Published_ 25 July 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်တစ်ပါးဖြစ်သော ဘဒ္ဒန္တဝေပုလ္လ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း ဆရာတော်၏တပြည့် ဒယကာတစ်ဦးက လူမှုဖေ့ဘွတ်စာမျက်နှာပေါ်တွင်မျှဝေထားသည်။
ဆရာတော်သည် ယနေ့ ဇူလိုင်လ (၂၅) ရက် နံနက် ၅ နာရီအချိန်တွင် ရန်ကုန်မြို့ဂရန်းဟံသာဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဖျာပုံဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ ဥတုဇရုပ်ကလာပ်တော်အား ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသော်လည်း Yangon Times အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ဆရာတော်၏ရုပ်ကလာပ်ကို မည်သည့်ရက်တွင် သဂြိုဟ်သွားမည်ဆိုသည်ကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
နိုင်ငံတော်သြဝါဒစရိယဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ (ဖျာပုံဆရာတော်)သည် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကကပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ စသည့် ဘွဲ့တော်များဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် (ငြိမ်း) တို့၌ တွဲဖက်၍ သာသနာ့ဝန်ကို ထမ်းရွက်ခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်
သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 25 July 2023
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ သိရပါတယ်။
ယင်းအစည်းအဝေးကို နစက အဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နဲ့ ကော်မရှင်အဖွဲ့များ ဇူလိုင်လ ၂၄ရက်နေပြည်တော်တွင် ကျင်းပခဲ့ကြကြောင်း
သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုပေးခဲ့ကြောင်းသိရပြီးလုပ်ငန်းသစ်များ၏ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ကျော်နှင့် ငွေကျပ်သန်းနှစ်သိန်းခွဲ ကျော်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇၆၀၀ ကျော် ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည့် နိုင်ငံများမှာ စင်ကာပူ၊ တရုတ် နှင့် ထိုင်းနိုင်ငံ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် အများဆုံးကဏ္ဍအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ၂၈ ရာခိုင်နှုန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်၂၄ ရာခိုင်နှုန်းကျော်နှင့် စက်မှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်းလည်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
ပြည်တွင်းကထွက်ရှိတဲ့ အုန်းသီး ၂၀ ရာခိုင်နှုန်းကို ပြည်ပကို တင်ပို့နေတာဖြစ်ပြီး၊ တရုတ် ၊ ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ဝယ်ယူနေတာဖြစ်
တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နှစ်ကို အုန်သီးအလုံးရေ ၄၀၀ ကျော်ထွက်ရှိပြီး အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းနေတာဖြစ်
Yangon Times/my
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
‘စားအုန်းဆီဈေးဟာ ရည်ညွှန်းဈေးမှာ လာမယ့်အပတ်ကျမှ ရာဂဏာန်းလောက်တက်ဖို့ရှိပေမယ့် ဈေးကွက်ထဲမှာတော့ အခုကတည်းက စားအုန်းဆီဈေးတွေ ကမာက်ကမတွေဖြစ်နေတယ်။ ပြည်သူတွေကို စားအုန်းဆီ ရည်ညွှန်းဈေးအတိုင်း ကျပ်၄၈၀၀၊၅၀၀၀နှုန်းဖြင့် လိုက်လံရောင်းချပေးသွားမယ်’
ဦးရဲသူအောင်၊ ဒုဥက္ကဌ( ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း )
Yangon Times/tthl
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Published_ 25 July 2023
ထိုင်းနိုင်ငံ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော Arsec-Asia Inline Speed Skating Challenge 2023 ပြိုင်ပွဲတွင် မြန်မာစကိတ်သမားနှစ်ဦးက ဆုလေးဆု ဆွတ်ခူး ရရှိခဲ့ကြောင်း Myanmar Skate Federation ထံမှ သိရသည်။
အဆိုပါ မြန်မာစကိတ်ကစားသမား နှစ်ဦးအနေဖြင့် တစ်ဦးလျှင် ရွှေတံဆိပ်တစ်ခုစီနှင့် ငွေတံဆိပ်တစ်ခုစီ စုစုပေါင်း လေးခု ရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်ကစားသမားများဖြစ်သည့် မောင်အောင်ကျော်ဇင်(Team Phoenix)က မီတာ (၅၀၀) ပြိုင်ပွဲ၌ ရွှေ တံဆိပ် (၁)ဆု၊ မီတာ (၁၀၀၀)၌ ငွေတံဆိပ် (၁)ဆု ၊ မောင်ခင်လှိုင် (တွံ့တေးစကိတ်အသင်း)က မီတာ (၁၀၀၀) အပြေးတွင်ရွှေတံဆိပ် (၁) ခု၊ မီတာ (၅၀၀)၌ ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၄) ခု အသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို ပြီးခဲ့သော ဇူလိုင် (၂၂) ရက် မှ ၂၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီယား၊ မြန်မာ အပါအဝင် (၆) နိုင်ငံ ရှိ စကိတ်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
လေးရှားရောက် မြန်မာနိုင်ငံသားများ နိုင်ငံလက်မှတ် ပျောက်ဆုံး/ပျက်ဆီးအတွက် ဒဏ်ကြေးတိုးမြှင့်
ဇူလိုင်လ (၂၄) ရက်ကနေစတင်ပြီး ရင်းဂစ် (၃၃၀) အစား ရင်းဂစ် (၄၈၀ )ကို ပြောင်းလဲကောက်ခံမည်
Yangon Times/my
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Published_ 25 July 2023
ယခုနှစ်အတွင်းရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝရေပြင်တွင် ငါးသားပေါက်ကောင်ရေ (၇၉)သိန်းကျော်စိုက် ထည့်ပြီးထည့်သွင်းမွေးမြူထားပြီဖြစ်ကြောင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
(၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ငါးသားပေါက်ကောင်ရေသိန်း(၂၇၀)စိုက် ထည့်ရန်လျာထားဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
“နိုင်ငံတော်အကြီးအကဲက သဘာဝရေပြင်မှာဆိုရင် ပြည်သူတွေတိုက်ရိုက်ဖမ်း ဆီးစား သုံးနိုင်တာကြောင့် ဦးစားပေးမျိုးစိုက်ထည့်ဖို့ ညွှန်ကြားထားတဲ့အတွက် တိုင်းဒေသကြီးအတွင်းက အဓိကသဘာဝရေပြင် တွေမှာ ရှင်သန်နှုန်းကောင်းမွန်ပြီး အကောင် ၁၀၀ လွှတ်ရင် ၈၀ ရှင်သန်နိုင်တဲ့ နှစ်လက်မအရွယ် ငါးသားပေါက်တွေ စိုက်ထည့်ထားပါတယ်။
ငါးသယံဇာတကိုထိန်းသိမ်းမှုနဲ့အတူ ငါးလုပ်ငန်းစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ငါးမျိုးပြုန်း တီးမှုမဖြစ်ပေါ်စေဖို့၊ သဘာဝရေပြင်တွေမှာ ငါးမျိုးများရေရှည်စဉ်ဆက်မပြတ်တည်ရှိနေစေဖို့၊ ငါးထုတ်လုပ်မှုတိုးတက်လာစေဖို့နဲ့ ဒေသခံပြည်သူတွေ ငါးရိက္ခာဖူလုံပြီး လူမှူစီးပွားဘဝမြင့်မားလာစေဖို့ စတဲ့ရည်ရွယ်ချက်မျိုးနဲ့ ငါးမျိုးစိတ်များကို စိုက်ထည့်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောသည်။
သဘာဝရေပြင်တို့၌ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမနှင့် ရွှေဝါငါးကြင်း စသည့်ငါးသား ပေါက်များကို စိုက်ထည့်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဧပြီလ ဇီဝိတဒါနငါးလွှတ်ပွဲမှစတင်ကာ ငါးသား ပေါက်များကိုစိုက် ထည့်ခဲ့ရာ ဇွန်လ၌ ငါးသားပေါက်ကောင်ရေ သိန်း ၃၀၊ ဇူလိုင်လ တတိယပတ်၌ ငါးသား ပေါက်ကောင်ရေ ၄၇ ဒသမ ၅၀ သိန်းဖြင့် စုစုပေါင်း ၇၉ ဒသမ ၀၃ သိန်း စိုက်ထည့်ခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ တစ်နိုင်ငံလုံးတွင် ငါးသားပေါက်ကောင်ရေ သိန်း ၁၀၀၀ ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Time/Tthl
#Local_News
#YMG #Yangon_Times
Page 847 of 1904