#Health_Matters
Published_ 8 July 2023
- အစားအစာသန့်ရှင်းရေးအတွက် ဘာတွေလုပ်ဆောင်သင့်သလဲဆရာ ဘယ်သူတွေအဓိကပါဝင်ရမလဲဆရာ ...??
#Health_Matters #ညစ်ပတ်အစာနှင့် သန့်ရှင်းအစာ
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
Published_ 8 July 2023
- အစားအစာသန့်ရှင်းရေးဟာ ပြည်သူ့ကျန်းမာရေးအပေါ်ဘယ်လို အကျိုးသက်ရောက်ပါသလဲ ဆရာ ...??
#Health_Matters #ညစ်ပတ်အစာနှင့် သန့်ရှင်းအစာ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 8 July 2023
၁။ သက်ကြီးဟာသ ပညာရှင်(၁၀)ဦး ဂုဏ်ပြုဆုများရရှိ
၂။ ယနေ့မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမည်
၃။ နှစ်လတာကာလအတွင်း အာဆီယံနိုင်ငံများသို့ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထား
၄။အိန္ဒိယမှဦးခေါင်းဖြတ်သူရဲကောင်းများ အတိတ်ကိုလွမ်းဆွတ်နေကာ အနာဂတ်အတွက်စိုးရိမ်ပူပန်နေလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Health_Matters
Published_ 8 July 2023
- အစားအစာတွေဟာ ဘယ်လောက်အထိညစ်ပတ်ဖို့လွယ်သလဲဆရာ ...??
#Health_Matters #ညစ်ပတ်အစာနှင့် သန့်ရှင်းအစာ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 8 July 2023
ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်များကို လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် ရန်ကုန်မြို့၌ဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊
အဆိုပါဆွေးနွေးပွဲကို ‘ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက်အား လက်တွေ့ကျင့်သုံး၍ တရုတ်-မြန်မာယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့်အပြန်အလှန် လေ့လာအတုယူမှုနက်ရှိုင်းစေခြင်း’ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၇ ရက်နေ့ကရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် သံမှူး Mr.Pan Fengက သမ္မတMr.Xi Jinpingသည် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက်ကို အဆိုပြုခဲ့ပြီး နိုင်ငံအသီးသီးမှပြည်သူများစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ကြရန်၊ဘုံရန်သူ စိန်ခေါ်မှုများကိုအတူလက်တွဲရင်ဆိုင်ဖြေရှင်းရန်ဆိုသည့်အရေးကြီးလိုအပ်ချက်များအတွက် အချိန်မီ တုံ့ပြန်ခဲ့ကြောင်း၊ ၄င်းတွင်ကမ္ဘာ့ယဉ်ကျေးမှုမတူကွဲပြားမှုများကိုလေးစားရန်၊ လူသားအားလုံး၏ ဘုံတန်ဖိုးများကို ပြန့်ပွားစေရန်၊ယဉ်ကျေးမှုအမွေဆက်ခံခြင်းနှင့်ဆန်းသစ်တီထွင်ခြင်းကိုအလေးထားရန်၊နိုင်ငံအသီးသီးမှပြည်သူများ၏ အပြန်အလှန်သိရှိနားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကိုတိုးမြှင့်ရန်ဆိုသည့် ကဏ္ဍလေးရပ် အဆိုပြုမှုများပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊၊
ရန်ကုန်တက္ကသိုလ်ဒုတိယပါမောက္ခဒေါ်ချိုချိုက သမ္မတMr.Xi Jinping ၏ ဆွေးနွေးညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်အဆိုပြုမှုကို ထောက်ခံကြောင်း၊ အဆိုပြုချက်ကိုလက်တွေ့ကျင့်သုံးခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများအကြားနားလည်မှုနှင့်လေးစားမှုများကို ပိုမိုနက်ရှိုင်းစေမည်ဟုယုံကြည်ကြောင်း ပြောသည်၊၊
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်းကတရုတ်နိုင်ငံ၏ အဆိုပြုချက်မှုနှင့်လမ်းညွှန်မှု အောက်၌ကပ်ရောဂါအလွန်တရုတ်-မြန်မာခရီးသွားလုပ်ငန်းကူးလူးဖလှယ်ရေးများကို အမြန်ဆုံးမျှော်လင့်ကြောင်းပြောသည်၊၊
မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဦးစိန်မော်တော်ကယဉ်ကျေးမှုအဆိုပြုချက်တွင် အဆိုပြုထားသည့်တန်းတူညီမျှမှု၊ အားလုံးပါဝင်မှုသဘောတရားနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့သည် မတူကွဲပြားသော်လည်း အကျိုးရလဒ်များတူညီကြောင်း၊ အဆိုပြုချက်ကို လက်တွေ့ကျင့်သုံးစဉ်အတွင်း တရုတ်-မြန်မာဗုဒ္ဓရေစက်နှင့်ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းအမွေဆက်ခံပြီး ပြန့်ပွားအောင်ဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်၊၊
ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ဗုဒ္ဓဘာသာ၊ စာပေ၊ ပညာရေးစသည့် ကဏ္ဍများကူးလူးဖလှယ်ရေးဆိုင်ရာများ၊ အပြန်အလှန်လေ့လာအတုယူမှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ဘက်ပေါင်းစုံမှအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
#tthl #Local_News #ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်
#Yangon_Times
#Local_News
Published- 8 July2023
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ရန်ပုံငွေ (၂၈)ဘီလီယံကျော်ဖြင့် ကျေးရွာပေါင်း (၉၇ဝ) ကျော်၌ ရေရရှိရေး လုပ်ငန်းပေါင်း (၁,၀၅ဝ)ကို ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။
ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွင်းတိမ်တူးခြင်း၊ တွင်းနက်တူးခြင်း၊ မြေသား ရေကန်တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ယခုနှစ် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၅၅၃ ရွာ၌ တွင်းတိမ် ရေစက်(၂) ခု၊ တွင်းနက် (၂၃၆) ခု၊ လက်တူးတွင်း (၃၉) ခု၊ မြေသား ရေကန်(၇၈)ကန်၊စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း (၉၀) ခု ၊အခြားဆက်စပ် လုပ်ငန်း (၉၆) ခု၊ စုစုပေါင်း (၅၈၁) ခုကို ကုန်ကျငွေ (၁၄) ဘီလီယံကျော်ဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကာ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းပေါင်း (၅၈၁) ခုအနက် လုပ်ငန်း(၂၁၀) ခုသာ စတင်ဆောင်ရွက်နိုင်သေးကြောင်းသိရသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကျေးလက်ရေ ရရှိရေး စီမံကိန်းများအနေဖြင့် ကျေးရွာပေါင်း (၄၂၁) ရွက်တွင် တွင်းတိမ်တူးခြင်း (၃၀) ခု၊ တွင်းနက်တူးခြင်း (၆၄) ခု၊ လက်တူးတွင်း (၂၂) ခု၊ မြေသားရေကန်တူးဖော်ခြင်း (၈၂) ကန်၊ စိမ့်စမ်းရေးသွယ်တန်းခြင်းလုပ်ငန်း (၈၈) နှင့် အခြားဆက်စပ်လုပ်ငန်း (၁၈၈) ခု ၊ စုစုပေါင်းလုပ်ငန်းပေါင်း (၄၇၄) ခုတို့ကို ကုန်ကျငွေ (၁၃) ဘီလီယံကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီးတိုင်းဒေသကြီးပြည်နယ် လုပ်ငန်း ပေါင်း (ရန်ပုံငွေဖြင့်ဆောင်ရွက် မည့်(၄၇၄) ခုအနက် လုပ်ငန်းပေါင်း (၈၀) ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ပြည် ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ကျေးရွာပေါင်း ၁၈၅၈ ရွာတွင် လုပ်ငန်းပေါင်း ၂၀၅၈ ခုကို ကုန်ကျငွေ ၃၉ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#Local_News #ကျေးရွာပေါင်း (၉၇ဝ) ကျော်တွင် ရေရရှိ
#Yangon_Times/BM
ပို့ကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၄၀၇ သန်းရှိပြီး၊ သွင်းကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံကျော်ရှိ
#Local_News
Published_ 8 July 2023
#ကုန်သွယ်မှုတန်ဖိုးကန်ဒေါ်လာ၁ဘီလီယံကျော်
#Ygm/my
#Yangon_Times
Page 887 of 1915