#Daily_News
Published 30 October 2024
၁။ ရွှေတိဂုံစေတီတော်တွင် တန်ဆောင်မုန်းလပြည့်နေ့၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကျင်းပမည်
၂။ ပြည်တွင်းသို့ ၁၁ လတာအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၅၇၀) ကျော် ဝင်ရောက်ဆိုက်ကပ်
၃။ ခြောက်လအတွင်း ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ပျားရည်များတင်ပို့ထားပြီး ဂျပန်သို့အများဆုံးတင်ပို့
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ စိုက်ပျိုးမွေးမြူရေးပြပွဲကြီး ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းအတွင်းရှိတိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ သန်လျင်၊ တွံတေးခရိုင်တွေထဲက အဝေးဆုံးမြို့နယ်တွေလည်း စုစုပေါင်းကျသင့်ငွေ (၂၃၆၀၀)ကျပ်ဖြင့် စားအုန်းဆီ(၂)ပိဿာ(၇၅)ကျပ်သား အိမ်အရောက်ပို့စနစ်ဖြင့် မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 30 October 2024
#စားအုန်းဆီ #အိမ်အရောက်မှာယူနိုင်
#YMG/tthl #Yangon_Times
#Local_News
Published 30 October 2024
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အထိ ကိုနေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျှက်ရှိကြောင်း မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။
▪️ လတ်တလောတွင် ရန်ကုန်တိုင်းအတွင်း၌ CNG မော်တော်ယာဉ် စုစုပေါင်းအစီးရေ ၃၀,၀၀၀ ခန့် ရှိရာ သဘာဝဓာတ်ငွေ့ များကိုယင်းသို့ရောင်းချပေးနေခြင်းဖြစ်သည်။
▪️ ထို့သို့ရောင်းချရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း CNG အရောင်းဆိုင်ပေါင်း ၄၁ ဆိုင်ရှိသည့်အနက် ယခင်က CNG အရောင်းဆိုင်အချို့သာ နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချခဲ့သော်လည်း လတ်တလောတွင် CNG သုံးမော်တော်ယာဉ်များ သဘာဝဓာတ်ငွေ့ ဖြည့်တင်းရာတွင် အဆင်ပြေစေရန် CNG အရောင်းဆိုင်အားလုံးကိုနေ့စဉ် ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားရယူပြီးမှသာ ရောင်းဝယ်နိုင်မယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီကနေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 October 2024
#ရွှေလုပ်ငန်းလိုင်စင် #လုပ်ငန်းလိုင်စင်လျှောက်ထား
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ်ရဲ့ ခြောက်လတာအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ပျားရည်တွေ တင်ပို့ထားပြီး ဂျပန်နိုင်ငံကို အများဆုံးတင်ပို့ထားတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 30 October 2024
#ပျားလုပ်ငန်းဌာန #ပျားရည်တင်ပို့
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ(၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲနဲ့ သာမညဖလအခါတော်နေ့အခမ်းအနားကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 30 October 2024
#ရွှေတိဂုံစေတီတော်မြတ် #မသိုးရွှေကြာသင်္ကန်း
#YMG/tthl #Yangon_Times
ပြည်တွင်းသို့ အခုနှစ် ၁၁ လတာကာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ်(၅၇၀)ကျော် ဝင်ရောက်ဆိုက်ကပ်သွားမယ်လို့ မြန်မာ့ဆိပ်ကမ်း
အာဏာပိုင်က သိရပါတယ်။
#Local_News
Published 30 October 2024
#ကုန်သေတ္တာတင်ယာဉ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/NN #Yangon_Times
Page 86 of 1866