#Health_Matters
Published_ 6 May 2023
- မျိုးဆက်ပွား ကျန်းမာရေးမှာ မိသားစုစီမံကိန်း Family Planning မရှိကြတာ အားနည်းကြတာဟာ ဘယ်လိုဆိုးကျိုးဖြစ်စေနိုင်ပါသလဲ??
#Health_Matters #စေတနာ့ဝန်ထမ်းလူငယ်များ #မျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 6 May 2023
ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေရွှေကုန်သည်တွေအနေဖြင့် ရွှေဈေးကိုသိန်း ၃၀အထက်ဈေးနဲ့ ရောင်းချပါက ဒါမှမဟုတ် ဈေးမတန်တဆတင်ပြီးရောင်းချပါက စသုံးလုံးဌာနမှ အသွင်ယူစုံစမ်းပြီး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းရွှေအသင်းက အစည်းဝေးပြုလုပ်ပြီး သတိပေးထားပါတယ်။
#Local_News #ရွှေဈေးသိန်း ၃၀ အထက် #Gold
#YMG #Yangon_Media_Group
#Daily_News
Published_ 6 May 2023
၁။ ရွှေဈေးသိန်း ၃၀ အထက်ဈေးဖြင့် ရောင်းချပါက အရေးယူမယ်လို့ သတိပေးထားသော်လည်း ပြင်ပရွှေဈေး သိန်း ၃၀ အထက်သို့မြင့်တက်
၂။ ယခုလ(၅)ရက်တာအတွင်း ကိုဗစ်ပိုးတွေ့သူ(၇၈၃)ဦးရှိ၊ ကာကွယ်ဆေးထပ်ထိုးရန်နှင့် Mask တပ်ရန်လိုဟု
၃။ ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားဖြင့် မြန်မာမှရွှေ(၂)ဆု၊ ငွေ(၁)ဆု၊ ကြေး(၄)ဆု၊စုစုပေါင်း(၇)ဆုရရှိထား
၄။ ဂျပန်နိုင်ငံ၏ လတ်တလောစစ်ရေးမြှင့်တင်မှု အခြေခံဥပဒေကိုချိုးဖောက်ဟု ဂျပန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဝေဖန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 6 May 2023
- မျိုးဆက်ပွားကျန်းမာရေးဆိုတာ ဘာကိုပြောတာလဲဆရာ??
#Health_Matters #စေတနာ့ဝန်ထမ်းလူငယ်များ #မျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published-6 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှတ်တိုင်အနီးတွင် ခရီးသည်တင် YBS 61 ဘတ်စ်ကားက အမျိုးသမီး ၁ဦးကို ဝင်တိုက်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကမာရွတ်မြို့နယ်ဒေသခံများထံက သိရသည်။
ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးတွင် ဦးထွန်းလင်းခြံဘက် မှ လမ်းတစ်ဖက်သို့ဖြတ်ကူးစဉ်မေလ ၆ ရက် နံနက် ၉ နာရီကျော်က YBS 61 ကားက ဝင်တိုက် မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မီးပွိုင့် နီးနီးလေးမှာဖြစ်တာ။ ယာဉ်တိုက်ခံရပြီးပွဲချင်းပြီးသေဆုံးသွားတာ။ ဂုတ်မှာလည်း ဒဏ်ရာနဲ့။ ကားရှေ့ဘီးထဲ ခါးဝင်သွားတာလို့လည်းသိရတယ်"ဟု ကမာရွတ်မြို့နယ် ရပ်ကွက်နေပြည်သူများထံက သိရသည်။
သေဆုံးသူအမျိုးသမီးမှာ တောင်ဒဂုံမြို့နယ်မှ အသက်၁၈ နှစ်အရွယ်ဟုသိရပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကမာရွတ်မြို့နယ်လူမှုကူညီရေးအသင်းကပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
YBS 61ယာဉ်လိုင်းသည် ဆူးလေနှင့် လှိုင်သာယာအနောက်ပိုင်း တက္က သိုလ်သို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။
#ymg/pl
#Yangon-Media-Group
#Local_News
Published_ 6 May 2023
သဘာဝဘေးအန္တရာယ်ဖြစ် ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။
တောင်တရုတ် ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများဖြစ် ပေါ်ပြီး မြန်မာနိုင်ငံအတွင်းဝင် ရောက်လာနိုင်ကြောင်းခန့်မှန်းရရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ပထမဆုံး အစည်းအဝေးကို မေလ ၅ ရက်က ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းအစည်းအဝေးတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် တပ်ရင်း၊ တပ်ဖွဲ့များက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
သဘာဝဘေးအန္တရာယ်ကျ ရောက်သောနိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးများကို ရာသီအလိုက်နှစ်စဉ်ကြုံတွေ့နေရ၍ ဖြစ်ပွားပေါ်ပေါက်လာပါက ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှလျော့နည်းစေရန်အတွက် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရှာဖွေကယ်ဆယ်ရေးအပါအဝင် တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်း စဉ်များကို အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ရန် လိုကြောင်းလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆိုထားသည်။
#ymg/pl #Local_News #သဘာဝဘေးအန္တရာယ် #ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
#Yangon_Media_Group
#Local_News
Published 6 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ရတနာပုံလမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းထောင့်တွင် သစ်ပင်လဲကျမှုဖြစ်ပွားပြီး အငှားယာဉ်ပေါ်၌ပိခဲ့သောကြောင့် ယာဉ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဉ်မှာ မေလ ၆ ရက် မွန်းလွဲ ၁နာရီ ၃မိနစ်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ရတနာပုံလမ်းနှင့်အထက်ကြည့်မြင်တိုင်လမ်းထောင့်တွင် သစ်ပင်အမြစ်ဆွေးမြေ့၍ လဲကျမှုဖြစ်ပြီး အငှားယာဉ်ကိုပိနေခဲ့ကြောင်း သိရသည်။
"အငှားယာဉ်ပေါ်ကို လာပိနေတော့ ယာဉ်မောင်းဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာကြီးကြီးမားမားတော့မဟုတ်ပါဘူး။ မှန်ကွဲစစင်တဲ့ ဒဏ်ရာပဲရတာပါ"ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ သိရသည်။
ယင်းဖြစ်စဉ်နေရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း မီးသတ်ဦးစီးဌာနကသိရသည်။
#ymg/pl #Local_News #ကြည့်မြင်တိုင် #အငှားယာဉ်ပေါ်သစ်ပင်ပိမှုဖြစ်
#YMG #Yangon-Media-Group
Page 995 of 1919