိုင်း-မန္တလေးလမ်းဟောင်း ပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ)ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှုအား အမြန်ဆုံး ပြန်လည်ဆယ်တင် ဆောင်ရွက်သွားရန်လိုပြီး ရေလမ်းကြောင်း အမြန် ပြန်ပွင့်အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ယင်းရထားလမ်းအပြင် အခြားငလျင်ဘေးဒဏ် ကြောင့် ယိုယွင်းမှုများဖြစ်ပေါ်ခဲ့ရသည့် ရထားလမ်းများကိုလည်း အမြန်ဆုံးပြန်လည်ပြေး ဆွဲပေးနိုင် ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင် ရွက်နိုင်ရေးအတွက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လေယာဉ် ပြေးလမ်းများကိုလည်း အမြန် ဆုံးပြန်လည်ပြုပြင်ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ ယိုယွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လမ်း တံတား များ လမ်းတံတားများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ အမြန်ဆုံးပြန်လည် ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် တန်ချိန်များစွာကို မတင်နိုင်သည့် ကရိန်းကားများကို လည်းငလျင်ဘေးဒဏ်သင့်ဒေသများသို့ အမြန်ဆုံးစေလွှတ်ဆောင်ရွက်သွားစေရန်လိုကြောင်း ဗိုလ်ချုပ် မှူးကြီးကပြောကြားပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေးနှင့် ခိုင်ခိုင်မာမာ ဖြစ်စေရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေး နန်းမြို့ရိုးတစ်လျှောက် ထိခိုက် ပျက်စီးမှုသည် ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ပြန် လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပျက်ဆောင်ရွက် သွားရန်နှင့် အုတ်ရိုးပြုပြင်မှုအား အရည်အသွေးမြင့်၊ စံချိန်မီ အုတ်များကို အသုံးပြု၍ မိုး မကျမီပြုပြင်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးမြို့တွင်းရှိ ဘုန်းတော် ကြီးကျောင်းများတွင် အဆောက်အဦနေရာအနည်းငယ်အတွင်း သံဃာတော်များ အများအပြား သီတင်း သုံးနေထိုင်လျက်ရှိသဖြင့် သံဃာတော်များအားလုံး၏ ဆွမ်းကွမ်းနှင့် ဝေရာဝစ္စကိစ္စရပ်များအားလုံး အဆင်ပြေစေရေး သင့်လျော်သည့်စီမံမှုများဆောင်ရွက်ပေးသွားရန်လိုကြောင်း။
ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများကို သင်ခန်းစာ ယူ၍ လမ်း တံတားနှင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်စံနှုန်းများကို စနစ် တကျတွက်ချက်ဆောက်လုပ်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလှုပ်ခတ်ခဲ့ သည့် ငလျင်ဆိုင်ရာ အချက်အလက်နှင့် ဖြစ်ပေါ်မှုများကိုလည်း စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်နှင့် ထုတ်ပြန်မှုများ ဆောင်ရွက်ပေး သွားရန်လိုကြောင်း။
ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း ငလျင် ဘေးဒဏ်သင့်ခဲ့ရသူများ အားလုံး၊ ရသင့်ရထိုက်သူများ အားလုံးရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွားရန်လိုပြီး စားရေး၊ သောက်ရေး အဆင်ပြေအောင်ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ စာရင်းများ မထပ်စေရေးနှင့် ကျန်နေခဲ့ရသူများ မရှိစေရေး မျှမျှတတဖြစ်စေရေး တာဝန်ရှိသူများအားလုံးက ကြပ်ကြပ်မတ်မတ်ဖြင့် စနစ်တကျစာရင်းကောက်ယူပြုစုဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည် ထူထောင် ရေးဆိုင်ရာကိစ္စရပ်များကို များစွာဆောင်ရွက်သွားရမည်ဖြစ်ပြီး ဦးစားပေး အဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ် ၂၉ ၂၀၂၅
မြန်မာငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန်အတွက် အိန္ဒိယအစိုးရက စေလွှတ်လိုက်တဲ့ အဖွဲ့ဝင် ၈၀ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ မတ် ၂၉ ရက် ညတွင် အထူးလေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိခဲ့ပါတယ်။
အဆိုပါအိန္ဒိယလေယာဉ်နှစ်စီးသည် ငလျင်ဘေးဒဏ်ခံရပြီးနောက် နေပြည်တော်လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်တဲ့ ပထမဆုံးသော နိုင်ငံရပ်ခြား ကယ်ဆယ်ရေးလေယာဉ်ဖြစ်ပါတယ်။
လေယာဉ်မှူးများရဲ့ကျွမ်းကျင်မှုကြောင့် နေပြည်တော်လေဆိပ်သို့ အခက်အခဲမရှိ ဆင်းသက်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။
အဆိုပါ ကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့နှင်ကယ်ဆယ်ရေးပစ္စည်းများကို နေပြည်တော်မှ မန္တလေးမြို့သို့ နိုင်ငံတော်မှ ရဟတ်ယာဉ်များနှင့်ကားများ ဖြင့် ညတွင်းချင်းဆက်လက်ပို့ဆောင်ပေးခဲ့ တယ်လို့သိရ ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့များ အိန္ဒိယမှဆက်လက်ရောက်ရှိလာဦးမယ်လို့သိရပါတယ်။
@ymg/knl
#Daily_News
Published 29 March 2025
၁။ ဓာတ်ဆီဈေးပြန်တက်၊ ဒီဇယ်ဈေး ဆက်ကျ
၂။ ငလျင်ကယ်ဆယ်ရေးအတွက် အရေးပေါ်ကွပ်ကဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက်နေ
၃။ ဧပြီလ၌ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဟု မိုးဇလအသိပေး
၄။ တင်သွင်းမော်တော်ယာဉ်များအပေါ် အမေရိကန်အခွန်တိုးမြှင့်စည်းကြပ်လိုက်ခြင်းကို ဥရောပအသိုင်းအဝိုင်းမှသတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 March 2025
▪️ မလေးရှားဒုတိယဝန်ကြီးချုပ် Datuk Seri Dr Ahmad Zahid Hamidi က မြန်မာနိုင်ငံ မြေငလျင် ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခြင်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများနှင့် အဆောက်အဦး အများအပြား ပျက်စီးခြင်းတို့ကြောင့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကို စေလွှတ်ထားကြောင်း ပြောကြားထားသည်။
▪️ “မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အာဆီယံသွေးစည်းညီညွတ်တဲ့မိတ်ဖက်နိုင်ငံအနေနဲ့ မလေးရှားနိုင်ငံက ဒုက္ခရောက်နေတဲ့နိုင်ငံတွေကို အပြည့်အဝကူညီပံ့ပိုးပေးဖို့ ကတိပြုထားပါတယ်။ မလေးရှားအစိုးရက မြန်မာနိုင်ငံကို အထူးမလေးရှားသဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ (Smart) ကို စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်မှာ ရန်ကုန်မြို့ကို ရောက်ရှိနိုင်မည်” ဆိုပြီး သတင်းထုတ်ပြန်ထားသည်။
#Ref; New Straits Times (ဓာတ်ပုံ- Pasukan Mencari Dan Menyelamat Khas Malaysia/Facebook)
#Local_News
Published_29 March 2025
▪️ မန္တလေး Sky Villa ကွန်ဒိုပြိုကျမှု သေဆုံးသူ ကိုးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ၄၃ ဦးကို အသက် ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
▪️ ယင်းမှာ ယနေ့ မတ်လ ၂၉ ရက် နံနက်ထိ စာရင်းအရဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဖြစ်ပွားချိန်မှ ယခုတိုင်ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း သိရသည်။
▪️ Sky Villa ကွန်ဒိုမှာ အောင်မြေသာဇံမြို့နယ် လမ်း ၆၀၊ ၂၂ လမ်းနှင့် ၂၃ လမ်းအကြားတွင် တည်ရှိပြီးအမြင့် ၁၁ ထပ်ရှိကြောင်း၊ ငလျင်ကြောင့် ကွန်ဒိုအခန်းအချို့ မြေကြီးအောက်ကျွံဝင်ခဲ့ကာ ခုနစ်ထပ်သာကျန်ရှိတော့ ကြောင်း သိရသည်။
▪️ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မန္တလေးမြို့ ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြည်ဦးလွင်မြို့နယ်မီး သတ်စ ခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများ က ပူးပေါင်ဆောင်ရွက်ကြကြောင်း သိရသည်။
▪️ Photo-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#Yangon_Times/PP
သွင်းကုန်လိုင်စင်အတွက် မြိတ်၊ ကော့သောင်းနှင့် မန္တလေးမြို့တွေမှာ တင်သွင်း/တင်ပို့ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်တဲ့ အကောက်ခွန်ဆိုင်ရာ ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဥ်တွေကို ဧပြီလ ၁ ရက်ကစပြီး MACCS စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 March 2025
#သွင်းကုန်လိုင်စင် #MACCS
#YMG/SW #Yangon_Times
#Local_News
Published 29 March 2025
▪️ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်း၍ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျ စစ်ဆေးစိစစ်မှုများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ သို့သော် လုပ်ငန်းပမာဏအလွန်ကြီးမားသည့်အတွက် အဆိုပါလုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ရန် လုပ်အားပေးအင်ဂျင်နီယာများ၏ အကူအညီ အထူးလိုအပ်လျက် ရှိနေရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် အခြားမြို့ကြီးများရှိ စိတ်ပါဝင်စားသူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကိုစစ်ဆေးရာတွင် စနစ်တကျနှင့် တပြေးညီ ဖြစ်စေရန် Online မှ သင်တန်းတစ်ခုအား အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်အားပေးလိုသူ အင်ဂျင်နီယာများ အနေဖြင့် ဧပြီလ ၁ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ စိတ်ပါဝင်စားသူ အင်ဂျင်နီယာများ အနေဖြင့် - ကိုဝေရာအောင်၊ နည်းပညာဆိုင်ရာ အင်ဂျင်နီယာ၊ တယ်လီဖုန်း - ၀၉ ၄၅ ၆၆၇ ၂၂၉၃Email
သို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 2 of 1957