မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း ပြိုင်ပွဲဝင်ရန် အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ
ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်းမြို့မှာ ဇူလိုင်( ၅) ရက် ကနေ ဇူလိုင် (၁၇) ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်
#YMG/my
#Yangon_Times
သဘာ၀ဘေးနဲ့ ရေနစ်ပျောက်ဆုံးသွားသူများကို ကယ်တင်ရန် ရေပေါ်ဆိုင်ကယ်ဝယ်ယူအားဖြည့်မည်
သဘာ၀ဘေးအန္တရာယ် ကျရောက်ရင်ကူညီဖို့နဲ ရေနစ်ပျောက်ဆုံးသွားသူတွေကို ရှာဖွေကူညီဖို့ ရေပေါ်ဆိုင်ကယ်တစ်စီး ဝယ်ယူအားဖြည့်သွားမှာဖြစ်တယ် (ပုလဲအရန်မီးသတ်တပ်ဖွဲ့)
#Yangon_Time #YMG
ရော်ဘာခြံပိုင်ရှင်များကို ကျပ်သိန်း တစ်ထောင်စီ ထုတ်ချေးမည်
အစုအဖွဲ့ပိုင်လုပ်ငန်းရှင်တွေအတွက် ကျပ်သိန်း (၂၀၀၀) ထုတ်ချေးပေးမည်။
#YMG/my
#Yangon_Times
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အမှန်တကယ် နေထိုင်ရေးအခက်အခဲရှိသူများကို (၅) နှစ်ကြာ ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်
ကနဉီး ငှားရမ်းခ သုံးလစာ ပေးသွင်းသွားရမည်
#Ygm/my
#Yangon_Time #YMG
#Local_News
Published-3 July 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရေနစ်မြုပ်ပျောက်ဆုံးသွားသည့်သင်္ဘောသား ၃ ဦးစလုံး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။
ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများမှာ ရန်ကုန်မှ စစ်တွေသို့ ပစ္စည်းများလာပို့သည့် ကုန်သင်္ဘောမှ သင်္ဘောသားများ ဖြစ်သူ ကိုသက်ပိုင်ဦး၊ ကိုသန့်ဇင်နှင့် ကိုချစ်မင်းပိုင်တို့ဖြစ်ကြပြီး ယင်းတို့ ၃ ဦးအနက် ကိုချစ်မင်းပိုင်ကို ဇူလိုင်လ ၁ ရက်နံနက်ပိုင်းတွင် တွေ့ရှိခဲ့၍ ကိုသက်ပိုင်ဦးနှင့် ကိုသန့်ဇင်တို့ကို ဇွန်လ ၃ဝ ရက်၊ နံနက်နှင့် နေ့လယ်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သုံးယောက်လုံးရဲ့ ရုပ်အလောင်းကိုရှာတွေ့ပါပြီ။ စစ်တွေမြို့နယ်ရှိ ချောင်းနွယ်မင်းဂံချောင်းအတွင်းမှာ တွေ့ရှိတာပါ"ဟု အဆိုပါ ဖောင်ဒေးရှင်းတာဝန်ရှိသူက ဆိုသည်။
ရေနစ်သေဆုံးသူ ၃ ဦးသည် ဇွန်လ ၂၈ ရက် ညနေ ၅ နာရီခန့်က စစ်တွေမြို့မှ ပစ္စည်းအချို့ဝယ်ယူပြီး ချောင်းနွယ်မင်းဂံဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် အမ်ဗွီရာဇာမင်းသင်္ဘောပေါ်သို့ လောင်းလှေဖြင့် ပြန်လာစဉ် ချောင်းနွယ်မင်းဂံချောင်းအတွင်း လှေမှောက်ကာ ရေနစ်မြုပ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #သင်္ဘောသား၃ဦး၏ရုပ်အလောင်းများကိုပြန်လည်တွေ့ရှိ
#Yangon_Times/BM
#Local_News
Published_ 3 July 2023
ရောင်းဝယ်မှုများဆောင်ရွက်သည့် အဖွဲ့ဖြစ်သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)အနေဖြင့် ထုတ်ကုန်ပစ္စည်းများရှိမှသာလျင် ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အရေအတွက်များများ ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် ထိုက်သင့်သည့်အမြတ်ဖြင့်သာ ရောင်းချရန်လိုအပ်ကြောင်း နစက ဥက္ကဌ က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၂ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရှိ မင်္ဂလာခန်းမ၌တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် နိုင်ငံ့အကျိုးအတွက်လည်း ကြည့်၍ချိန်ဆဆောင်ရွက်ကြစေရန်၊ မြန်မာနိုင်ငံသည်ကုန်ပစ္စည်းထုတ်လုပ်မှုမရှိဘဲ ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်ပစ္စည်းများကိုသာ အားထားအသုံးပြုနေရသည့် နိုင်ငံဖြစ်သဖြင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်တပ်မတော်အစိုးရ လက်ထက်တွင်ပြည်ပမှ ချေးငွေများ မရရှိခဲ့သော်လည်း ဒီမိုကရေစီအစိုးရ သက်တမ်း ကာလ နှစ်ခုတွင် နိုင်ငံတကာမှ ထောက်ပံ့ငွေ၊ ကူညီငွေများနှင့် ချေးငွေများ ရရှိခဲ့ကြောင်း၊ အဆိုပါငွေများဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်ပြီး နိုင်ငံခြားငွေရရှိအောင် ဆောင်ရွက်ခြင်းထက် Non-Trade လုပ်ငန်းများမှရရှိသည့် နိုင်ငံခြားငွေများကို သုံးစွဲ၍ ပြည်ပမှ သွင်းကုန်များတင်သွင်း သုံးစွဲခြင်းက ပိုမိုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း ယင်းက ပြောသည်။
နစက တာဝန်ယူရသည့်အချိန်တွင် ပြည်ပသွင်းကုန်များအစားထိုးနိုင် ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးဆောင်ရွက်ခဲ့ကာ ပြည်တွင်းလိုအပ်ချက်များကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပိုလျှံလာပါက ပြည်ပသို့တင်ပို့နိုင်သည်အထိပါ စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
UMFCCI သည် ရောင်းဝယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြသူ များဖြစ်ကြပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အဖွဲ့များဖြစ် ကြောင်း၊အစိုးရပိုင်းအနေဖြင့်လည်း ဆောင်ရွက်၍ရသည်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာတာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်များ ဆောင်ရွက်ကြ ခြင်းဖြစ်ပြီး ထုတ်ကုန်များထုတ်လုပ်နိုင်မှသာ ရောင်းဝယ်ခြင်းဝန်ဆောင်မှုများ ဖြစ်ပေါ် လာမည်ဖြစ်သဖြင့် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန် မှီခိုနေရခြင်းကြောင့် အပြန်အလှန်အကျိုးရှိစေရေး ဆောင်ရွက်ပေးနိုင်ရေးကို လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
#Local_News #ထိုက်သင့်သည့်အမြတ်ဖြင့်ရောင်းချရန်
#Yangon_Times/BM
#Local_News
Published 3 July 2023
အသစ်ဆောက်လုပ်နေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇)ထပ်ဆောင်သစ် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီအစားထိုးကုသဆောင်ပါပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင်ကို နိုင်ငံတော်မှငွေကျပ်(၂၁ ဒသမ ၈၉၇)ဘီလီယံအကုန်ကျခံဆောက်လုပ်ပေးလျက်ရှိပြီး၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်ဆောက်လုပ်ပြီးစီးမည်ဖြစ်သည်ဟုဆိုသည်။
ယင်းအဆောက်အဦဆောက်လုပ်နေမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကြည့်ရူစစ်ဆေးခဲ့ပြီး အဆင့်မြင့်(၇)ထပ်ဆောင်ကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် ဆောက်လုပ်သွားရမည်ဖြစ်ကြောင်း၊ ယခု ဆောက်လုပ်လျက်ရှိသည့် (၇)ထပ်ဆောင်တွင် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါလူနာများ ဆေးကုသမှုခံယူနိုင်ရန်အတွက် သွေးနှင့်သွေးကင်ဆာရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီ အစားထိုးကုသဆောင်ကို ထည့်သွင်းစီစဉ်သွားမည် ဖြစ်ကြောင်း၊ သင်ကြားရေးဆေးရုံဖြစ်သည့်အတွက် စာသင်ခန်းများကိုလည်း အရည်အသွေး ပြည့်မီအောင် ဆောက်လုပ်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
တည်ဆောက်ရေးပိုင်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဘဏ္ဍာနှစ်အလိုက် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် မြို့ပြလုပ်ငန်းများဖြစ်သော ရေသန့်လုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်(၇)ထပ်ဆောင် အဆောက်အဦဘေးအန္တရာယ်စိတ်ချမှုရှိစေရေး၊ မီးဘေးလုံခြုံမှုရှိစေရေး၊ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဝယ်ယူထားသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးပိုင်းဆိုင်ရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
#tthl #Local_News #ရိုးတွင်းချဉ်ဆီအစားထိုးကုသ
#Yangon_Time
Page 895 of 1915