#Local_News
Published 20 July 2023
ဇူလိုင်လ(၂၀)ရက်မနက်ပိုင်းမှစ၍ ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာပြီဖြစ် ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
မုတ်သုန်အားလည်းအလွန်ကောင်းနေပြီး လေဖိအားနည်းရပ်ဝန်း၏အရှိန်များလည်းသက်ရောက်မှုရှိမည်ဖြစ် သောကြောင့်ဒေသတော်တော်များများတွင် လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊မိုးသီးကြွေခြင်းများ ဆက်တိုက် ဖြစ်ပေါ်မည်ဟုဆိုသည်။
ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများကျရောက်နိုင်ခြေလည်းရှိပြီး အထူးသဖြင့် မွန်၊ကရင်၊ တနင်္သာရီ ဒေသများနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းသိရသည်။
မိုးသည်းထန်မှုကြောင့် မြစ်ရေကြီးမှုများလည်းဖြစ်ပွားနိုင်သဖြင့် မြစ်နား၊ကမ်းနားနေထိုင်သူများလည်း အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်းသိရသည်။
#tthl #လေပြင်းတိုက်ပြီးမိုးကြီးခြင်းများဖြစ်ပေါ်
#Yangon_Time
#Local_News
Published 20 July 2023
ဂျပန်နိုင်ငံတွင်ကျင်းပခဲ့သည့် (၆၄)ကြိမ်မြောက် နိုင်ငံတကာ သင်္ချာအိုလံပစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသား (၂)ဦး ဂုဏ်ပြုလက် မှတ် (Honorable Mention) ရရှိခဲ့ကြကြောင်း သိရသည်။
ဂျပန်နိုင်ငံ၊ ချီဘမြို့တွင် အဆိုပါပြိုင်ပွဲကို ဇူလိုင်လ ၂ရက် မှ (၁၃)ရက်အထိ ကျင်းပခဲ့ရာတွင် မောင်စိုးသွေးကိုနှင့် မဆုဝတ်ရည်တို့ (၂)ဦးသည် အဆင့် (၈၈)ဖြင့် ဂုဏ်ြပ ုဆုလက် မှတ် ရရှိခဲ့ကြောင်းသိရပြီး ၎င်းတို့၂ဦးသည်အသက်အရွယ်အရ နောက်ထပ် ၂ နှစ် အင်္ဂလန်နိုင်ငံတွင် ကျင်းပမည့် (၆၅)ကြိမ်မြောက် IMO 2024 , ဩစတေးလျနိုင်ငံတွင် ကျင်းပမည့် (၆၆)ကြိမ်မြောက် lMO 2025 တို့တွင် ထပ်မံယှဉ်ပြိုင်ရန် အခွင့်အရေးများ ရှိနေသေးကြောင်း သိရသည်။
ပြိုင်ပွဲတွင် တရုတ်နိုင်ငံကအမှတ်ပေါင်း (၂၄၀)အဆင့်(၁)ရရှိခဲ့ပြီး အမေရိကန်က (၂၂၂)မှတ်ဖြင့် အဆင့်(၂)ရရှိခဲ့သည်ဟု သိရပြီး ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်ကြသည့် နိုင်ငံများမှာ တောင်ကိုရီးယား၊ ရိုမေးနီးယား၊ ကနေဒါ၊ ဂျပန်၊ ဗီယက်နမ်၊ တူရကီ၊ အိန္ဒိယနှင့် ထိုင်ဝမ်တို့ ဖြစ်ကြကြောင်းသိရသည်။
အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဗီယက်နမ်က အဆင့်(၇)နှင့် ထိပ်ဆုံးတွင် ရှိနေပြီး စင်္ကာပူက အဆင့်(၁၂)၊ ထိုင်းက အဆင့်(၁၉)၊ ဖိလစ်ပိုင်က(၂၆)၊ အင်ဒိုနီးရှား(၃၉)၊ မလေးရှား(၄၄)တို့ ဖြစ်ကြ၍ နိုင်ငံပေါင်း( ၁၁၂)ပါဝင်ကြောင်းသိရသည်။
International Mathematical Olympiad (IMO) ဆိုသည်မှာ တက္ကသိုလ် မတက်ရသေးသည့် ကျောင်းသားများ တစ်နည်းအားဖြင့် အထက်တန်းကျောင်းသားများအတွက် ကျင်းပပေးသည့် နိုင်ငံတကာသင်္ချာပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ သိပ္ပံဆိုင်ရာ အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်သည်။
#Local_News #နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲတွင်မြန်မာကျောင်းသားနှစ်ဦးဂုဏ်ပြုလက်မှတ်ရရှိ
#Yangon_Times/BM
‘အသည်းလူနာ(၂)ဦးကို မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင်၁၀၀၀)ဆံ့မှာ အောင်မြင်စွာ အစားထိုးကုသနိုင်ခဲ့တယ်။ ကျန်တစ်ဦးကို အစားထိုးခွဲစိတ်ကုသမှုဆက်လက်ဆောင်ရွက်မယ်။ ကျောက်ကပ်လူနာ(၁)ဦးကို အထူးကုဆေးရုံကြီးကုတင် (၅၀၀)ဆံ့(ရန်ကုန်)မှာအောင်မြင်စွာအစားထိုးကုသနိုင်ခဲ့တယ်’
Published 20 July 2023
#Local_News
#အသည်းနှင့်ကျောက်ကပ်အစားထိုးကုသမှုများအောင်မြင်ခဲ့
#tthl #Yangon_Times
ဧပြီလအတွင်း (၁၀၀ ဒသမ ၄၁ )တန်၊ မေလအတွင်း ( ၃၃၆ ဒသမ ၇ )တန်နဲ့ ဇွန်လအတွင်း တန် (၈၀) ကျော်ကို ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေကို တင်ပို့နိုင်
Published 20 July 2023
#Local_News
#ပြည်ပသို့ ပျားရည်တန်ချိန် ၅၀၀ ကျော်တင်ပို့နိုင်ခဲ့
#YMG/my #Yangon_Times
‘မြန်မာနိုင်ငံမှတစ်ရူးငှက်ပျောတွေကိုအများဆုံးတင်ပိုနိုင်ခဲ့ပြီး ဓာတ်မြေဩဇာအပါအဝင် လုပ်ငန်းသုံးပစ္စည်းတွေ၊ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊လူသုံးကုန်အဝတ်အထည်နဲ့ သစ်သီး တွေတင်သွင်းနိုင်ခဲ့တယ်။ဇူလိုင်(၁၈)ရက်အထိကန်ဒေါ်လာ(၂)သန်းကျော်တင်ပိုပြီးဖြစ်ပါတယ်’ ... (ကံပိုက်တည်ကုန်သွယ်ရေးစခန်း)
Published 20 July 2023
#Local_News
#ကံပိုက်တည်စခန်းမှ ကန်ဒေါ်လာ(၃)သန်းတင်ပို့
#tthl #Yangon_Times
#Local_News
Published 20 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကန်တော်ကြီးပန်းကန်လုံးကျွန်း ရှင်ဥပ္ပဂုတကျောင်းဆောင်တံတားအောက်တွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေသော အသက် (၅၀) ခန့်အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒီဃာယုက အသင်းက သိရသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၇နာရီ ၄၅မိနစ်ခန့်က ပန်းခြံလုပ်သားများနှင့် ကန်တော်ကြီးအတွင်း အားကစားလုပ်သူများက သတင်းပေးပို့လာသောကြောင့် အဆိုပါ အခင်းဖြစ်ရာနေရာသို့ လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ မင်္ဂလာတောင်ညွန့်မြို့နယ် လူမှုကူညီကယ်ဆယ်ရေးကွန်ယက်မှ အသင်းများဖြစ်သော ဒီဃာယုက အသင်း၊ သပြေကုန်းအသင်း၊ ကျီတော်အသင်းများက ဗိုလ်တထောင်မှ အဖြူရောင်ကမ်းလက်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#Local_News #ပန်းကန်လုံးကျွန်းအနီးအမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ
#Yangon_Times/BM
#Local_News
Published-20 July 2023
ရန်ကုန်တိုင်းတွင် ဇူလိုင်လပထမတစ်ပတ်ကြာကာလတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ထပ်မံသေဆုံးသူ ၁ဦးနှင့် ရောဂါဖြစ်ပွားသူ ၂၀၀ ကျော်ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။
လက်ရှိကာလတွင် တောင်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၄ဦးရှိပြီး သေဆုံးသူ ၄ဦးရှိလာကြောင်း ရန်ကုန်တိုင်းကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်ထားဌေးလွင်က ပြောကြားထားသည်။
"ယခုနှစ်ဇွန်လအထိ သေဆုံးသူ ၃ ဦးနဲ့ ရောဂါဖြစ်ပွားသူ ၄၈၃ ဦးရှိခဲ့တယ်။ ယခုနှစ် ဇူလိုင်လမှာ ထပ်မံသေဆုံးသူနဲ့ထပ်ဖြစ်တာတွေရှိတာကြောင့်ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါနဲ့သေဆုံးသူစုစုပေါင်း ၄ဦး ရှိလာသလို ရောဂါဖြစ်ပွားသူအရေအတွက် ကလည်း ၆၀၄ဦးအထိ မြင့်တက်လာတယ်"ဟု ယင်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်နှင့် ယှဥ်လျှင် ယခုနှစ်သေဆုံးနှုန်းနှင့် ဖြစ်ပွားနှုန်း လျော့ကျလာပြီး ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးသည် ကပ်အသွင်ဖြင့်လူဦးရေ ၄၀၀၀ကျော် ရောဂါဖြစ်ပွားမှုတွေ ရှိခဲ့ကြောင်းလည်း ပြောကြားထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အသက်၅နှစ်ကနေ ၉နှစ်အရွယ်ကလေးတွေမှာ အများဆုံးဖြစ်ပွားသလို အသက်၁၅ နှစ်အထက်လူကြီးများတွင်လည်း ရောဂါဖြစ်ပွားလျှင်သေဆုံးနှုန်းမြင့်မားတတ်ကြောင်းလည်း သိရသည်။
#Yangon_Times/BM #Local_News
#သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀ကျော်နှင့်သေဆုံးသူထပ်မံရှိလာခဲ့
Page 856 of 1904