#Local_News
Published _22 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၌ ယနေ့ဇွန်လ ၂၂ ရက် နံနက်က သေဆုံးနေသော အိမ်ခြေမဲ့တစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
"ရပ်ကွက်ကအကြောင်းကြားတာ၊ ဆိပ်ကမ်းသာလမ်း အပေါ်မှာ တိုက်အမှတ် ၂၀၅ ရဲ့ လှေကားမှာတွေ့တာ။ မျက်နှာမှာ ဒဏ်ရာနည်းနည်းရထားတယ်။ သူက အသက် ၄၀ ကျော် နီးပါးရှိပြီ။ အိမ်ခြေမဲ့ပါ"ဟု ရပ်ကွက်နေသူတစ်ဦးပြောသည်။
ရုပ်အလောင်းကို လင်းလက်လူမှုကူညီရေးအသင်းကသယ်ယူ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
#ymg/ynzw #အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးနေ
#Yangon_Times/BM
ငါးပိ အဓိကစားသုံးသည့်ဒေသများက မှာယူမှုနည်းပါးနေတာကြောင့် ငါးပိရောင်းအားကျဆင်း
အဓိစားသုံးတဲ့မန္တလေး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက မှာယူမှုမရှိတော့တဲ့အတွက် အရောင်းအ၀ယ်နည်းပါးနေတာပါ (((())))ဦးထွန်းစိန်
ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများ အသင်းအတွင်းရေးမှူး
#Local_News
#Published_ 22 June 2023
#ymg/ynzw
#Yangon_Time
မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း စစ်ရှောင်ဉီးရေ ၅၀၀၀ ခန့်အထိရှိနေ၊ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ
စစ်ရှောင်ဉီး ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာဟာ အဓိက အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ အေးလင်းမြတ်ရှင် စစ်ရှောင်စခန်း(စခန်းတာဝန်ခံ) ကိုထွန်းမြိုင်ကပြောပါတယ်။
#Local_News #စစ်ရှောင်ဦးရေဟာယခင်နှစ်ထက်ယခုနှစ်လျော့နည်းလာ
#Published_ 22 June 2023
#Yangon_Time
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မှတ်သုံလေအားကောင်းနိုင်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မွန်ပြည်နယ်တိုတွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး ကျန်ဒေသများတွင် ရာသွန်းမြဲခန့်ရှိမည်ဖြစ်ကြောင်း မိုးဇလထုတ်ပြန်
#Local_News
#Published_ 22 June 2023
#ymg/ynzw #လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်
#Yangon_Time
EV ကားများ အားသွင်းလိုရင် Charging Station များကို ကြိုတင်အကြောင်းကြားရမည်ဆိုသည်မှာ ကောလလဟာသာဖြစ်ဟုဆို
Charging Station တွေများ ကားအစီးရေများရင် ခေတ္တစောင့်ရမှာဖြစ်တယ်((((သခင်မြပန်းခြံ Charging Station တာ၀န်ခံ ၊ ချမ်းမင်းကို ))))
#Local_News
#Published_ 22 June 2023
#ymg/ynzw #EVကားများCharging Stationတွင်အားသွင်းနိုင်
#Yangon_Time
#Daily_News
Published_ 22 June 2023
၁။ EV ကားများအားသွင်းလိုရင် Charging Station များကို ကြိုတင်အကြောင်းကြားရမည်ဆိုသည်မှာ ကောလလဟာသာဖြစ်ဟုဆို
၂။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနိုင်
၃။ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း စစ်ရှောင်ဉီးရေ ၅၀၀၀ ခန့်အထိရှိနေ၊ ယခင်နှစ်ထက် စစ်ရှောင်ဉီးရေ လျော့နည်းလာ
၄။ ဗြိတိန်တွင် ပါကစ္စတန် ဘာတီစားသောက်ဆိုင်များ ရှင်သန်ရန်ကြိုးပမ်းနေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published- 22 June 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား ကားတစ်စီးမှ တိုက်သွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းက သိရသည်။
ဇွန်လ၂၂ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ကျောင်းကွေ့မှတ်တိုင်အနီးတွင် အသက်၇၀ ဝန်းကျင်အမျိုးသမီး၁ဦးကို ကားတစ်စီးမှ တိုက်သွားခြင်းဖြစ်သည်။
အဆိုပါ ကားတိုက်မှုဖြစ်စဥ်ကြောင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့သို့ပြည်သူများမှ အကြောင်းကြားလာ၍ အချိန်နှင့် တစ်ပြေးညီထွက်ခွာပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးအား လူမှုစေတနာလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင်အမျိုးသမီး၁ဦးကားတိုက်ခံရ
#Yangon_Times/BM
Page 907 of 1915