Published 25 May 2023.
ဘင်္ဂလီဒုက္ခသည်တစ်သန်းခန့်ထဲက ၁၂၀၀ ဦးခန့်ကို ပြန်လည်လက်ခံဖို့အတွက် ရှေ့ပြေးအစီအစဉ်တစ်ခုရဲ့ လုပ်ငန်းအစိတ် အပိုင်းတစ်ခုအဖြစ် မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ မေလ ၂၅ ရက် ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတယ်လို့ အေအက်ဖ်ပီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်
လာမယ့်ရက်သတ္တပတ်များမှာ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့ဟာ လူ ၁၁၀၀ခန့်ကို မြန်မာနိုင်ငံကပြန်လည်လက်ခံဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ အရာရှိ ၁၄ဦးပါဝင်တဲ့အဖွဲ့ဟာ ယနေ့ကြာသပတေးနေ့မနက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ တက်ခ်နက်ဖ် Teknaf ကို စက်လှေဖြင့် ရောက်ရှိလာတယ်ပြီး မည်သည့်မှတ်ချက်မျှပြောဆိုသွားခြင်းမရှိဘူးလို့ အဲဒီနေရာ ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကပြန်လည်လက်ခံမယ်လို့ သတ်မှတ်ထားတဲ့ ဘင်္ဂလီတွေနှင့် တွေ့ဆုံ စကားပြောဆိုမှာဖြစ်ပြီး ယခုခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ဒုတိယကော်မရှင်နာ ရှမ်အပ် ဒိုဇာက ပြောပါတယ်။
ဘင်္ဂလီ ၂၀ဦးဟာ ဒီလထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြန်လည်နေရာချထားရေးစခန်း(၂)ခုကို သွားရောက်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ပြန်ဖို့ရှိတဲ့ အမည်မဖော်လိုတဲ့ ဘင်္ဂလီတစ်ဦးတော့ “ သူတို့အနေနှင့် နိုင်ငံသားမဟုတ်ဘဲ IDP စခန်းတွေမှာ နေထိုင်ရာမှာ နေထိုင်ရမှာမို့ မြန်မာပြည်မပြန်ချင်ဘူးလို့ အေအက်ဖ်ပီကိုပြောကြားကြောင်းလည်း အေအက်ဖ်ပီ ကရေးသားပါတယ်။
Source: AFP
#ဘင်္ဂလီ_ရခိုင်ပြည်နယ်
#ဘင်္ဂလားဒေ့ရှ်_ဘင်္ဂလီဒုက္ခသည်စခန်း
#YangonMediaGroup
#Local_News
Published_ 25 May 2023
တိုက်ကြီးမြို့က အလှမွေးငါးအများအပြား သေဆုံးခဲ့တဲ့ ရေကန်က ငါးနမူနာကို မြို့နယ်အစီအစဉ်နဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ ရောဂါရှာဖွေရေးဌာနစုကို ပေးပို့ စစ်ဆေးခဲ့ရာမှာ ရောဂါ/အဆိပ်ကြောင့် မဟုတ်ဘဲ ရေမလှယ်၍ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်ကြောင်း အဖြေရရှိခဲ့ကြောင်း သိရသည်။
မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်မှာ အဆိပ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ ငါးတွေရဲ့ ငါးနမူနာနဲ့ ရေနမူနာ အရည်အသွေးကို သက်ဆိုင်ရာဌာနတွေဆီ ပေးပို့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရေနမူနာ အရည်အသွေးကိုတော့ ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစုကို ပေးပို့ စစ်ဆေးခဲ့တာဖြစ်ပြီး ရေထဲမှာ အောက်ဆီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းပေမယ့် ငါးတွေ သေဆုံးနိုင်တဲ့အထိ အခြေအနေမျိုး မဟုတ်ဘူးလို့ သိရပေမယ့် ငါးနမူနာကို စစ်ဆေးရာမှာတော့ ရေမလှယ်နိုင်ဘဲရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်တယ်လို့ အဖြေရရှိခဲ့ကြောင်းသိရသည်။
“အဓိကက ရေထုကြမ်းပြင်ကအပင်နဲ့ ပိုးမွှားတွေရဲ့ ညဘက်အောက်စီဂျင်စုတ်ယူမှုကြောင့် ပျော်ဝင်အောက်ဆီဂျင် ကျဆင်းတာလို့ သိရပါတယ်။ အောက်ဆီဂျင်ကျတဲ့ တခြားအကြောင်းတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။ ပျော်ဝင်အောက်ဆီဂျင် ကျဆင်းတဲ့အခါ ငါးတွေ အုပ်စုလိုက်သေနိုင်တယ်၊ မျက်လုံးပြူးမယ်၊ မသေခင် ရေအရောင်ပြောင်းတတ်တယ်လို့ သိရပါတယ်”လို့ တိုက်ကြီးမြို့၊ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မေ ၂၂ ရက် မနက်ခင်းအချိန် ငါးစာကျွေးရာမှာ ငါးတွေ ရေပေါ်တက်မလာတဲ့အတွက် ကန်တွင်းဆင်းကြည့်ခဲ့ရာကနေ ငါးတွေသေဆုံးနေတာဖြစ်ကြောင်းသိရသည်။
“ငါးရာဇဝင်ပြောရရင် ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ စတင်မွေးခဲ့ကြတာပါ။ အကောင်သေးစဥ်တုန်းက ဗျိုင်းဆွဲ၊ တခြားငါးကြီးတွေဆွဲနဲ့ (၃) နှစ်သက်တမ်းမှာ ကောင်ရေ ငါးသောင်းနီးပါးရှိခဲ့ပါတယ်။ ငါးစာတစ်မျိုးတည်း ကျွေးတာပါ။ ပေါင်မုန့်တောင် ကျွေးခွင့်ပိတ်ထားတာပါ။ ငါးစာကျွေးရင် ကျွေးသလောက်စားတယ်။ ၂၀ ပိသာဝင် (၃) အိတ်အထိ ကျွေးလို့ရတယ်။ (၅) အိတ်လောက်ဆို ဗိုက်ကားပြီး သေကြတာလည်းရှိတာမို့ ပိုမကျွေးပါဘူး။ မနှစ်ကဒီအချိန် ကောင်ရေ (၃၀၀) ကျော် သေလို့ ဒီနှစ်တော့ အဖြစ်မခံဘဲ မီးသတ်ကားတွေ ရေဖြည့်ပြီးတိုင်း စက်ရေတွင်းနဲ့ ရေပြန်ဖြည့်ပေးပြီး ရေ level ထိမ်းခဲ့ပါတယ်။ ဒီလိုဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာကလည်း မီးသတ်ကန်မို့ အရေးအကြောင်း ရေမပေးနိုင်ရင် အပြောခံရမှာမို့ သက်တမ်း (၇) နှစ်မှာ တစ်ခါမှ ရေမလှယ်ပေးနိုင်ခဲ့ပါဘူး။ တကယ်တော့ ငါးပညာပိုင်း လုံးဝလုံးဝကို မရှိတာပါ။ ဒီလိုဖြစ်အောင် ဘာလို့မွေးတာလဲဆိုပြီး ငါးဆရာကြီးတွေ လာလာမေးကြတယ်။ကျွန်တော်တို့ ဘာပြောရမလဲ၊ မပြောနိုင်ခဲ့ပါဘူး။ ထိန်းသိမ်းစောင့်ရှောက်သူ ကျွန်တော်တို့တွေ အသိပညာ အင်မတန်နည်းတာမို့ ဒီလိုဖြစ်သွားတာပါ။ ကျွန်တော်တို့ အားနည်းချက်ကြောင့် ဖြစ်ရပြီး ထုံးစံအတိုင်း ရမ်းသမ်းစွပ်ဆိုမှုတွေဖြစ်ရတာမို့ အားလုံးကိုလည်း တောင်းပန်ပါတယ်”လို့ ဒေသခံ ရေကန်ထိန်းသိမ်း စောင့်ရှောက်သူက ပြောသည်။
နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်းက ငါးအများအပြား သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ငါးတွေ များပြားလွန်းတာကြောင့် မြို့နယ်သုဿန်အတွင်း မြေမြုပ်နေရာမှာ မြို့နယ်စည်ပင် အကူအညီနဲ့ မြေမြုပ်ခဲ့ရကြောင်း သိရသည်။
#ymg/ppk #Local_News #အလှမွေးငါးတွေသေဆုံးမှု ရောဂါ/အဆိပ်ကြောင့်မဟုတ်
#YMG #Yangon-Media-Group
#Local_News
Published-25 May 2023
မုဒုံမြို့ မြို့အဝင်စိုက်ပျိုးရေးခြံရှေ့၌တွင် မေလ၂၅ ရက်(ယနေ့) နေ့လယ်ကကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက် မိ၍ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရသည်။
မေလ၂၅ရက်နေ့လယ်၁၂ နာရီချိန်ခန့်တွင် ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက် မိ၍ ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားမှာ နဖူးကွဲ၊ နှာခေါင်းသွေးထွက်၊ မေးစေးကွဲ၊ ဘယ်ခြေကျိုး၊ ညာခြေအဆစ်လွဲသွားကြောင်း၊ ကားပေါ်တွင်ပါလာသူအသက် ၆၅နှစ်အရွယ် အမျိုးသမီးမှာလည်း မှန်ကွဲစထိမှန်ဒဏ်ရာနှင့် ညာလက်ဖမိုးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း သိရသည်။
"ဆိုင်ကယ်မောင်းသူအမျိုးသားက ဒဏ်ရာပြင်းထန်ပါတယ်။ကားပေါ်မှာပါလာတဲ့အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်"ဟု အသင်းကသိရသည်။
.
မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဆက်သွယ်အကြောင်းကြားသဖြင့် အဖွဲ့မှ ချက်ချင်းသွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်မောင်းသူအမျိုးသားကို ရှေ့ဦးပြုစု၍ အရိုးကျိုးကြပ်စည်းပေးကာ မော်လမြိုင်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကားပေါ်၌ ပါရှိသူ အမျိုးသမီးကို မုဒုံဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/pl #Local_News ##ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်
#YMG #Yangon-Media-Group
#Local_News
Published_ 25 May 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ရွှေမင်းဝံပန်းခြံလမ်းထောင့်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မေလ ၂၄ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က အိမ်စီးကားတစ်စီးအရှိန်လွန်ကာ လမ်းလယ်ကျွန်းရှိ ဓာတ်မီးတိုင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
အဆိုပါ အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ ဓာတ်တိုင်အား ဝင်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၁)ဦးအနက်ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ ပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေနေရှိကြောင်းသိရပြီး ကျန်ရှိသည့် မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ ကျား (၂)ဦး ထိခိုက်ဒဏ်ရာမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါဖြစ်စဉ်ကို စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများအား အိုးဘိုလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကုတင် (၂၀၀)ဆံ့ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ၁၉ ၃၅ အချိန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/ynzw #Local_News #အမျိုသားဒဏ်ရာပြင်းထန်
#YMG #Yangon-Media-Group
Published 25 May 2023
တရုတ်နိုင်ငံဟာ အလွန့်အလွန်အားပြင်းတဲ့ ဆိုင်ကလုံး “မိုခါ “ တိုက်ခတ်ခံရတဲ့ မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို စဉ်ဆက်မပြတ်ပေးပို့နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်းက ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်တယ်လို့ CCTV သတင်းဌာနက သတင်းထုတ်လွှင့်ခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရသူက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နေ့စဉ်ပုံမှန်ပြုလုပ်တဲ့ မနက်ခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။
Source CCTV+
#ဆိုင်ကလုံးမိုခါ
#ဆိုင်ကလုံးမိုခါ_တရုတ်နိုင်ငံကူညီမှု
#YangonMediaGroup
#Local_News
မိုခါ မုန်တိုင်းကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းနှင့် ဆေးရုံများကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) က မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူပေါင်းမွန်းမံမည်ဖြစ်ကြောင်း သိရသည်။
မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သောစစ်တွေ ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေအစိုးရ နည်းပညာ အထက်တန်းကျောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၀၉ ကျောင်း၊ဆေးရုံ အဆောက်အဦ ၊ ဝန်ထမ်းအိမ်ရာ အပါအဝင် အဆောက်အဦ ၃၀ တို့ကို လည်း ပြင်ဆင်ကြမည်ဖြစ်ကြောင်း MLCA က သိရသည်။
အဆိုပါကျောင်းနှင့် ဆေးရုံများ ပြင်ဆင်မှုကို မေလ ၂၂ ရက်က စတင် ဆောင်ရွက်နေပြီး ပြင်ဆင်ရေး လုပ်ငန်းများအတွက် သွပ်အချပ်ရေ တစ်သိန်း နှင့် ဆက်စပ်ပစ္စည်း ကျပ် ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးခန့် လှူဒါန်းရန် ရှိကြောင်းလည်း သိရသည်။
#ymg/pl #Local_News #စာသင်ကျောင်းနှင့် ဆေးရုံများ #MLCA
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
ဧရာဝတီတိုင်းမှာ ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းကျော်နဲ့ ၊ စပါးအကြမ်း တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းကျော် ပေါက်ဈေးရှိနေသော်လည်း နွေစပါးစတင် စိုက်ပျိုးစဉ်ကာလတွင် သွင်းအားစုဈေးနှုန်းများ အရင် ထက် ၂ ဆကျော် မြင့်တက်ခဲ့တာကြောင့် တောင်သူလယ် သမားများတွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေရလို့ သိရသည်။
စပါးဈေးက ကောင်းပေမယ့်လည်း ယခင်ကထက် ဒီဇယ်၊ ဓာတ်မြေသြဇာ အစရှိတဲ့ သွင်းအားစုများ အရင် ထက် ၂ဆ ကျော်ကျော်လောက် ဈေးတက်နေတဲ့အတွက် အရှုံးပေါ်နေတာဖြစ်ကြောင်း သိရသည်။
''ခုချိန်ကလည်း စပါးပေါ်စမို့ ဒီဈေးပေါက်တာ နောက်ပိုင်း ပိုပြီး ဈေးတက်ဖို့ပဲ ရှိတယ်၊ ဘာလို့ဆိုတော့ နောက်ပိုင်း စပါးက ရှားလာပြီလေ ၊ စပါးဈေးသာ ကောင်းနေပေမယ့်ဦးတို့ လယ်သမားတွေ အတွက် ပေါက်နေတဲ့စပါးဈေးကအကျိုးမရှိပါဘူး၊ စိုက်ပျိုးတဲ့ ကုန်ကျစရိတ်ကလည်း အရင်ထက် ၂ ကျော်ကျော်ကုန်ကျနေတယ်'' လယ်သမားတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင်နွေစပါးစိုက်ဧကသုံးသိန်းကျော်ရှိပြီး ဒီဇယ်၊ ဓါတ်မြေဩဇာ၊ ပေါင်းသတ်ဆေးစတဲ့သွင်းအားစု စရိတ်များနှင့် ရိတ်သိမ်းခြွေလှေ့ခများပါ ဈေးတက်လာသဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်နှင့် ရောင်းချရငွေမကာမိဘဲ အရှုံးပေါနေကြောင်း သိရသည်။
#ymg/ppk #Local_News #လယ်သမားများအရှုံးပေါ်နေ
#YMG #Yangon-Media-Group
Page 953 of 1918