ထိုင်းသံရုံးက ဗီဇာဝန်ဆောင်မှုပေမယ့် ပြည်တွင်းကုမ္ပဏီများအားလုံး စံချိန်စံညွှန်းအရည်အချင်းပြည့်မီဟုဆို
Published_ 5 August 2023
#ထိုင်းဗီဇာဝန်ဆောင်မှု
#YMG/my
#Yangon_Times
#Local_News
Published_ 5 August 2023
မြန်မာနိုင်ငံတွင်ဆန်စပါးဈေးကွက်ထဲ လူသစ်အချို့ရောက်လာကာ ရည်ရွယ်ချက်ရှိရှိဝင်ရောက်ဈေးကစားခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
“အဲဒီသူတွေက ရည်ရွယ်ချက်ရှိရှိနှင့် ဝင်လာဈေးကစားကြသူတွေပါ။ ဒီလောကကမဟုတ်ဘဲ လူသစ်တွေပါ။ သူတို့ကို ပညာပေး စည်းရုံးမှုတွေ လုပ်နေပါတယ်” လို့ ဦးရဲမင်းအောင်က ဆက်လက်ပြောကြားပါတယ်။
ထို့အပြင်သူက မြန်မာနိုင်ငံတွင် မနှစ်ကထုတ်လုပ်ထားသည့်ဆန်များနှင့်တစ်နှစ်ကထွက်ရှိထားသည့် စပါးများ ရှိနေသေးကြောင်း၊ဆန်အဟောင်းလက်ကျန်များရှိနေသေး၍ လက်ရှိအခြေအနေတွင် ဆန်ဖူလုံမှုအတွက်စိုးရိမ်စရာမရှိဘူး လို့လည်း ပြောကြားပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အများပြည်သူများသို့ သက်သောသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးမည့် အစီအစဉ်ကို ဩဂုတ်(၄)ရက် သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်အရ လာမည့် ဩဂုတ်လ (၇)ရက် တနင်္လာနေ့မှစတင်ကာ ၁၀၈ပေါင်ပါ အိတ်တစ်အိတ်ကို ရွှေဘို ပေါ်ဆန်းမွှေးဆန်အမျိုးအစား အတွက် ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ် အတွင်းလည်းကောင်း၊ဧရာဝတီပေါ်ဆန်းမွှေးဆန်အတွက် ၉၄.၀၀၀ ကျပ်မှ၉၇.၀၀၀ ကျပ်အတွင်း လည်းကောင်း၊ ဧည့်မထ(၁၀%)ဆန်အတွက် ၆၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅%) ဆန်အတွက် ၆၀.၀၀၀ ကျပ်ဖြင့်လည်းကောင်း ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် အများပြည်သူကို ရောင်းချပေးမည် ဖြစ်ကြောင်းသိရပါတယ်။
“ဒီလိုရောင်းချပေးတာဟာ ဆန်ဈေးနှုန်းနှင့်ဈေးကွက် တည်ငြိမ်ရေးအတွက် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဆန်သစ်မပေါ်ခင် ဩဂုတ်နှင့်စက်တင်ဘာ (၂)လ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆန်စပါးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆက်လက်ပြောကြားပါတယ်။
“တကယ်တမ်းတော့ ဈေးကွက်ထဲမှာ ကောလာဟလတွေကြောင့် လူတွေ မလိုအပ်ဘဲ ဆန်တွေ အလုအယက်ဝယ်ရင်း ဈေးတွေတက်ကုန်တာဖြစ်ပါတယ်။ ဆန်တွေက အလုံအလောက်ရှိပါတယ် “ ဟု ဦးရဲမင်းအောင်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဝယ်ယူမည့်သူတွေအနေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတင်ပြဝယ်ယူရမည်ဖြစ်ပြီး ကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန်အိတ်(၁)အိတ်နှင့် ဧည့်မထအမျိုးအစားဆန်အိတ်(၁)အိတ်တို့ကိုလွတ်လပ်စွာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်းလည်း သိရပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်စက်ရုံအလုပ်ရုံ ကုမ္ပဏီဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာဌာန၊ စက်ရုံ အလုပ်ရုံ ကုမ္ပဏီများမှတင်ပြစာများဖြင့် အီးမေးလ်-
#Local_News #ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ
#Yangon_Times
#Local_News
Published_ 5 August 2023
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့အထွက်တွင် ဟင်းသီးဟင်းရွက် တင်ဆောင်လာသော ကားအတွင်း ပုန်းအောင်းလိုက်ပါလာသော မြန်မာနိုင်ငံသား (၅၂) ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီ- မဲဆောက် သတင်းကွန်ရက်က ဖော်ပြထားသည်။
ပြီးခဲ့သော သြဂုတ် (၃)ရက် ည (၉) နာရီအချိန်ခန့်က မဲဆောက်မြို့အထွက် ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့်ကားများအား စစ်ဆေးမှုများပြုလုပ်စဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအားစစ်ဆေးရာ မြဝတီမြို့မှတဆင့် သောင်ရင်းမြစ်အားဖြတ်ကူး၍ ဝင်ရောက်လာသူများနှင့် မြဝတီ-မဲဆောက်ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှ ယာယီနယ်စပ်ဖြတ်သန်းခွင့် (၇) ရက်လက်မှတ်ပြုလုပ်၍ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ် ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် (၂၀၀၀၀) စီပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူရန် မဲဆောက်ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News #မြန်မာ(၅၂)ဦး ဖမ်းဆီးခံရ
#YMG/my #Yangon_Times
#Daily_News
Published_ 4 August 2023
၁။ ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ မြင့်တက်နေ
၂။ မန္တလေးတွင်ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်ဖွင့်ရန်ရှိ
၃။ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ - ၁၂ အသင်း ဘာစီလိုနာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေ
၄။ ဂျာမနီနိုင်ငံကမ္ဘာ့အကြီးကျယ်ဆုံး ဟဲဗီးမက်တယ်ဂီတပွဲတော်ကျင်းပရာနေရာတွင် ရာသီဥတုဆိုးရွားမှုကြောင့်ရွှံ့အလွန်ထူထပ်စွာဖြစ်ပေါ်.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 4 August 2023
တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်သည့်အနေဖြင့် ‘မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ နှင့်တရုတ်နိုင်ငံခရီးသွားလာရေးမိတ်ဆက်ပွဲ’အခမ်းအနားကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံတရုတ်သံရုံး၏ထုတ် ပြန်ချက်အရသိရသည်။
အဆိုပါအခမ်းအနားကို သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင်ကျင်းပခဲ့ပြီးအခမ်းအနား တွင်အမျိုးသမီးများနှင့်လူငယ်များအတွက်သီးသန့်အစီအစဉ်များဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
အခမ်းအနားတွင် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်အဖွဲ့၏ စီးကရက်ဘူးအက၊ ဆံပင်ခါအက၊ ဟားနီသံစုံရှေးသီချင်း စသည့် တိုးရင်းသားထူးခြားချက်များပါဝင်သောအဆိုအကများကို တင်ဆင်ပြသခဲ့ပြီး ယူနန်ခရီးသွားလာရေးမိတ်ဆက်ဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့သည်။
ယင်းနောက်ဧည့်သည်တော်များသည် တရုတ်နိုင်ငံလက်ဖက်ရည်ကြမ်းယဉ်ကျေးမှုနှင့် ခရီးသွားဓာတ်ပုံပြပွဲကို လေ့လာကြည့်ရှုကြပြီး ယူနန်၏ ထူးခြားချက်များပါဝင်သော လက်ဖက်ရည်ကြမ်းအနုပညာနှင့် ပန်းမုန့်များကို မြည်းစမ်းကာ ‘ယူနန်ဟုခေါ်သည့် လူနေမှုဘဝ’ကို တွေ့ကြုံခံစားကြရသည်ဟုဖော်ပြထားသည်။
အဆိုပါအခမ်းအနားကိုမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ တရုတ်အမျိုးသမီးများအသင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအခြေစိုက် အမျိုးသမီးသံတမန်များနှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာနိုင်ငံ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်၊ အထက (၂) လသာ၊ အထက (၁၄) လှိုင်သာယာ၊ KINGS International School ၊ GESC သင်တန်းကျောင်း စသည်တို့မှ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ စသဖြင့် လူဦးရေ ၁၆၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#tthl #Local_News #တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ပွဲကျင်းပ
#Yangon_Times
ဘက်ထရီအသုံးပြု Three Wheel Motorcycle (၅၀)စီးမှာ အမျိုးအစား (၉) မျိုးပါဝင်
Published_ 4 August 2023
#ဘက်ထရီအသုံးပြု မော်တော်ဆိုင်ကယ်
#YMG/my
#Yangon_Times
#Local_News
Published_ 4 August 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဩဂုတ်လ၂ ရက်အတွင်း မြန်မာလုပ်သား (၂၈၆)ဦးစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် ဩဂုတ်လ၁ရက်တွင် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၃၉) ဦးကိုလည်းကောင်း၊ ဩဂုတ်လ၂ရက်တွင် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၉၇)ဦးကိုလည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား(၅၀)ဦးကိုလည်းကောင်း စေလွှတ်ခဲ့၍ ၂ရက်အတွင်း မြန်မာလုပ်သား ၂၈၆ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့စေလွှတ်သော မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉) ဦးကို စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Local_News #မြန်မာလုပ်သား၂၈၆ဦးကိုEPSစနစ်ဖြင့်စေလွှတ်ခဲ့
#Yangon_Times/PP
Page 825 of 1902