#Daily_News
Published_ 24 June 2023
၁။ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြည်နယ်၌ ရေလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းလည်ပတ်ဖို့အခက်အခဲရှိနေ
၂။ အာနန္ဒာဘုရားနှင့်ဓမ္မရံကြီးဘုရားတွင်ရေဝပ် ၊ရေလျှံရသည့် အကြောင်းရင်းများသိရပြီဖြစ်
၃။ ကြိမ်၊ ဝါးထုတ်ကုန်များ ပြည်ပဈေးကွက်ပြန်ရရှိရန် လိုအပ်နေသေး
၄။ တရုတ်ပြည် စီချွမ်ပြည်နယ်မှ ကမ္ဘာ့အကြီးဆုံးရေနှင့်ဆိုလာဓာတ်အားပေးစခန်းကြီးအား ဇွန်လ(၂၅)ရက်နေ့တွင် စတင်လည်ပတ်ရန်မျှော်မှန်း.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published_ 24 June 2023
ကွန်တိန်နာတင်သင်္ဘော SITC Zhaoming သည် ဇွန် ၂၂ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ပြီး အဆိုပါသင်္ဘောသည်၂၀၂၂ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော သင်္ဘောအသစ်ဖြစ်ကာ အရှည်(LOA)၁၈၆မီတာနှင့် အကျယ်၃၅မီတာရှိပြီးကွန်တိန်နာတင်ဆောင်နိုင်စွမ်း၂၆၀၀TEU ရှိတာကြောင့် ရန်ကုန်မြို့တွင်းဆိပ်ကမ်းများတွင် ဆိုက်ကပ်ခဲ့သောသင်္ဘောမျာအနက် အကြီးဆုံးသင်္ဘောဖြစ်တယ်လို့ သိရပါတယ်။
SITC International Holding Co.,Ltd ဟာ ဟောင်ကောင်အခြေစိုက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ သင်္ဘောကုမ္ပဏီတစ်ခု ဖြစ်ပြီး အာရှဒေသတွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေးကို ယခင်ကထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေယာဉ်မှာ SITC Zhaoming ဖြစ်တယ်လို့ SITC ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
#ymg_mnn #Local_News #ကွန်တိန်နာတင်သင်္ဘော SITC Zhaoming ဆိုက်ကပ်
#Yangon_Times
#Local_News
Published-24 June 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမကြီးတွင် ဆိုင်ကယ်၂ စီးအရှိန်ဖြင့်ဝင်တိုက်မိ၍ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရသည်။
မော်လမြိုင်မြို့၊ ကျိုက်က္ခမီလမ်းမကြီး၊ ဒေါင်ဇရပ်ရတနာပုံတည်းခိုခန်းအနီးတွင် ဇွန်လ ၂၃ ရက်၊ ည ၈ နာရီအချိန်ခန့်က အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသား၁ ဦးမှာထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူအမျိုးသားအား အဆိုပါ လူမှုကူညီရေးအသင်းမှ လိုအပ်သည်များပြုစုပေး၍ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၃ ဦးကတော့ စိုးရိမ်စရာမရှိပါဘူး။ ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ပြီး ခဏအကြာမှာ သေဆုံးသွားပါတယ်"ဟု အဆိုပါ လူမှုကူညီရေးအသင်းက သိရသည်။
#Local_News #ဆိုင်ကယ်နှစ်စီး အရှိန်ဖြင့်ဝင်တိုက်မိ #အမျိုးသားတစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ
#Yangon_Times/BM
#Local_News
Published-24 June 2023
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး အမြန်စတင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။
ဇွန်လ ၂၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ် သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. A. S. M. Sayem တို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြကာ အထက်ပါအတိုင်း ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်းသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်နိုင်ရေး အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံ အကျိုးတူကဏ္ဍများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#Local_News #နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး # မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေး
#Yangon_Times/BM
(၅)လအတွင်းမြွေကိုက်ခံရသူ (၁၀၀)နီးပါးဆေးရုံရောက်၊ (၅)ဦးသေဆုံး
ဆီးဖြူသီးအိမ်ထဲမှာ ထားရုံ၊ ထုံးဖြူးရုံနဲ့မြွေမဝင်တာမဟုတ်ဘူး။ မြွေမဝင်နိုင်အောင် ဖြန်းရမယ့်ဆေးတွေရှိတယ်။
(ဦးစိန်တင်၊မြွေဆရာ)
#Local_News
#Published_ 23 June 2023
#Yangon_Times
ဒုတိယအကြိမ် ဉရုချောင်းရေကြီးမှုဖြစ်ပွားပါက ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ဟုဆို
ရေကြီးရေလျှံဖြစ်ပွားလာနိုင်ချေရှိတဲ့ အပေါ် အသိပေးနှိုးဆော်တာတွေ ပြုလုပ်နေပြီး၊ ရေနစ်မြှုပ်တဲ့ နေအိမ်အတွင်းလူတွေကို ကူညီကယ်ဆယ်တာနဲ့ နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ပြင်ဆင်ထားပြီး ဖြစ်တယ်( ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ)
#Local_News
#Published_ 23 June 2023
#Ymg/myn
#Yangon _Times
#Local_News
Published- 23 June 2023
စတီရီယိုခေတ်ဦးကာလနှင့် မြန်မာ့ရုပ်မြင်သံကြားထုတ်လွှင့်စကာလတွင် လူကြိုက်များထင်ရှားခဲ့သော နိုင်ငံကျော်အဆိုတော်စိမ်းမို့မို့ ကွယ်လွန်သွားကြောင်း အနုပညာ အသိုင်းအဝိုင်းက သိရသည်။
ယနေ့ ဇွန်လ ၂၃ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဂီတလောကသားများကလည်း ဝမ်းနည်းစကားများ လူမှုကွန်ရက်တွင် ရောသားပြောဆိုနေကြသည်။
"အန်တီနဲ့ပွဲတွေမှာ ဆုံတိုင်းအန်တီဆိုလိုက်တဲ့ သီချင်းတိုင်းက နားထဲမှာ အမြဲစွဲကျန်စေခဲ့ပါတယ်၊ အလေးစားရဆုံးနဲ့ အကြိုက်နှစ်သက်ဆုံး အနုပညာရှင်တွေထဲမှာ အန်တီပါပါတယ်၊ အမြဲတမ်းဖေးမကူညီအားပေးတတ်တဲ့ အနုပညာရှင်ကြီးတစ်ဦးပါ၊ အန်တီဆိုခဲ့တဲ့ မျက်ဝန်းစကားသီချင်းလေး ဆိုချင်လို့ပါ ခွင့်ပြုချက်တောင်းတော့ သားဆိုမယ် ဆိုရင်ပျော်တာပေါ့ သားရယ်တဲ့၊ အမြဲအမှတ်ရနေပါ့မယ် အန်တီ၊ ငြိမ်းချမ်းရာ အရပ်မှာ အေးချမ်းပါစေ"ဟု Pyae Aung Zaw က ရေးသားထားသည်။
ယင်းအပြင်တေးသံရှင် ယုဇနကလည်း "ချစ်ခင်လေးစားရပါသော အန်တီမို့ (စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်၊ သီချင်းတွေအတူဆိုခဲ့ကြဖူးတယ်၊ ဆုံးမစကားတွေလည်းနားထောင်ခဲ့ဖူးတယ်၊ အန်တီမို့သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့အားကျခဲ့ရပါတယ်၊ အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့အန်တီမို့ အေးချမ်းတဲ့ဘုံဘဝသို့ရောက်ရှိပါစေ"ဟု ရေးသားထားသည်။
တေးသံရှင် ချောစုခင်ကလည်း "ချစ်ခင်လေးစား ကြိုက်နှစ်သက်ခဲ့ရသော မမို့ (စိမ်းမို့မို့) ဘဝတစ်ပါးပြောင်းရွှေ့သွားသောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သေခြင်းတရားကိုဘယ်သူမှ မလွန်ဆန်နိုင်ကြတော့ အမြဲပြုံးနေတတ်တဲ့ မမို့ကောင်းမွန်သောဘုံဘဝကိုရောက်ရှိပါစေ"ဟု ဝမ်းနည်းစကားဆိုထားသည်။
စိမ်းမိုမို့ ၏ အမည်ရင်းမှာ စမ်းယုကြည်ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် ကာလကသူ၏ အသံနှင့်ထူးခြားသည့်ဆိုဟန်များကြောင့် အောင်မြင်ကျော်ကြား လူသိများခဲ့သူ ဖြစ်ကြောင်း၊ လက်ရှိတွင် လူမှုကွန်ရက်တစ်ခုဖြစ်သည့် Tiktok တွင် "မျက်ဝန်းစကား" "အပြုံးကို အပြီးငှားခဲ့" စသော သီချင်းများကို လူကြိုက်များသုံးစွဲနေကြကြောင်းလည်း သိရသည်။
#Local_News
#တေးသံရှင် စိမ်းမို့မိုကွယ်လွန်
Yangon_Times/BM
Page 905 of 1915