#Local_News
Published_ 4 May 2023
စက်သုံးဆီဈေးမှာနှုန်းထား ယခင်လကထက်နှစ်ရာကျပ်ဝန်းကျင်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်း
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
လာမယ့်ရက်ပိုင်း မေလ(၈)ရက်မှာ မြန်မာနိုင်ငံမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာမှာဖြစ်ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲတိုက်ခတ်နိုင်ခြေ ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #ဆိုက်ကလုန်းမုန်တိုင်း #ကမ်းရိုးတန်းဒေသများ
#YMG #Yangon_Media_Group
#Daily_News
Published_ 4 May 2023
၁။ မေလအတွင်း ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိ၊ ကမ်းရိုးတန်းဒေသများ အထူးသတိထားရမည်
၂။ စက်သုံးဆီဈေး ဆက်လက်ကျဆင်းနေ
၃။ ပုဂံညောင်ဦးတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကဇာတ်ရုံနှင့်နေအိမ်အချို့ ထိခိုက်ပျက်စီး
၄။ကမ္ဘာတစ်ဝှမ်းမှအသက်များကိုကယ်ဆယ်နိုင်ရန် မက္ကဆီကိုခွေးများအား လေ့ကျင့်သင်ကြားပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 4 May 2023
ပြည်တွင်းရွှေဈေးဟာ မေလ ၄ ရက်နေ့မနက်ပိုင်းမှာ သိန်း ၃၀ကျော် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၂၀၅၀ ကိုစံချိန်တင်မြင့်တက်နေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
သီပေါရှိ ဘုန်းကြီးကျောင်းနှစ်ထပ်ကျောင်ဆောင် မီးလောင်မှု ၁ နာရီကျော် မီးငြှိမ်းခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သိရသည်။
မေလ ၄ ရက်နေ့လယ် ၁၂ နာရီခန့်ကရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နောင်တော်ကြီးကျေးရွာ၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကို သီပေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ နမ့်လန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပန်ညုအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နောင်ကော်ကြီးအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည်တစ်နာရီအချိန် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ မီးသတ်တပ်ဖွဲ့က သိရသည်။
#ymg/ppk #Local_News #သီပေါ #ဘုန်းကြီးကျောင်းမီးလောင်မှု
#YMG #Yangon-Media-Group
#Local_News
Published_ 4 May 2023
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games) တွင် အမျိုးသားဘော်လီဘောပြိုင်ပွဲ၌ မလေးရှားအသင်းမှ မြန်မာအသင်းအား(၃)ပွဲ(၁)ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်၊၊
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့်( ၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မေလ(၄)ရက် အမျိုးသားဘော်လီဘောအုပ်စုပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားအသင်းမှ မြန်မာအသင်းကို ရမှတ် (25/22) ၊ (21/25)၊ (14/25)၊ (20/25)ရရှိပြီး (၃)ပွဲ (၁)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်၊၊
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မေလ(၄)ရက်နံနက် (၁၁)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်၊၊
ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ် စတင်လက်ခံကျင်းပနေပြီဖြစ်သည့် (၃၂)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၏ မေလ ၃ရက်နေ့တွင်ကျင်းပခဲ့သည့် အားကစားနည်းအချို့တွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးဘောလုံးအုပ်စုပွဲစဉ်တွင် မြန်မာနှင့် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ (၁-၀) ဖြင့် အနိုင်ရရှိခဲ့ကြောင်းလည်းသိရသည်၊၊
#ymg/tthl #Local_News #SEA Games #အမျိုးသားဘော်လီဘောပြိုင်ပွဲ #မလေးရှားအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေးတွေ မြင့်တက်လာတာတဲ့အတွက် မြို့စွန်ပိုင်းက တိုက်ခန်းတွေ အရောင်းအဝယ် ကောင်းလာတယ်လို့ သိရသည်။
"ရန်ကုန်ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိတဲ့ တိုက်ခန်းတွေက ဈေးအဆမတန်မြင့်တက်လာတယ်။ အဲတော့ လူတွေက မြို့စွန်မှာရှိတဲ့ တိုက်ခန်းတွေကို ဝယ်လာကြတယ်။ အဓိကဝယ်တဲ့သူတွေက ရန်ကုန် အချက်အချာနေရာတွေက လူတွေနဲ့ နယ်ကလူတွေ လာဝယ်ကြတာက များပါတယ်။ အများစုက အိမ်ငှားပြန်တင်တာပါ"လို့ တောင်ဒဂုံမြို့နယ်အတွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က YMG သို့ ပြောသည်။
အိမ်၊ခြံ၊မြေဈေးဟာ သိန်းထောင်သောင်းဂဏန်းအထိ မြင့်တက်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေဟာ မြို့စွန်တိုက်ခန်းတွေကို ပြန်စိတ်ဝင်စားလာကြောင်း သိရသည်။
တိုက်ခန်းဝယ်ယူတဲ့သူတွေဟာ အခန်းတွေကို အဆင့်မြင့် သေချာပြင်ဆင်ထားပြီး၊ မြို့စွန်တိုက်ခန်းတွေရဲ့ ငှားရမ်းခကတစ်လကို ကျပ်တစ်သိန်းကနေ ကျပ်တစ်သိန်းခွဲအထိနှုန်းနဲ့ ပြန်အငှားချလို့ ရတဲ့အတွက် အရောင်းအဝယ် ဖြစ်လာတာလို့လည်း သိရသည်။
ရန်ကုန်မြို့စွန်မှာရှိတဲ့ တိုက်ခန်းဈေးဟာ သိန်း ၂၀၀ ကနေ ကျပ် သိန်း ၅၀၀ အထိ ရှိနေတဲ့အပြင်ကားဈေးကွက်နှင့် နှိုင်းယှဉ်ပါကတိုက်ခန်းတွေက အကျိုးအမြတ် ပိုခိုင်မာနေကြောင်း သိရသည်။
#ymg/ppk #Local_News #ရန်ကုန်မြို့စွန် #အရောင်းအဝယ်ပိုကောင်း
#YMG #Yangon-Media-Group
Page 1000 of 1920