#Daily_News
Published_ 12 July 2023
၁။ မှိုပေါသည့်မိုးရာသီတွင် အဆိပ်ရှိမှိုစားမိ၍ ဆေးရုံရောက်သူများရှိနေ
၂။ ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့တွင် ရွှေဘုန်းပွင့်စေတီ၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ပြုလုပ်မည်
၃။ မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အတွင်း မီးနှစ်ကြိမ် ဆက်တိုက်လောင်ကျွမ်းမှုဖြစ်ပွား
၄။ ဘရူနိုင်းနှင့်တရုတ်တောင်ဘက် ကမ်းရိုးတန်းဆိပ်ကမ်းတို့ကြား ချိတ်ဆက်ထားသော ကွန်တိန်နာသင်္ဘောလမ်းကြောင်းကြီး ဖွင့်လှစ်ပြေးဆွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ရခိုင်ဉီးဆောင်ပါတီအနေနဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ရုံးခွဲတွေဖွင့်လှစ်သွားဖို စီစဉ်နေတယ်လို့ ပါတီ ဉက္ကဌ ဒေါက်တာအေးမောင်က Yangon Times ကို ပြောပါတယ်။
Yangon_Time/my
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
ယာဉ်မတော်တဆမှုကျဆင်းရန် ယာဉ်အသုံးပြုသူများက အဓိကကျနေ
ယခုနှစ် ပထမ ၆ လ ပတ်အတွင်း အမြန်လမ်းပေါ်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅၃ ဦး ရှိခဲ့
Yangon_Times/BM
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
မိုးရာသီတွင် အဆိပ်ရှိမှို မစားမိအောင် သတိပြုရန်လို
‘မှိုပွင့်အောက်မှာ အခွက်တွေပါရှိတာ၊ မှိုအရောင်အဆင်းတောက်တောက်ပပရှိတာတွေက အဆိပ်ရှိ မှိုတွေဖြစ်၊ မှိုအဆိပ်သင့်ရင် မိနစ်၂၀ မှ ၄၀အတွင်း မူးဝေအော့အန်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ ဝမ်းလျှောတာနဲ့ ပြင်းထန်ပါက အသက်ဆုံးရှုးနိုင်တယ်’ ဒေါက်တာနန္ဒဝင်း၊( မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
Yangon_Time/tthl
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အတွင်း မီးနှစ်ကြိမ်ဆက်တိုက် လောင်ကျွမ်းမှုဖြစ်ပွား
တောင်အင်းမြောက်အင်းအမှိုက်ပုံ မီးလောင်ကျွမ်းနေတာကြောင့် တိုင်းမီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် ၁၅ စီး၊ ဘတ်ဟိုးနှစ်စီးနဲ့ မီးငြိမ်းသတ်ခဲ့ရ
Yangon_Time/my
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
ရွှေဘုန်းပွင့်စေတီတော်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲပြုလုပ်မည်
‘ကျောင်းတိုက်(၆)တိုက်မှ သံဃာတော် ၃၀ပါးကျော်ကို ဝါဆိုသင်္ကန်းတွေဆက်ကပ်ဖိုရှိပါတယ်။ ဝါဆိုသင်္ကန်းတစ်စုံကို ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါတယ်” (ရွှေဘုန်းပွင့်စေတီတော်ဂေါပကအဖွဲမှတာဝန်ရှိသူ)
Yangon_Time/tthl
#Local_News
#Published_ 12 July 2023
#YMG #Yangon_Times
Published_ 12 July 2023
ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး နယ်စပ်ဂိတ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၌ ပဲ/နှမ်း တင်ပို့ရောင်းချခြင်းအပါအဝင် အခြားပို့ကုန်တင်ပို့ ရောင်းချ ခြင်းကိစ္စရပ်များကို မြန်မာသံအမတ်ကြီးနှင့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ဇူလိုင် ၁၁ ရက်၌ ကူမင်းမြို့ရှိ ယူနန်ကျန်းကျွမ်းဧည့်ဂေဟာရှိ ကျင်းကွေ့ဧည့်ခန်းမတွင် ယူနန်ပြည်နယ် အစိုးရ၏ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ဟောက် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပတ်သက် သည့် ကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံသားများ၏ အကျိုးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
ဆက်လက်၍ ပိုမိုထိရောက်စွာ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို နှစ်နိုင်ငံပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာသံအမတ်ကြီးနှင့်အတူ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ ယူနန်ပြည်နယ် အစိုးရမှ သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘောညစာဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သတင်းရရှိပါတယ်။
Yangon_Times/mnn
#Local_News
#YMG #Yangon_Times
Page 882 of 1915