#TV Yangon Times Matters အစီအစဉ်
Published_ 11 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (အိမ်ထောင်ရှင်အလှမယ်) မခရေနှင့်အတူ
အသက် (၄ဝ)ကျော်အရွယ် ရင်သွေး (၁၃)ယောက်ရဲ့မိခင်ဖြစ်ပြီး ဆရာဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲဝင်ပြိုင်ခဲ့ရာမှ သရဖူရရှိခဲ့တာဖြစ်ကြောင်း
မဆလာသယ်၊ ကောက်စိုက်၊ စပါးရိတ်အလုပ်တွေနဲ့အချိန်ကုန်လေ့ရှိတာဖြစ်ပြီး ငွေကြေးမတက်နိုင်လို့ ဂျင်မကစားဖြစ်ပေမယ့် အလုပ်ကြမ်းလုပ်နေရတာကပဲ အဆီပိုတွေမရှိစေတာဖြစ်ကြောင်း
အမျိုးသမီးတိုင်း အလှကိုယ်စီရှိတာမို့ ယုံကြည်ချက်ထားပြီးနောက်ထပ်ပြိုင်ပွဲတွေ ဆက်ပြိုင်သွားဖို့ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #(အိမ်ထောင်ရှင်အလှမယ်) မခရေ #YMG #Yangon_Media_Group
#Local_News
Published_11 June 2023
အခု ၂၀၂၃ ခုနှစ်တွင် ရော်ဘာတန်ချိန် သုံးသိန်းဝန်းကျင်ခန့်အထိ ပြည်ပတင်ပို့ရန် လျာထားပြီး လက်ရှိဇွန်လအထိ ရော်ဘာတန်ချိန် နှစ်သိန်းခန့် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ သိရပါတယ်။
#Local_News #ရော်ဘာတန်ချိန် နှစ်သိန်းခန့်တင်ပို့
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 11 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (အိမ်ထောင်ရှင်အလှမယ်) မခရေနှင့်အတူ
အသက် (၄ဝ)ကျော်အရွယ် ရင်သွေး (၁၃)ယောက်ရဲ့မိခင်ဖြစ်ပြီး ဆရာဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲဝင်ပြိုင်ခဲ့ရာမှ သရဖူရရှိခဲ့တာဖြစ်ကြောင်း
မဆလာသယ်၊ ကောက်စိုက်၊ စပါးရိတ်အလုပ်တွေနဲ့အချိန်ကုန်လေ့ရှိတာဖြစ်ပြီး ငွေကြေးမတက်နိုင်လို့ ဂျင်မကစားဖြစ်ပေမယ့် အလုပ်ကြမ်းလုပ်နေရတာကပဲ အဆီပိုတွေမရှိစေတာဖြစ်ကြောင်း
အမျိုးသမီးတိုင်း အလှကိုယ်စီရှိတာမို့ ယုံကြည်ချက်ထားပြီးနောက်ထပ်ပြိုင်ပွဲတွေ ဆက်ပြိုင်သွားဖို့ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #(အိမ်ထောင်ရှင်အလှမယ်) မခရေ #YMG #Yangon_Media_Group
#Local_News
Published_11 June 2023
ပွင့်လင်းရာသီမှာသာ အဝယ်များလေ့ရှိတဲ့ ရွှေချည်ထိုးအပ်ထည်ပန်းချီကားတွေ အခုနှစ်မိုးတွင်းမှာ ထူးထူးခြားခြားအဝယ်လိုက်လာတယ်လို့ ရန်ကုန်မြို့ရှိရွှေချည်ထိုးလုပ်ငန်းတွေထံမှ သိရပါတယ်။
#Local_News #ရွှေချည်ထိုးအပ်ထည်ပန်းချီကား #လာဘ်ကောင်ပုံများအဝယ်များ #YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 11 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (အိမ်ထောင်ရှင်အလှမယ်) မခရေနှင့်အတူ
အသက် (၄ဝ)ကျော်အရွယ် ရင်သွေး (၁၃)ယောက်ရဲ့မိခင်ဖြစ်ပြီး ဆရာဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲဝင်ပြိုင်ခဲ့ရာမှ သရဖူရရှိခဲ့တာဖြစ်ကြောင်း
မဆလာသယ်၊ ကောက်စိုက်၊ စပါးရိတ်အလုပ်တွေနဲ့အချိန်ကုန်လေ့ရှိတာဖြစ်ပြီး ငွေကြေးမတက်နိုင်လို့ ဂျင်မကစားဖြစ်ပေမယ့် အလုပ်ကြမ်းလုပ်နေရတာကပဲ အဆီပိုတွေမရှိစေတာဖြစ်ကြောင်း
အမျိုးသမီးတိုင်း အလှကိုယ်စီရှိတာမို့ ယုံကြည်ချက်ထားပြီးနောက်ထပ်ပြိုင်ပွဲတွေ ဆက်ပြိုင်သွားဖို့ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #(အိမ်ထောင်ရှင်အလှမယ်) မခရေ #YMG #Yangon_Media_Group
#Local_News
Published_10 June 2023
အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတည်ရှိနေတဲ့အပြင် မုတ်သုန်အားကောင်းနေလို့ အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင်ဒေသအချို့မှာ မိုးကြီးတာ၊လေပြင်းတိုက်တာ၊ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာဝဘေးတွေ ကြုံနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News #ရေကြီးရေလျှံခြင်း #မြေပြိုခြင်း #သဘာဝဘေးများကြုံနိုင်
#YMG #Yangon_Media_Group
Published_10 June 2023
ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် Brave Eagleအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်(၄)ဦးအားများအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၊ (၃)လွှာရှိကုမ္ပဏီများ ဆိုင်ရာအခွန်ဌာန၊ အများပြည်သူများ ထိုင်ရန်ပြုလုပ်ထားသည့် စတီးထိုင်ခုံများဘေးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အခွန်ဌာနမှ ဝန်ထမ်း ၅ ဦးနှင့် ပြည်သူ ၁ ဦးတို့တွင်(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြခြင်း ဖြစ်သည်။
မြေပြင်သတင်းဖော်ထုတ်မှုများအရ တရားခံသည် ဇွန်လ၅ ရက် နေ့လယ်ပိုင်းတွင် ပန်းဆိုးတန်းလမ်းပေါ်မှ အခွန်ဦးစီးမှူးရုံးသို့ နီညိုရောင်လက်ဆွဲအိတ်နှင့် စက္ကူဖိုင် ၁ ခု တို့ကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တတိယထပ်ရှိ စတီးထိုင်ခုံ၌ ၂ မိနစ်ခန့်ထိုင်၍ လက်ဆွဲအိတ်ကို ထိုင်ခုံဘေးတွင်ချထားကာ အဝေးမှ ရီမုဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရီမုမိုင်းဖောက်ခွဲခဲ့သူသည် ကြည့်မြင်တိုင်မြို့နယ်၊အုန်းပင်လမ်းနှင့် ဗိုလ်သူရလမ်းပေါ်ရှိ တိုက်အမှတ်(၂၇)၊ (၂)လွှာ၊ အခန်း(B)တွင် နေထိုင်ကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး တိုက်ခန်းအတွင်း လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ အင်္ကျီနှင့် ပုဆိုးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ယင်းနောက် ဇွန်လ ၈ ရက် ညနေပိုင်းတွင် စမ်းချောင်းမြို့နယ်၌ငှားရမ်းနေထိုင်သူအောင်မြင်သူ(ခ)အောင်လှိုင်ဝင်းအားဖမ်းဆီးရမိခဲ့ရာ ယင်း၏ထွက်ဆိုချက်အရ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၌ရီမုမိုင်းထောင်ဖောက်ခွဲ ခဲ့သည့် အောင်မြင့်မြတ်(ခ)ပြည့်ဖြိုးအောင် (ခ) Mood နှင့်ဓနနောင်ဝင်း (ခ) ရှိုင်းထက်ကိုကို(ခ) Roke တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ယင်းနောက်ကျော်စည်သူ(ခ)Jack အား ဖမ်းဆီးရမိခဲ့ပြီးအောင်ခန့်ပိုင်(ခ)ဝီလီယံ အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် ဖြစ်စဉ်တွင် လက်လုပ်မိုင်း ဖောက်ခွဲခဲ့သည့် အမျိုးသား ၅ ဦးနှင့်အတူလက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိ သူများ၏ ထွက်ဆိုချက်အရ Brave Eagle အဖွဲ့အနေဖြင့်ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနရုံး ယာဉ်ရပနားနေရာအပါအဝင် ရန်ကုန်မြို့နယ်အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု ၇ ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ အောင်မြင့်သူ(ခ) အောင်လှိုင်ဝင်းသည်ဖမ်းဆီးရန်ကျန် တရားခံ ချမ်းငြိမ်းသူ(ခ)ပန်ဒါ၏ ချိတ်ဆက်ပေးမှုဖြင့် ဖမ်းဆီးရန်ကျန်တရားခံပြေး NLD ပါတီဝင်ဟောင်း မျိုးရန်နောင်သိမ်း ထံမှ ရန်ကုန်မြို့အတွင်းအကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်ဝယ်ယူရန် ငွေကျပ် သိန်း ၅၀ကို ရရှိခဲ့ကြောင်း၊ ၎င်းငွေများကို ပစ္စတိုသေနတ်ဝယ်ယူရန် ချမ်းငြိမ်းသူ(ခ)ပန်ဒါထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအပြင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအား မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားရှိကြောင်းဖော်ထုတ်သိရှိရကြောင်းလည်း နစက သတင်းထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။
ymg/BM
Yangon_Media_Group
Page 923 of 1916