#Local_News
Published_ 15 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီ ဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို ကျဆင်းခဲ့ပြီး၉၂တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်းယ နေ့ ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်
#Local_News #စက်သုံးဆီဈေးနှုန်း #အကျဘက်ဆက်လက်တည်ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းမတီအနေနဲ့ မေလ ၁၅ ရက်နေ့ကနေ မေလ၂၁ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၄၂၀ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် ငွေကျပ် ၈၀ ခန့်ဈေးနူန်းကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #စားအုန်းဆီ #ရည်ညွှန်းဈေးနှုန်း #အပတ်ထက်ဈေးကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 15 May 2023
၁။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံစူဠာမဏိဘုရား ရေဝပ်၍ ရေစုပ်ထုတ်ခြင်းများဆောင်ရွက်ပေးနေ
၂။ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၂၀ သတ်မှတ် အရင်အပတ်ထက် ဈေးကျ
၃။ စက်သုံးဆီဈေးနှုန်း အကျဘက် ဆက်လက်တည်ရှိနေ
၄။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် နီတန်းဒိုး၏ ဇယ်လ်ဒါဂိမ်းစီးရီးအသစ် နောက်ဆုံးမှာထွက်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 15 May 2023
ပုဂံဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေ များခဲ့တဲ့အတွက် ပုဂံစူဠာမဏိဘုရားအပါအဝင် ပုဂံဘုရားအချို့မှာ ရေဝပ်တာတွေ ဖြစ်ပေါ်နေပြီး ရေတွေစုပ်ထုတ်ပေးနေတယ်လို့ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မိုးသည်းထန်စွာရွာသွန်း #ပုဂံစူဠာမဏိဘုရား #ရေဝပ်
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၁၅ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၁၄ ဒေါ်လာပေါက်ဈေးရှိနေပြီး ဈေးဆက်လက်မြင့်တက်နေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
ရန်ကုန်တိုင်းရွှေအသင်းကတော့ ၂၃သိန်း၇သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ရန်ကုန်ရွှေအသင်း #ပြင်ပပေါက်ဈေးသိန်း၃၀ကျော်
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
ဆိုက်ကလုန်းမုန်တိုင်းမိုခါကြောင့် ဒေသ( ၈)ခုတွင်ဒေသခံပြည်သူ(၃)ဦးသေဆုံးခဲ့ပြီး လူနေအိမ် (၈၆၄)လုံးနှင့်ဆက်သွယ်ရေးတာဝါတိုင်(၇)ခု၊လမ်းမီးတိုင် (၇၁)တိုင်၊သာသနာရေးဆိုင်ရာ၊ပညာရေးဆိုင်ရာ၊ကျန်းမာရေးဆိုင်ရာ၊ ဌာနဆိုင်ရာအဆောက်အဦ (၁၄၃)ခုထိခိုက်ပျက်စီးခဲ့ကြောင်းနစက၏ထုတ်ပြန်ချက်အရ သိရသည်၊၊
မေလ(၁၅)ရက်နေ့ထုတ်ပြန်ချက်အရ စစ်တွေမြို့မှဒေသခံပြည်သူ ၁ ဦး၊ တောင်ကုတ်မြို့မှ ၁ ဦး၊ ရေ ကြည်မြို့မှ ၁ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
အဆိုပါ ထိခိုက်ပျက်စီးမှုစာရင်းသည်နေပြည်တော်၊ ချင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းတို့၏ ထိခိုက်ပျက်စီးစာရင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမှ သေဆုံးသူတစ်ဦးစာရင်းပါဝင်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့ ၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့ ၊ ပေါက်တောမြို့ ၊ ဘူးသီးတောင်မြို့နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် အသေးစိတ်ထပ်မံစစ်ဆေးမှု ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်၊၊
ထုတ်ပြန်ချက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁
တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိသည်ဟုဖော်ပြထားသည်၊၊
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မေလ ၁၄ ရက်နေ့တွင် တိုက်ခိုက်မှုကြောင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ခု၌ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ လေဆိပ်နားနေဆောင် ၁ လုံး၊လမ်းမီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံးနှင့် အုတ်တံတိုင်း ၁ ခု ထိခိုက်ပျက်စီးခဲ့သည်၊၊
ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၅ ခု၌ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ
ရပ်ကွက်/ကျေးရွာ ၇ ခု၌ လူနေအိမ် ၁ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၃ ခု၊ လမ်းမီးတိုင် ၁ ခု၊ အုတ်တံတိုင်း ၃ ခု၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/
ကျေးရွာ ၇၂ ခု၌ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၂ လုံး၊ လမ်းမီးတိုင် ၁ လုံး၊ ဆိုင်းဘုတ် ၁ ခု ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်၊၊
မကွေးတိုင်းဒေသကြီးအတွင်းရှိရပ်ကွက်/ကျေးရွာ ၁၄ ခု၌ လူနေအိမ် ၂ လုံး၊ လမ်းမီးတိုင် ၉ ခု၊ အုတ်တံတိုင်း ၃ခုနှင့် ဒေသခံပြည်သူများ၏ စိုက်ခင်း ၇၈ ခင်းထိခိုက်ပျက်စီးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌ သာသနိကအဆောက်အဦ ၄ လုံး၊ ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၈၅ခု၌ လူနေအိမ် ၅၈၈ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၉ လုံး၊ ဈေး ၁ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ လမ်းမီးတိုင် ၇ ခု၊ ထရန်စဖော်မာ ၁ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၆ လုံး၊ အခြားပျက်စီးမှု ၁၈၁ ခုထိခိုက်ပျက်စီးခဲ့သည်၊၊
ယင်းအပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၅ ခု၌ လူနေအိမ် ၁၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ လမ်းမီးတိုင် ၃၆ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၁ ကွင်း နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ
၁၁၄ ခု၌ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅ လုံး၊လမ်းမီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့ ၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့ ၊ ပေါက်တောမြို့ ၊ ဘူးသီးတောင်မြို့နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် အသေးစိတ်ထပ်မံစစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်းရေးသား ဖော်ပြထားသည်၊၊
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
#ymg/tthl #Local_News #ဆိုက်ကလုန်းမုန်တိုင်းမိုခါ #လူ(၃)ဦးသေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 15 May 2023
မုန်တိုင်းသင့်ဒေသများတွင်ကယ်ဆယ်ပြန်လည်ထူထောင်ရေးအတွက် အလှုငွေ အလှူငွေ ကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်းကျော်ရရှိပြီ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မေလ ၁၄ ရက်က အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါ အလှူငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါအလှူငွေများမှာ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများက အလှူငွေကျပ် သိန်း ၁၀၀၀၀ နှင့် စေတနာရှင်၊ အလှူရှင်များက အလှူငွေများက လှူဒါန်းသော အလှူငွေများ အပါအဝင် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်း ရရှိခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "မုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပေါ်ပြီးချိန်တွင် စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်းလိုကြောင်းသိရှိရခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်းပွဲကို ကျင်းပ၍ အလှူငွေ များကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ “ တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာ ရှိသည် ” ဆိုသည့်အတိုင်း မိမိအနေဖြင့်ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတတ်သရောပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်းမြောက် ပါကြောင်း၊ AHA Center မှတာဝန်ရှိသူများအနေဖြင့်လည်း အကူအညီများပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အလားတူ အခြားနိုင်ငံများအနေဖြင့်လည်း အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းလာကြောင်း ပြောကြားခဲ့သည်။
ယင်းအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မောင်အုန်း နှင့် ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ymg/pl
#Local_News #မုန်တိုင်းသင့်ဒေသများ #ကယ်ဆယ်ပြန်လည်ထူထောင်ရေး #အလှူငွေကျပ်သိန်းပေါင်းတစ်သိန်းသုံးသောင်းကျော်ရရှိ
#YMG #Yangon_Media_Group
Page 974 of 1918