#Local_News
Published_ 19 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၈ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၈၄၂၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၃၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #ကိုဗစ်လူနာသစ်၁၃၃ ဦး
#YMG #Yangon_Media_Group
#Local_New
Published_ 19 May 2023
ယခု တစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားတစ်ရာဝန်းကျင် ပြန်ဈေးတက်လာပြီး ၉၂တစ်လီတာလျှင် ၁၉၈၅အထိ ရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_New #စက်သုံးဆီဈေးနှုန်း #၂၀၀၀ဝန်းကျင်
#YMG #Yangon_Media_Group
#Daily_News
Published_ 19 May 2023
၁။ စက်သုံးဆီဈေးနှုန်း ၂၀၀၀ဝန်းကျင်သို့ ပြန်တက်လာ
၂။ မြန်မာတွင် ကိုဗစ်လူနာသစ် ၁၃၃ ဦး ထပ်တွေ့ရှိ
၃။ မိုခါမုန်တိုင်းကြောင့် ဒေသ(၁၁)ခုတွင်ဒေသခံပြည်သူ(၅၄)ဦးသေဆုံး၊လူနေအိမ်နှင့်အဆောက်အဦး(၁)သိန်း(၈)သောင်းကျော် ထိခိုက်ပျက်စီးခဲ့ ၊ရခိုင်တွင်သေဆုံးသူ(၁၄၅)ဦးအထိရှိလာ
၄။ ရာသီဥတုပြောင်းလဲမှုကို နားလည်စေရန် နှင့် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်သည့် ရာသီဥတုအရေးပေါ်ပြခန်းကြီးအား ပဲရစ်တွင်ဖွင့်လှစ်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 19 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၁၉ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၆၇ ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ်ကျဆင်းလာတယ်လို ရန်ကုန်ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။ရန်ကုန်တိုင်းရွှေအသင်းကတော့ ၂၃သိန်း၁သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေး #ဒေါ်လာပေါက်စျေး #ပြင်ပရွှေပေါက်စျေး
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
တောင်ငူထောင်(သီးသန့်) တရားရုံး၌ရုံးထုတ်စစ်ဆေးစဉ်အချုပ်သားများက သေနတ် ၂ လက်လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။
မေလ ၁၈ ရက် ညညနေ ၃ နာရီချိန်ခန့်တွင် တောင်ငူမြို့အမှတ်(၇)ရပ်ကွက် တောင်ငူအကျဉ်းထောင်ဝင်ပေါက်၏တောင်ဘက် လမ်းတစ်ဖက်ခြမ်းရှိ(သီးသန့်) တရားရုံး၌ လုံခြုံရေးတပ်ဖွဲ့ဝင်အစောင့်အရှောက်များလိုက်ပါလျက် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦးတို့အား ရုံးထုတ်စစ်ဆေးစဉ် ယင်းအထဲမှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့က ယာယီအချုပ်ခန်းတံခါးကို တွန်းဖွင့်ကာ လုံခြုံရေးအဖွဲ့ထံမှ သေနတ် ၂ လက် လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
#ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၁၉ ရက် နံနက်က ယနေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံအမတ်ကြီးအဖြစ် ခန့်အပ် ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. CHUM Angvichet က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှရပ်တည်နေမှုနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နေမှုအပေါ် ကမ္ဘောဒီးယားနိုင်ငံမှ ယုံကြည်မှုရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စများ၊ မြန်မာနိုင်ငံ တွင်ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်၌ ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးခဲ့မှုနှင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထပ်မံပေးအပ်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုတိုးချဲ့ ရေးကိစ္စ၊ သာသနာရေး၊ ပညာရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါ သဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် ဒေသများရှိ ပြည်ပြည်သူများအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များက စုပေါင်းလှူဒါန်းငွေ ယန်း ၂၁၃၈၅၀၀(ယန်း ၂သန်း ၁သိန်း ၃သောင်း ၈ထောင့်ငါးရာ)ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ မြန်မာသံရုံးက သိရသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha) သည် မြန်မာနိုင်ငံ အတွင်းသို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သတ်မှတ် ကြေညာထားသည်။
အဆိုပါသဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံး၊ တိုကျိုမြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ နာဂိုယာမြို့နှင့် ကိုဘေးမြို့များရှိ မြန်မာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်စီးပွားရေးကုမ္ပဏီများ၊ ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသား စေတနာရှင်များ၊ ဂျပန်နိုင်ငံသားစေတနာရှင်များ၊ ဂျပန်နိုင်ငံရှိတက္ကသိုလ်အသီးသီး တွင် ပညာသင်ကြားနေကြသော အစိုးရပညာတော်သင်များမှ စုပေါင်းလှူဒါန်းငွေ ယန်း ၂,၁၃၈,၅၀၀ (ယန်း နှစ်သန်းတစ်သိန်း သုံးသောင်းရှစ်ထောင့်ငါးရာ) အား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းအပြင်စေတနာရှင်များ၏ ထပ်မံထည့်ဝင်လှူဒါန်းငွေများ ရရှိလာပါကလည်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း ပါရှိသည်။
#ymg/pl
#Yangon-Media-Group
Page 965 of 1918