#Local_News
Published-6-8-2023
Level 4 အဆင့် မီးလောင်ကျွမ်းခဲ့သော မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ရှိ အမှတ် (၉) အခြေခံပညာအထက် တန်းကျောင်း ပြန်လည်ဆောက်လုပ်ရန် ကျပ်သိန်း (၅၀၀)ခန့် ရရှိပြီဖြစ်ကြောင်း ယင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံက သိရသည်။
အဆိုပါ လှူဒါန်းငွေကို ကျောင်းသားဟောင်းများ၊ ကျောင်းသားမိဘများနှင့်စေတနာရှင်များက ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းသို့ လာရောက်လှူဒါန်းသောစာရင်းအရ သိရသည်။
အဆိုပါ ကျောင်းမီးလောင်မှုသည် ဩဂုတ်(၃) ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ်(၄) ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုအတွက် ရေဂါလံစုစုပေါင်း (၆၀၀၀၀) ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရခြင်းဖြစ်ကာ မီးလောင်ပြင်သို့ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ မီးသတ်ယာဉ် ၄ စီး၊ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့ယာဉ်များ၊ ပြင်ပရေသယ်ယာဉ်များအပါအဝင်စုစုပေါင်း ယာဉ်စီးရေ (၃၀)ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ကျောင်းသည် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ကျော်သက်တမ်းရှိပြီး၊ မော်လမြိုင်မြို့၌ ပထမဆုံးပေါ်ထွန်းခဲ့သော အမျိုးသားပညာအထက်ကျောင်း တစ်ကျောင်းလည်းဖြစ်သည်။
#YMG/my
#Yangon_Times
#Local_News
Published-6-8-2023
အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့ ASEAN Online Sale Day (AOSD-2023)ကို ဩဂုတ် (၈) ရက်မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကို ပါဝင်ရန် ဖိတ်ခေါ်ထားရှိကြောင်း သိရသည်။
လုပ်ငန်းရှင်များဖိတ်ခေါ်ရာတွင် e-Commerce လုပ်ငန်းများ၊ Online ဖြင့် ဆောင်ရွက်လျက်ရှိသည့် SME/MSMEs လုပ်ငန်းများကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး၊ အသေးစိတ်အချက်အလက်များဘသိရှိလိုပါ၀၆၇-၄၀၈၆၇၀/၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးထားသည်။
ASEAN Online Sale Day ပြုလုပ်ရခြင်းသည် အာဆီယံနိုင်ငံများအချင်းချင်းအကြား e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန် ရည်ရွှယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေး ကူညီရန်၊ e-Commerce တွင် စားသုံးသူယုံကြည်မှုပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်သော e-Commerce ၏ အခန်း ကဏ္ဍကိုပိုမို အားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ SME/MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။
ASEAN Online Sale Day အား ၂၀၂၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုအခါ (၄) နှစ်မြောက်ရှိခဲ့ပြီဖြစ်သည်။
#YMG/my
#Yangon_Times
#Local_News
Published 6-8-2023
ရေကြီးရေလျှံဖြစ်ပွားနေသော ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယနေ့ ညနေပိုင်းအချိန်အထိ မိုးဆက်လက်ကြီးနိုင်သည်ဟု မိုးဇလက သတိပေးထားသည်။
အဆိုပါ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် မိုးဇလ၏ ယနေ့ ဩဂုတ်လ ၆ ရက် ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်အသိပေးထားသည်။
အလားတူ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေဆဲဖြစ်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
#YMG/my
#Yangon_Times
#Local_News
Published-6-8-2023
တစ်နိုင်ငံလုံးတွင် EV ကားများအတွက် လျှပ်စစ်အားသွင်းနိုင်မည့်နေရာ(Charging Station) များကို ရှေ့ပြေးစီမံကိန်း (Pilot project) ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယခုအခါ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဩဂုတ် လ (၄)ရက် မှ ယနေ့ ဩဂုတ် (၆)ရက်အထိ လျှပ်စစ်ကား (EV) ပြပွဲပါဝင်သည့်
၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ EV ကားပြပွဲတွင် တရုတ်နိုင်ငံထုတ် EVကားအမျိုးအစားများဖြစ်သည့် BYD၊ VOYAH၊ MG5၊ ATTO ၊ KAIYI ကားအပြင် NETA u pro အမျိုးအစားများကို ပြသထားသည်။
လက်ရှိတွင် ယင်း EV ကားများကို ကြို တင်မှာယူငွေ သိန်း (၅၀) ပေးသွင်း၍ ဝယ်ယူနိုင်ကြောင်း သိရသည်။
"အစိုးရက တစ်နိုင်ငံလုံးမှာ EV ကားအတွက် Charging Station တွေကို ဒီနှစ်အကုန်အထိ Pilot project နဲ့ဆောင်ရွက်နေတာဖြစ်တဲ့အတွက် EVကားက ဝယ်ယူစီးသင့်တယ်" ဟု NETA အမည်ရှိ EVကား အရောင်းပိုင်းတာဝန်ခံတစ်ဦးပြောသည်။
ထို့အပြင် အဆိုပါပြပွဲတွင် လျှပ်စစ် EV သုံးဘီးဆိုင်ကယ်များကိုပါ ထည့်သွင်းပြသထားပြီး၊ မော်ဒယ်များအလိုက် XT, TL5, TI 150D, CX,WH စသည့် အမျိုးအစားများကို ထည့်သွင်းပြသထားသည်။
လျှပ်စစ်သုံးဘီးဆိုင်ကယ်များတွင် လူစီးသီးသန့်နှင့် ကုန်တင်ဆိုင်ကယ်သီးသန့် နှစ်မျိုး ပြသထားသည်။
ထို့အပြင် ပြပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် (၂၉)ဇုန်က ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၊ MSMEs ထုတ်ကုန်ပစ္စည်းများကိုလည်း ထည့်သွင်းပြသထားကြောင်း သိရသည်။
#YMG/my
Yangon_Times
#Local_News
Published_ 6 August 2023
ကျိုက်ထိုမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၉ နာရီခွဲအချိန်ခန့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှရေးသို့သွားသည့် ခရီးသည်တင်ယာဉ်ပေါ်၌ အောင်မင်းထွန်းအား အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင် ၂၇ ရက် မွန်းတည့် ၁၂ နာရီအချိန် ဖမ်းမိမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သည့် ညီညီထွန်း (ခ) ညီညီ အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ညနေ ၅ နာရီအချိန် စံလင်း နှင့် ထွန်းနိုင်မိုး တို့အား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးတွင် အိုက်စ် ၁ ကီလို၊ Honda Fit မော်တော် ယာဉ် ၁ စီးနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုနေ့ ညနေ ၅ နာရီခွဲအချိန် ဖမ်းမိတရားခံ ထွန်းနိုင်မိုး ငှားရမ်းနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ နေအိမ်တွင် အောင်ကိုဦး နှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၅ ဦးအား ဥပဒေအရအရေးယူ ထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
#Local_News #အိုက်စ်၊စိတ်ကြွရူးသွပ်ဆေးပြားနှင့်ကက်တမင်းများဖမ်းဆီးရမိ
#ygm_mnn
#Yangon_Media_Group
#Local_News
Published-6-8-2023
ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် သွားရောက်ကစားမည့် မြန်မာ ယူ ၁၂ လက်ရွေးစင် လူငယ်ဘောလုံးသမား (၁၈) ဦး ကို အပြီးသတ်ရွေးချယ်ပြီးစီးသွားပြီဖြစ်ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။
အဆိုပါ ပြိုင်ပွဲဝင် လက်ရွေးစင် ၁၈ ဦး ကို ဩဂုတ်လ ၅ ရက်က သု၀ဏ္ဏ လေ့ကျင့်ရေး အားကစားကွင်းအတွင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယူ၁၂ လက်ရွေးကစားသမားများအဖြစ်ဂိုးသမား လရောင်လင်း (ရန်ကုန် အကယ်ဒမီ)၊ ဘုန်းထွန်းခန့် (ရန်ကုန်)နောက်တန်းကစားသမား မင်းဘုန်းသစ် (ပုသိမ်အကယ်ဒမီ)၊ မြင့်မြတ်သူ (ပုသိမ် အကယ်ဒမီ)၊ ရှင်းပြည့်ကျော် (မကွေး) စိုင်းခမ်စိုး (မန္တလေး အကယ်ဒမီ)၊ ဝေယံဦး (နေပြည်တော်)၊ နေဇင်မင်း (ရန်ကုန် အကယ်ဒမီ)၊ ပရင့်ဒိုဒိုလျန်တောင်း (မြောက်ဒဂုံ)တို့ဖြစ်သည်။
အလယ်တန်းကစားသမားများအနေဖြင့် ခွန်မောင်ဘွေ(မြောက်ဥက္ကလာပ)၊ဇင်မင်းမြတ်သူ (ပြင်ဦးလွင်)၊အောင်လ(မန္တလေးအကယ်ဒမီ)၊နေယံထွဋ်(စစ်ကိုင်း)၊ ရှိုင်း၀င်းထွဋ်(ရန်ကုန်အကယ်ဒမီ)တို့ဖြစ်သည်။
ရှေ့တန်းကစားသမားများအဖြစ်
တေဇာဖြိုး(ရန်ကုန် အကယ်ဒမီ)
ခွန်ဝေဖြိုး(မန္တလေး အကယ်ဒမီ)
အံ့မင်းမြတ်(ရန်ကုန် အကယ်ဒမီ)
ခိုင်မြဲခန့်(ပုသိမ် အကယ်ဒမီ)တို့ဖြစ်ကြသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည်ဩဂုတ်၂၄ ရက်တွင် အုပ်စုအဖွင့် ပွဲစဥ်အရ ဘာစီလိုနာအသင်းဖြစ်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်တွင် Daiwa House Dream လူငယ်အသင်းဖြင့်လည်းကောင်း၊ ဩဂုတ် ၂၅ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဥ် အရ JEF United Chiba U-12 လူငယ်အသင်းများနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
#YMG/my
#Yangon _Times
‘‘အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့’ကျင်းပရတာဟာ ဒေသတွင်းနယ်စပ်ဖြတ်ကျော်e-Commerce ကိုအားပေးကူညီဖို့၊ e-Commerce ကို စားသုံးသူယုံကြည်မှု ပိုမိုတိုးတက်လာစေဖို့ ၊အာဆီယံနိုင်ငံတွေရဲ့ e- Commerce စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားနဲ့အလတ်စား SME၊ MSMEs လုပ်ငန်းတွေနဲ့စားသုံးသူတွေ အတွက်အကျိုးဖြစ်ထွန်းစေဖို့ရည်ရွယ်တယ်’ စားသုံးသူရေးရာဦးစီးဌာန
Published_ 6 August 2023
#အာဆီယံအွန်လိုင်းအရောင်းအဝယ်
#tthl
#Yangon_Times
Page 822 of 1902