#Local_News
Published_ 19 May 2023
တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာ ချက် (DOC) အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၀) ကြိမ်မြောက် အာဆီယံ− တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် (၂) နှစ်ကြာမျှ ကွာဟပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟလောင်မြို့၌ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့် ပင်လယ် သမုဒ္ဒရာဆိုင်ရာဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Hong Liang တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲပါတယ်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာကြေညာချက် (DOC) အကောင်အထည်ဖော်မှု၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ ကြပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် DOC အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးကို အားပေးမြှင့်တင်ရန် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အသစ်များ ကြိုဆို ခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံ ချက်များကို အတည်ပြုခဲ့ကြပါတယ်။
ဆက်လက်၍ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး တစ်ရပ်၏ တစ်ခုတည်းသောညှိနှိုင်းစာသား ဆောလျင်စွာ အပြီးသတ်ရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ရန် DOC ဆိုင်ရာ အာဆီယံ−တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်သွားဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။
ထို့ပြင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာ ချက် (DOC) အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ၁၉၈၂ ခုနှစ် ပင်လယ်ပြင် ဥပဒေဆိုင်ရာကုလသမဂ္ဂကွန်ဗင်ရှင်းအပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ ထိရောက်၍ အနှစ် သာရပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် (COC) ဆောလျင်စွာ အပြီး သတ်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ကတိပြုကြပါတယ်။
DOC အကောင်အထည်ဖော်ရေးဆိုင်ရာ (၂၁)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စတုတ္ထ သုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ကြောင်း သတင်းရရှိပါတယ်။.
#YMG #Yangon_Media_Group
Published 18 May 2023
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများကို ဒေသတွင်းနိုင်ငံများထဲတွင် ပထမဦးဆုံးအဖြစ်ပေးအပ်ခဲ့ပြီး ဆက်လက်ကူညီဦးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာက ယနေ့ မေလ ၁၈ ရက်နေ့မှာ တွစ်တာတွင် ရေးသားခဲ့ပါတယ်။
“ ဆိုင်ကလုံး မိုခါ ရဲ့ အကျိုးဆက်ခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် အိန္ဒိယနိုင်ငံဟာ မိတ်ဆွေအနေနှင့် ကရုဏာစစ်ဆင်ရေး Operation Karuna အဖြစ် ကူညီမှုတွေ ပြုလုပ်ဆောင်ရွက်နေပါပြီ။ ပြန်လည်ထူထောင်ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ အိန္ဒိယရေတပ်စစ်သင်္ဘော (၃)စီးဟာ ဒီကနေ့ ရန်ကုန်ကိုရောက်ရှိလာပါပြီ။ စတုတ္ထမြောက်သင်္ဘောဟာ မနက်ဖန်ဆိုက်ကပ်ပါလိမ့်မယ်။ သင်္ဘောတွေဟာ အရေးပေါ် အစားအသောက်တွေ၊တဲတွေ၊မရှိမဖြစ်ဆေးဝါးတွေ၊ရေပန့်တွေ၊ အပေါ့သုံးမီးစက်တွေ၊အဝတ်အထည်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေစသဖြင့် သယ်ဆောင်လာပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာရေးခဲ့ပြီး ပုံတွေပါတင်ခဲ့ပါတယ်။
Source: twitter
#YangonMediaGroup
#မိုခါဆိုင်ကလုန်း
#မြန်မာ_မိုခါမုန်တိုင်း
#Local_News
Published_ 18 May 2023
ရခိုင်ပြည်နယ် သဘာဝဘေး အကူအညီပေးနိုင်ရေးအတွက် ၊ YESC မှ လျှပ်စစ်ဝန်ထမ်း ၁၀၄ ဦး ပါဝင်တဲ့ အဖွဲ ရန်ကုန်မြိုမှ တပ်မတော် ရေယာဉ် ကမ်းထိုးစစ်သင်္ဘော မုတ္တမ နဲ့အတူ လိုက်ပါသွားခဲ့တယ်လို YESC က ထုတ်ပြန်ပါတယ်။
#Local_News #EPC #မုန်တိုင်း #ရခိုင်မှာမီးစက်ဖြင့်လျှပ်စစ်မီးပေး
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
တိုင်းရင်းသားရိုးရာဂီတ ဖန်တီးမှုတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဖိတ်ခေါ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊၊
#Local_News #တိုင်းရင်းသားဂီတဖန်တီးမှုမျာ #နိုင်ငံတကာအထိထိုးဖောက်
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
မေလ(၁၉)ရက်မှစပြီးအခုရက်ပိုင်းအတွင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်မှုကြောင့်စစ်ကိုင်း၊မကွေး၊ပဲခူး၊ ချင်းတိုတွင်မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #မိုးတိမ်တောင်များ #စစ်ကိုင်း၊မကွေး၊ပဲခူး၊ချင်းဒေသ #မိုးသက်လေပြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုရန်ကုန်မြို့ရှိ လူမှုကူညီရေးအဖွဲတွေထံ ပေးပို့လှူဒါန်းထားနိုင်တယ်လို့ ရန်ကုန်မြိုရှိ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Local_News #ရခိုင်ဒေသ #မုန်တိုင်းဘေးသင့်ပြည်သူများ #လိုအပ်သောပစ္စည်းများ #ရန်ကုန်မြို့ #လူမှုကူညီရေးအဖွဲ့
#YMG #Yangon_Media_Group
#Daily_News
Published_ 18 May 2023
၁။ ရခိုင်ဒေသရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် လိုအပ်သောပစ္စည်းများကို ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့ အချို့ထံပေးပို့ လှူဒါန်းထားနိုင်
၂။ မိုးတိမ်တောင်များကြောင့် စစ်ကိုင်း၊မကွေး၊ပဲခူး၊ချင်းဒေသတို့တွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်
၃။ တိုင်းရင်းသား ဂီတဖန်တီးမှုများ နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေဟုဆို
၄။ ကီဘာယာဝတ်စုံကို ဒေသတွင်းယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုရန် အရှေ့တောင်အာရှနိုင်ငံအချို့ ကြိုးပမ်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 967 of 1918