အခုဘဏ္ဍာနှစ် ၁၀လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေကို အမေရိကန် ဒေါ်လာသန်းတစ်ထောင်ကျော် တန်ဖိုးရှိတဲ့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ဒသမ၂သန်း ကျော်အထိ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 12 February 2025
#ဆန်နှင့်ဆန်ကွဲတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
တိုင်းရင်းသားဈေးပွဲတော်နဲ့ သနပ်ခါးဈေးပွဲတော် အပါအဝင်“သွေးချင်းစုံလင် သနပ်ခါးသဘင်” သရုပ်ဖော် ပြိုင်ပွဲကို ရန်ကုန်မြို့၊ အင်းလျားလမ်းက စိမ်းလမ်းစိုပြေဥယျာဥ်မှာ သုံးရက်တိုင်တိုင်ကျင်းပနေပါတယ်။
#Local_News
Published 12 February 2025
#တိုင်းရင်းသားဈေးပွဲတော် #သွေးချင်းစုံလင် သနပ်ခါးသဘင်
#YMG/NN #Yangon_Times
မသန်စွမ်းသူများဘဝအမှီခိုကင်းစွာရပ်တည်နိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နဲ့ LOLC Myanmar Microfinance တို့ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန့်နေ့က ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 12 February 2025
#မသန်စွမ်းသူများ #ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)
#YMG/NN #Yangon_Times
#Local_News
Published 12 February 2025
▪️ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင်အသင်းပေါင်း၃၂သင်းဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာလုပ်ငန်းမြို့ပြဌာနမှ ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီအချိန်က ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လုပ်ငန်းမြို့ပြဌာနကို ကျပ် (၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ဓါတ်ပုံကန်ထရိုက်လုပ်ငန်းအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၆)သိန်း၊ စတုတ္တဆုရရှိသည့် မေတ္တာပါရမီအသင်းကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် အထက်ပစ္စယံအသင်းကို ကျပ်(၄)သိန်းအပြင် နှစ်သိမ့်ဆုရရှိကြသည့် ပေါင်းမြက်သန့်ရှင်းရေးအသင်း၊ ပြတိုက်ပြခန်းဌာန၊ ဥပဒေရုံးများဆိုင်ရာဝတ်အသင်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ကို ကျပ်(၃)သိန်းစီ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ပြိုင်ပွဲမှရရှိလာသည့်ထမနဲများကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲလပြည့်နေ့)တွင် မြတ်စွာဘုရားနှင့်သံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်ပြီး၊ ဘုရားအမှူးပြုသောသံဃာတော် ၆၄ ပါးအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊အလှူရှင်များအားဒါနပြုခြင်းနှင့်ခုနစ်ရက်သားသမီးများအားဝေငှကုသိုလ်ပြုခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 11 February 2025
၁။ ကမ္ဘာ့ရွှေဈေးလှုပ်ခတ်မှုကြောင့် ပြည်တွင်းဈေးပါတက်လာ
၂။ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားအပါအဝင်ဘုရားဖူး ငါးသိန်းကျော်လာရောက်ဖူးမြော်
၃။ မြန်မာနိုင်ငံသားများအတွက် ဩစတြေးလျပညာသင်ဆုများခေါ်ယူနေ
၄။ စားသောက်ကုန်ဈေးနှုန်းများ ထိုးတက်နေသဖြင့် သိုလှောင်ဆန်များဖြန့်ဝေရန်ဂျပန်အစိုးရစဉ်းစား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ယခုဖေဖော်ဝါရီလကုန်ကစတင်ပြီး ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းမှာ မီးရထားခရီးစဉ်သစ်တွေပြေးဆွဲသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 February 2025
#မီးရထားခရီးစဉ်သစ် #ရန်ကုန်-မန္တလေး
#YMG/SW #Yangon_Times
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပထမအကြိမ် (MMC)စာအုပ်နှင့်ပန်းချီ အရောင်း ပြပွဲအခမ်းအနားဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 11 February 2025
#ပြည်ထောင်စုနေ့ #ပန်းချီအရောင်းပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
Page 87 of 1988