အုပ်စုအဆင့် ကျော်ဖြတ်နိုင်ဖို့ ပြိုင်ဘက်တိုင်းကို အလေးထားယှဉ်ပြိုင်သွားရမယ်လို့ မြန်မာအသင်းကို သတိပေးစကားဆို
#Local_News
Published_ 8 July 2023
#အမျိုးသမီးဘောလုံးအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်
#YMG/my
#Yangon_Times
‘သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး အလှူခံတဲ့နေရာမှာ လူငယ်ဟာသပညာရှင်တွေနဲ့အတူတူပါဝင်ကြိုးပမ်းခဲ့တာကြောင့်နဲ့ မိုခါရံပုံငွေပွဲမှာလည်း သက်ကြီးဟာသပညာရှင်တွေအနေနဲ့အခမဲ့ဖျော်ဖြေပေးခဲ့တာကြောင့် ဂုဏ်ပြုဆုရရှိတာဖြစ်တယ်’ ဦးပေါ်လေး(ဂုဏ်ပြုဆုရ၊သက်ကြီးဟာသပညာရှင်)
#Local_News
Published_ 8 July 2023
#ဟာသပညာရှင်(၁၀)ဦးကိုဂုဏ်ပြုဆုချီးမြှင့်
#tthl
#Yangon_Times
#Local_News
Published _8 July 2023
၅၀၅ (က)ဖြင့်အမှုဖွင့်ကာအရေးယူခံထားရသော အနုပညာရှင်များဖြစ်ကြသည့်မေပန်းချီ(ခ) မေပန်းချီစိုးနောင်၊ မေလသံစဉ်၊ မြတ်သူသူ(ခ) မိုးမိုးမြတ်ဇင်၊
ရွှေရည်သိန်းတန် နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေ တို့ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာကြကြောင်းသိရသည်။
ဇူလိုင်လ ၇ ရက်တွင် ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း ယင်းအနုပညာရှင်များနှင့် နီးစပ်သူများက ဆိုသည်။
"ဟုတ်ပါတယ်ရှင့်၊ မရွှေရည်ပြန်ရောက်နေပါပြီ။ မေပန်းချီတို့၊ မေလသံစဉ်တို့ ၊ မြတ်သူသူတို့လည်း ပါဝင်တယ်လို့သိရပါတယ်"ဟု ရွှေရည်သိန်းတန်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
သရုပ်ဆောင် မေပန်းချီမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန်၊ မေလသံစဥ်တို့မှာ ပြီးခဲ့သည့် ဧပြီလအတွင်းက အဖမ်းခံခဲ့ရကာ ယခုအခါ ပြန်လည်လွတ်မြောက်လာကြခြင်းလည်း ဖြစ်သည်။
သတင်းစာဆရာ ဦးကျော်မင်းဆွေသည် ယခု ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ၎င်းအားစွဲဆိုထားသည့်အမှုကို ထောင်အတွင်း ရင်ဆိုင်နေရပြီး အမှုမပြီးပြတ်သေးမီ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
#Yangon_Times
#Daily_News
Published_ 7 July 2023
၁။ ကလေးငယ်များဖျားလျှင် ရာသီတုပ်ကွေးထင်ပြီး မပေါ့ဆသင့် သွေးလွန်တုပ်ကွေးဖြစ်နိုင်ဟုဆို
၂။ သင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့အဆိုပြုလွှာပေးပို့ထားပြီဖြစ်ဟုဆို
၃။ MFF Carabao Futsal Amateur Cup 2022 ဘောလုံးပြိုင်ပွဲ Black Cross FC က City Dagon FC (၈-၆) ဂိုးဖြင့် အနိုင်ရ
၄။ မက္ကဆီကိုမြို့လေးမှမြို့တော်ဝန်နှင့် တွားသွားသတ္တဝါတစ်ကောင် ထိမ်းမြားလက်ထပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
‘မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့ အဆိုပြုစာတွဲပေးပို့ခဲ့ပြီးဖြစ်တယ်’
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး
#Local_News
Published 7 July 2023
#ကမ္ဘာ့အမွေအနှစ်စာရင်းတင်ထား
#Tthl
#Yangon_Time
‘ဒီအချိန်မှာ ကလေးတွေဖျားရင် ရာသီတုပ်ကွေးဆိုပြီးမပေါ့ဆသင့်ဘူး။ သွေးလွန်တုပ်ကွေးဖြစ်တာ ဖြစ်နိုင်တယ်။ ဒါကြောင့်ဆေးရုံ၊ ဆေးပေးခန်းတွေမှာ သေချာသွားရောက်ကုသသင့်တယ်’ ကျန်းမာရေးအသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုး
#Local_News
Published 7 July 2023
#ရာသီတုပ်ကွေးထင်ပြီးမပေါ့ဆသင့်
#Tthl
#Yangon_Time
‘မြန်မာမှာတော့ ရွှေထည်တွေကို ရွှေသားထူထူဝယ်ယူကြပေမယ့် နိုင်ငံတကာမှာတော့ ဒီဇိုင်းဦးစားပေးရွှေထည်ပါးပါးတွေနဲ့ 3D Cutting တွေကိုကြိုက်နှစ်သက်ကြတယ်။ လက်ရာပိုင်းကြိုက်ဖို့ လိုအပ်နေသေးတယ်’ ဦးမျိုးမြင့် (ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ)
#Local_News
Published 7 July 2023
#မြန်မာ့ရွှေထည်
#Tthl
#Yangon_Time
Page 888 of 1915