#Published_ 11 July 2023
လျှပ်စစ်သုံးမော်တော်ယာဉ်EVကား(၅၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာကြောင်းသိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသည့် MGတံဆိပ်မော်တော်ယာဉ် များဖြစ်သည်ဟုဆိုသည်။
ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာသည့်ကားအမျိုးအစားနှင့်ကားစီးရေကတော့ MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄၇) စီး၊ MG Marvel R အမျိုးအစား လျှပ်စစ် သုံးမော်တော် ယာဉ် (၃) စီးနှင့် MG, MG5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီး၊ စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် (၅၅) စီး ဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်အဆိုပါကားများကို ဇူလိုင်(၁၀)ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များတင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Yangon_Time/Tthl
#Local_News
#YMG #Yangon_Times
Published_ 11 July 2023
လစဉ်မီတာခကြွေးကျန် ၄ လအထက်ရှိသည့် မီတာများကို လာမည့် စက်တင်ဘာ ၁ ရက်ကစ၍ အပြီး ဖြုတ်သိမ်းသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မီးသုံးသူများသည် သုည ယူနစ် ၆ လဆက်တိုက်ဖြစ်သည့် မီတာဝန်ဆောင်ခ ကြွေးကျန်ဖြစ်နေသော မီတာနှင့် ဓာတ်အားခ ကြွေးကျန် ၄ လနှင့် အထက်ရှိသော မီတာများကို မီတာအပြီး ဖြုတ်သိမ်းရန်နှင့်ဓာတ်အားခကြွေးကျန် လာရောက်ပေးဆောင်ပါက အခြေခံ အဆောက်အဦကြေး ထပ်မံပေးသွင်းပြီမှသာ မီတာအသစ်ပြန်လည်တင်ဆင်ပေးဖို့ ညွှန်ကြားထားကြောင်းလည်းသိရသည်။
ထို့ကြောင့် စက် မှုလုပ်ငန်းသုံး CT မီတာ၊ တန်ဖိုးနည်းအိမ်ရာ၊ ရပ်ကွက်နဲ့ ကျေးရွာအတွင်း တပ်ဆင် သုံးစွဲထားသည့် မီတာများ၏ သုည ယူနစ် ၆ လဆက်တိုက် မီတာဝန်ဆောင်ခ ကြွေးကျန်ဖြစ်နေသည့် မီတာနဲ့ ဓာတ်အားခကြွေးကျန် ၄ လနှင့်အထက်ရှိသည့် မီတာများကို ဩဂုတ်လကုန်နောက်ဆုံးထားပေးသွင်းရန်နှင့် ပေးဆောင်ခြင်းမရှိပါက စက်တင်ဘာ ၁ ရက်ကစ၍ မီတာအပြီး ဖြုတ်သိမ်းသွားမည်ဟု ညွှန်ကြားချက် အရသိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ထိုင်းအသင်း ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့သော်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိ
ထိုင်းလက်ရွေးစင် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သော်လည်း အုပ်စုဒုတိယ နေရာကနေ ဆီမီးဖိုင်နယ်ကိုတက်ရောက်
Yangon_Time/my
#Local_News
#Published_ 11 July 2023
#YMG #Yangon_Times
မှိုဟင်းဘုန်းပေးမိရာက မှိုဆိပ်တက်ကာဆေးဝါးကုသခံနေရသည့် မိုင်းဖုန်းဆရာတော်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် မိုင်းဖုန်းသို့ ပြန်ကြွ
ဝေဒနာကိုရှုမှတ်ခံစားရင်း( ၆) ရက်တိုင် မေတ္တာပိုဂူအောင်း အဓိဌာန်ဝင်
Yangon_Time/my
#Local_News
#Published_ 11 July 2023
#YMG #Yangon_Times
သွေးကင်ဆာလူနာကိုဖခင်၏ပင်မဆဲလ်ဖြင့်ကုသပေးနိုင်ပြီ
‘အရင်က အမွှာအချင်းချင်းသာ သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ မိသားစုဝင်တွေရဲ့ ပင်မဆဲလ်(Stem cell)နဲ့လည်း သွေးခြင်ဆီအစားထိုးကုသနိုင်ပြီ’ ကျန်းမာရေးဝန်ကြီးဌာန
Yangon_Time/tthl
#Local_News
#Published_ 11 July 2023
#YMG #Yangon_Times
Publaished_ 11 July 2023
ဘင်္ဂလားပင်လယ်အော်တွင် ယနေ့ ဇူလိုင်လ(၁၁)ရက်မှစ၍ ဒုတိယအပတ်အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်ကာ အားကောင်းသော မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်လာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဇူလိုင်လ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေသည် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် မိုးပိုနိုင်ကြောင်း ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့် မိုးထစ်ချုန်းရွားနိုင်ကြောင်း သိရသည်။
အလားတူ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇ/လ အသိပေးထုတ်ပြန်သည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနေပြီး၊ မြန်မာ့ကမ်းရြိူတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၆)ပေမှ (၈)ပေအထိရှိနိုင်ကြောင်း သိရသည်။
YMG/my
#YMG #Yangon Times
Published_ 11 July 2023
တရုတ်နိုင်ငံ ပေကျင်းမြို၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာကံဇော်သည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြုစီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဇူလိုင် ၁၀ ရက်တွင် “ဖွံဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက် ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” ကို “Global Development Initiative: Echo the Development Agenda and Call for Global Action” ခေါင်းစဉ်ဖြင့် ကျင်းပရာ ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်ခဲ့ပါတယ်။
အဆိုပါညီလာခံသို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌ Mr. Luo Zhao-hui ၊ ဖိတ်ကြားထားသော အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်အဖွဲများနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲအစည်း ၃၆ ခုတိုမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးရေးကိစ္စများနှင့်စပ်လျဉ်း၍ ဘုံအကျိုးအမြတ် ရရှိစေရန် ရည်ရွယ်၍ ဖိုရမ်ခွဲလေးခု ဆက်လက်ကျင်းပခဲ့ရာ “ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေး အသွင်ကူးပြောင်းမှုအတွက်ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပိုင် ပစ္စည်းများ နှင့်စပ်လျဉ်း၍ ဖွံဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ခွဲ” သို့ တက်ရောက်၍ ဝန်ကြီးဒေါက်တာကံဇော်က အမှာစကား ပြောကြားခဲ့ပါတယ်။
အဆိုပါ ညီလာခံအပြီးတွင် ပါဝင်တက်ရောက်သည့် နိုင်ငံများ၏ သဘောတူညီမှုဖြင့် ပေကျင်းထုတ်ပြန်ချက်ကို ကြေညာခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#local_news
#YMG #Yangon_Times
Page 884 of 1915