#Local_News
Published 31 October 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာ ၉ သန်းခွဲကျော်အပါအဝင် ထိုင်းဘတ်နှင့်တရုတ်ယွမ်ငွေစသည့်နိုင်ငံခြားငွေကြေးများကို အောက်တိုဘာ ၃၀ ရက်ကထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၅၇၂ ကျပ်နှင့် ကန်ဒေါ်လာ ၉ သန်းခွဲကျော်ကို ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
▪️ အလားတူ ငွေလဲနှုန်း ၅၂၆.၇ ကျပ်နှင့် တရုတ်ယွမ် ၂ သန်းကျော် ၊ငွေလဲနှုန်း ၁၂၄.၃၈ ကျပ်ဖြင့် ထိုင်းဘတ် ၁၅၆ သန်းကျော်ကိုလည်း ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန် လုပ်ငန်းရှင်များ အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ထုတ်ရောင်းပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 October 2024
▪️ တန်ဆောင်တိုင်အကြို ပြည်တွင်းဖြစ် ပဲဆီနှင့်နှမ်းဆီ ဈေးရောင်းပွဲတော်
မန္တလေး၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။
▪️ အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် မန္တလေးမြို့၊ ၇၈ လမ်းရှိ ရတနာပုံစူပါစင်တာ ပရိုမိုးရှင်းဧရိယာတွင် ပြုလုပ်သွားမည်ဖြစ်သည်။
▪️ ယင်းဈေးရောင်းပွဲ၌ FDA လက်မှတ်ရရှိပြီးသား ပြည်တွင်းထုတ်လုပ်သည့်ဆီများအား တစ်ပိဿာလျှင် ၁၆,၀၀၀ ကျပ်ဖြင့် လိုသလောက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် မန္တလေးမြို့တွင်းကို ၁၀ ပိဿာအထက် ဝယ်ယူလျှင် ပို့ဆောင်ခအခမဲ့ဖြင့် အိမ်အရောက်ပို့ပေးသွားမည်ဖြစ်ကြောင်း ၊ ငွေပေးချေမှုကိုလည်း ငွေသားအပြင် K-Pay ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
"အန်တီ့တိုက်ခန်းကို လာဝယ်နေတာနှစ်ကြိမ်ရှိပြီ။ ရောင်းမယ်လို့လည်း အကျိုးဆောင်၊ ပွဲစားအပ်ထားတာလည်းမရှိဘဲ လာဝယ်နေကြတာ။ ရပ်ကွက်ထဲမှာလည်းစစ်ရှောင်လာတဲ့သူတွေလည်းများလာတော့ တိုက်ခန်းလိုက်ဝယ်သူတွေများနေတယ်"လို့ တာမွေ၊ကျောက်မြောင်းမြို့နယ်တွင်းရှိ တိုက်ခန်းပိုင်ရှင်က ပြောပြပါတယ်။
#Local_News
Published 31 October 2024
#တိုက်ခန်းများ #တိုက်ခန်းပိုင်ရှင်
#YMG/tthl #Yangon_Times
တောင်တွင်းကြီးမြို့ တောရဗိမာန်ကျောင်းမှာ ချမ်းမြေ့ဆရာတော်ဘုရားကြီးမှ မတည်လှူဒါန်းတဲ့ ကထိန်သင်္ကန်းလှူဒါန်းဆက်ကပ်ပွဲကျင်းပခဲ့ပြီး စာရေးတံမဲပွဲဆက်လက်ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 31 October 2024
#တောင်တွင်းကြီး #စာရေးတံမဲပွဲများကျင်းပ
#YMG/tthl #Yangon_Times
အခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေကို ရော်ဘာတန်ချိန် တစ်သိန်းကျော်တင်ပို့ထားပြီး ရှေ့ဈေးကွက်အလားအလာလည်းကောင်းနိုင်တယ်လို့ မြန်မာ့သဘာဝ ရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင်ရေး အသင်းကသိရပါတယ်။
#Local_News
Published 31 October 2024
#ရော်ဘာတန်ချိန် #ဈေးကွက်ကောင်း
#YMG/NN #Yangon_Times
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နိုဝင်ဘာလအတွက် ရောင်းချရမယ့် ဆန်ရည်ညွှန်းဈေးနှုန်းတွေကို
သတ်မှတ်ခဲ့ရာ ပြည်ပတင်ပို့တဲ့ ဆန်အချို့နဲ့ ပြည်တွင်းစားသုံးတဲ့ ဆန်အချို့ဈေးနှုန်းကျဆင်းလာတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 31 October 2024
#ပြည်တွင်းစားဆန် #ဆန်အချို့ဈေးကျဆင်း
#YMG/NN #Yangon_Times
#Local_New
Published 31 October 2024
▪️ တရုတ်-မြန်မာ ဇီဝမျိုးစုံမျိုးကွဲမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း(၁၀) နှစ်ပြည့်အခမ်းအနားကိုအောက်တိုဘာလ ၂၉ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားတွင်သံမှူးကြီး Dr. Zheng Zhihong က "၁၀ နှစ်တာအတွင်း တရုတ်-မြန်မာ ဇီဝမျိုးစုံမျိုးကွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းသည် ရလဒ်များစွာဆွတ်ခူးရရှိခဲ့ကြောင်း၊
▪️ တရုတ်သိပ္ပံအကယ်ဒမီသည် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်အတူ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲမှု သုတေသနစင်တာကို တည်ဆောက်ခဲ့ပြီး အကြီးစားပူးတွဲသိပ္ပံသုတေသနပြုလုပ်မှု ၉ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊
▪️ နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေပြီး နှစ်နိုင်ငံ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု၊ တစ်ကမ္ဘာလုံးတွင် ဇီဝမျိုးစုံမျိုးကွဲမှုများ ပြည့်ဝစေမှုအတွက် ပိုမိုကြီးမားသည့်အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း "ပြောကြားခဲ့သည်။
▪️ မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမင်းသူကလည်း" တရုတ်သိပ္ပံအကယ်ဒမီက မြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲမှုဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် သုတေသနပြုလုပ်မှုအတွက် အရင်းအနှီးနှင့် နည်းပညာထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊
▪️ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာဘက်၏ ပညာရပ်ဆိုင်ရာအဆင့်အတန်းကို မြှင့်တင်ပေးလိုက်ရုံသာမက ဒေသတွင်းလူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးထမ်းဆောင်ပေးလိုက်ကြောင်း"ပြောကြားခဲ့သည်။
#YMG/tthl #Yangon_Times
Page 85 of 1866