‘နှစ်ဦးသေဆုံးပြီး(၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ကားအောက်ထဲရောက်နေတဲ့ ဘယ်လက်ကျိုး၊ ညာခြေထောက်ပိနေတဲ့ အသက်(၅)နှစ်အရွယ် သမီးငယ်လေးကိုလည်းပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကရိန်းအကူအညီနဲ့ ကားအောက်ထဲမှ ကြိုးစားပမ်းစားကယ်ယူထုတ်နိုင်ခဲ့တယ်’ကိုထင်လင်းအောင်၊ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဦးဆောင်သူ
Published_ 2 August 2023
#ပဲခူး-ရန်ကုန်လိုင်းကားယာဉ်တိုက်မှုဖြစ်
#tthl
#Yangon_Times
#Local_News
Published _2 August 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်တံတား RP 11 နှင့် RP 12 အကြားတွင် သံဃာတော်တစ်ပါး ခုန်ချမှု ယနေ့ ဩဂုတ်လ ၂ ရက် နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေထဲခုန်ချသွားသည့် သံဃာတော်မှာ မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမ၊ ရွှေရင်အေးကျောင်းမှ သက်တော်(၄၉) နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ(ခ)ဦးကံဖန်ဖြစ်ကြောင်း သိရသည်။
သက်တော်(၅၇)နှစ် ရှိ ဥူးအာစိန္တနှင့် သက်တော်(၄၉) နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ(ခ)ဦးကံဖန်တို့ ယနေ့နံနက်ကမော်လမြိုင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံသို့ လာရောက်စဉ်အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်တော်(၄၉) နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ(ခ)ဦးကံဖန် အတွက် မီနီအိုးဝေယာဉ်ဖြင့် ဆေးခန်းပြရန် ထွက်ခွာလာစဉ် ယင်းလမ်းရှိ တံတားပေါ်ရောက်ချိန်တွင် ဥူးကောသလ္လကအပေါ့အပါးသွားလိုကြောင်း ပြော၍ တံတားတစ်ဖက်ခြမ်းသို့လမ်းကူးသွားကာတံတား လူသွားလမ်းလက်ရန်းဘောင်မှ သံလွင်မြစ်အတွင်း ခုန်ချသွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက သံလွင်မြစ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News #သံလွင်တံတားပေါ်မှ သံဃာတော်တစ်ပါးခုန်ချမှုဖြစ်
#Yangon_Times/PP
#Local_News
Published_ 2 August 2023
အာဆီယံစီးပွားရေးဆိုင်ရာလုပ်ငန်းအစည်းအဝေးတွင် အာဆီယံဒေသတွင်းလျှပ်စစ်မော်တော်ယာဉ်(EV) အသုံးပြုမှုစနစ်နှင့်ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးဆိုသည့်အချက်ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့်(၄၄) ကြိမ်မြောက်အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင်ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊
အစည်းအဝေးတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသဖြစ်လာစေရေး ကာဗွန်လျှော့ချ ရေးဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) အသုံးပြုမှုစနစ်နှင့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးဆိုသည့်အချက်များထည့်သွင်းဆွေးနွေးခဲ့သည်။
ယင်းကိစ္စရပ်များအပြင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန်မျှော်မှန်းချက်ရေးဆွဲမှုတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ထည့်သွင်းလိုသည့် ကိစ္စရပ်များ၊ အသစ်ထွက်ပေါ်လာသည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ကိစ္စရပ်များ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ အကောင်အထည်ဖော်မှုအပေါ် ဘက်စုံစောင့်ကြည့်လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အာဆီယံအပြာရောင် စီးပွားရေးမူဘောင် (ASEAN Blue Economy Framework) ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆိုပြီးသော လွတ်လပ်သော ကုန်သွယ်မှုဒေသ အသုံးပြုမှု ( Utilization of FTAs) အခြေအနေများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် လာမည့်(၄၅)ကြိမ်မြောက်အစည်းအဝေးမှစတင်၍ လာအိုနိုင်ငံမှ သဘာပတိအိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
#tthl #Local_News #အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေး
#Yangon_Times
#Local_News
Published_ 2 August 2023
အင်္ဂလိပ်ဘာသာစကားကျပန်းပြိုင်ပွဲMic Up!တွင်အထူးဆုရရှိခဲ့သောမြန်မာပြိုင်ပွဲဝင်(၁၀)ဦး ထိုင်းနိုင်ငံ၌ဖိုင်နယ်ပွဲသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
အဆိုပါပြိုင်ပွဲကို RVIအုပ်စုမှကြီးမှူးပြီး China Dailyမှပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် Mic Up! အင်္ဂလိပ်ဘာသာစကားကျပန်းစကားပြောပြိုင်ပွဲကို အငယ်တန်းအုပ်စုနှင့်လူငယ်အုပ်စုခွဲကာ ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။
အငယ်တန်းအုပ်စုပြိုင်ပွဲတွင်အထူးဆုရရှိခဲ့သော ပြိုင်ပွဲဝင်(၅)ဦးကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူးကြီး Dr.Zheng Zhihongကဆုချီးမြှင့်ပေးခဲ့သည်ဟုဆိုသည်။
ယင်းပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်၂၀၀နီးပါပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထူးဆုရရှိသောပြိုင်ပွဲဝင် (၁၀)ဦးသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ထိုင်းနိုင်ငံသို့ နောက်ဆုံးဖိုင်နယ်ပွဲ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။
#tthl #Local_News #အင်္ဂလိပ်ဘာသာစကားကျပန်းပြိုင်ပွဲ
#Yangon_Times
ကြားနာစစ်ဆေးသွားမယ့် အမှုအမျိုးအစားတွေက ရာဇဝတ်အထွေထွေ အထူးအယူခံအမှုတွေဖြစ်
Published 2 August 2023
#ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦး
#Ymg/my
#Yangon_Times
ပြိုင်ပွဲကနေ ရွှေတံဆိပ်တစ်ခုစီနှင့် ငွေတံဆိပ်တစ်ခုစီ စုစုပေါင်း လေးခု ရယူပေးခဲ့
Published_ 2 August 2023
#YMG/my
#Yangon_Times
#မြန်မာစကိတ်သမားနှစ်ဦးရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုရ
#Local_News
Published-2 August 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းဆု ဆွတ်ခူးသွားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်ရှိ ရေခဲဆိုင်တွင် ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦးသည် ဇူလိုင် ၃၁ ရက်က ဖွင့်လှစ်သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ဘတ်ခြောက်သန်းဆု(ပထမဆု) ကံထူးသွားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထိုင်းထီဆုကြီးကံထူးရှင် မြန်မာလုပ်သားသည် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသော အသက် (၃၆) နှစ်ရှိသူ ဖိုးထူးဖြစ်ကြောင်း သိရသည်။
ကံထူးသူ ကိုဖိုးထူးသည် စံခလဘူရီမြို့နယ်ရှိ ကျရုန်ချိုင်ရေခဲဆိုင်တွင် ၁၅ နှစ်ကြာ လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းပေါက်သည့် ထီနံပါတ်မှာ 260453 ဖြစ်သည်ဟုသိရပြီးထီဆုကြီးပေါက်ကြောင်း သိရှိပြီးနောက် စံခလဘူရီမြို့နယ်ရဲစခန်းသို့ သွားရောက်၍ ရဲနေ့စဉ်မှတ်တမ်းတွင် အကြောင်းကြားအသိပေးအကူအညီတောင်းခဲ့သည်ဟု သိရသည်။
#Local_News #ကရင်တိုင်းရင်းသား၁ဦးဘတ်(၆)သန်းထိုင်းထီပေါက်
#Yangon_Times/PP
Page 830 of 1903