မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအတွက် ဩစတြေးလျပညာသင်ဆုတွေ ခေါ်ယူနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ သိရပါတယ်။
#Local_News
Published 11 February 2025
#ဩစတြေးလျ #ပညာသင်ဆု
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်သို့တစ်လတာအတွင်း နိုင်ငံခြားသားအပါအဝင်ဘုရားဖူး ငါးသိန်းကျော်လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရပါတယ်။
#Local_News
Published 11 February 2025
#ရွှေတိဂုံစေတီတော် #နိုင်ငံခြားသားလာရောက်ဖူးမြော်
#YMG/NN #Yangon_Times
#Local_News
Published 11 February 2025
▪️ မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်ရှိ မြင်းဝန်း ရတနာဝင်း (ဒေါ်မမကြီးဝင်း ) ၌ မီးလောင်မှုတစ်ခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ မနက်၁၁ နာရီခွဲ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ၂၈ လမ်း၊ ၈၁ လမ်းx ၈၂ လမ်းကြား ၊မြင်းဝန်း ရတနာဝင်း ( ဒေါ်မမကြီးဝင်း )တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၁နာရီ ၃၅မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးလှုပ်ခတ်နေတာကြောင့် ပြည်တွင်းရွှေဈေးပါအနည်းငယ်မြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 11 February 2025
#ကမ္ဘာ့ရွှေဈေးလှုပ်ခတ် #ပြည်တွင်းရွှေဈေးပါတက်
#YMG/NN #Yangon_Times
#Local_News
Published 11 February 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၂၁ သန်းရောင်းချပေးမည်ဖြစ်ကြောင်း ယနေ့တွင်ထုတ်ပြန်ထားသည်။
▪️ ဗဟိုဘဏ်အပါအဝင် AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ ပါဝင်သည့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ တစ်ဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်၌ သတ်မှတ်ငွေလဲနှုန်းကိုမူ သီးခြားဖော်ပြမထားခြင်း မရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 February 2025
▪️ မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့်မြန်မာနိုင်ငံသားများအရေးကိစ္စနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ခံဖြစ်သူ Mr. M. Yogasanthana Das ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၇-၂-၂၀၂၅ ရက်တွင် မြန်မာသံရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ လက်ခံတွေ့ဆုံရာတွင် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများ၊ ၎င်းတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ရေးကိစ္စနှင့် မြန်မာသံရုံးနှင့် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတို့အကြား မြန်မာနိုင်ငံသားများအရေး ကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်မည့် အခွင့်အလမ်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ လတ်တလော၌ မလေးရှားအစိုးရက နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေထိုင်နေသူများကို ရှာဖွေဖမ်းဆီး ထိန်းသိမ်းလျှက်ရှိပြီး ထိုထဲတွင် ြမန်မာနိုင်ငံသားတချို့လည်းပါဝင်နေကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 10 February 2025
၁။ နေရေးအခက်အခဲရှိသည့် ရုပ်ရှင်လောကသားများအတွက် တိုက်ခန်းများဆောက်လုပ်မည်
၂။ အွန်လိုင်းမှတဆင့် ယာဉ်လိုင်စင်လုပ်ငန်းလျှောက်ထားခြင်းကို လာမည့်နှစ် ဧပြီမှစတင်ကာ တစ်နိုင်ငံလုံးအသုံးပြုနိုင်မည်
၃။ ကောလဟာလများကိုမယုံကြည်ဘဲ ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချရန်တိုက်တွန်း
၄။ DeepSeek R1 ၏ open-source စနစ်နှင့်ပတ်သက်၍ အမေရိကန် AI ကျွမ်းကျင်ပညာရှင်ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 88 of 1988