Published _8 August 2023
အခွန်တံဆိပ်မကပ်နှိပ်မထားသည့် ငွေရှင်းပြေစာများကို တိုင်ကြားသူဆုငွေရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကသိရသည်။
ငွေရှင်းပြေစာများတွင် အခွန်တံဆိပ် ကပ်နှိပ်ရန်ပျက်ကွက်မှုရှိသူများအား
တွေ့ရှိခဲ့ပါက စာရွက်စာတမ်း အထောက်အထား ဖြင့်ဖြစ်စေ၊ အသံဖိုင်အထောက်အထားဖြစ်ဖြင့်စေ တင်ပြလာလျှင်သတင်းပေးတင်ပြသူအနေဖြင့်
ဒဏ်ကြေးငွေ၏(၃၀)ရာခိုင်နှုန်းကိုဆုငွေအဖြစ်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအတွက်
လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်သတင်းပေးတင်ပြသူအား (၂၀)ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
စားသောက်ဆိုင်၊ ဟိုတယ်၊တည်းခိုခန်း၊ ရုပ်သံလွှင့်မီဒီယာ၊ ရွှေဆိုင်၊ ဖုန်းနှင့်ဆက်စက်ပစ္စည်းအရောင်းဝန်ဆောင်မှု လုပ်ငန်းများ စသည်တို့မှ ငွေရှင်း ပြေစာ (Voucher) များတွင် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်အတွက် အခွန်တံဆိပ်ကပ်နှိပ်ရန် လိုအပ်ကြောင်းလည်း ပြည်တွင်းအခွန်များဦးစီးဌာနကထုတ်ပြန်ပြီးဖြစ်သည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times
#Published_ 8 August 2023
အခုရက်ပိုင်းအတွင်း သံလွင်မြစ်၊သောင်ရင်းမြစ်၊ဘီးလင်းမြစ်၊နန့်ယင်းမြစ်ရေများကြီးနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၂)ပေခွဲကျော်ခန့်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိမည်ဖြစ်သည်ဟုဆိုသည်။
သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်မည်ဟုခန့်မှန်းထားသည်။
ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန်းကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
နန့်ယင်းမြစ်ရေသည် မိုးကောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၁)ပေခန့်ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်းနောက်ထပ်(၁)ပေခန့်တက်နိုင်ကာစိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။
ယင်းကဲ့သို့မြစ်ရေများကြီးမည်ဖြစ်၍ ဘားအံမြို့နယ်၊မြဝတီမြို့နယ်၊ဘီးလင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်များ အတွင်းရှိမြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဩဂုတ်လ၈ရက်နေ့လည်ပိုင်းတွင်သတိပေးချက်ထုတ်ပြန်ထား ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
Published-8 August 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင် လယ်ပြင်တွင် စက်လှေတိမ်းမှောက် မှုဖြစ်စဥ်ကြောင့် ပျောက်ဆုံးနေသူ လူဦးရေ ၅၀ ကျော်မှ မွတ်ဆလင်အမျိုးသမီး ၃ဦး အလောင်းနှင့် မွတ်ဆလင် အမျိုးသား ၈ ဦးကို ပြန်လည်တွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရွှေရောင် မေတ္တာဖောင်ဒေးရှင်းကသိရသည်။
ရေသ့တောင်မြို့နယ်၊မွတ်ဆလင်ကျေးရွာမှ လူပေါင်း၅၀ ကျော်ခန့်တင မလေးရှားသို့သွားရန်စက်လှေဖြင့်ထွက်ခွာစဥ် စစ်တွေအနီး ပင်လယ်ပြင်တွင် လှိုင်းကြီး၍စက်လှေနစ်မြုပ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စက်လှေနစ်မြုပ်မှုဖြစ်စဥ်ကြောင့် ပျောက်ဆုံးနေသူ လူဦးရေ ၅၀ ကျော်အနက် မှ ြသဂုတ်လ ၇ရက် ညနေ ၄နာရီခန့်က စစ်တွေမြို့၊ ဘာဆာရွာအနောက်ဘက်ကမ်းခြေအနီး သောင်တင်နေသည့် မွတ်ဆလင် အမျိုးသမီး၂ဦး၏ရုပ်အလောင်းနှင့် အသက်ရှင်လျက် မွတ်ဆလင်အမျိုးသား ၈ ဦးကို တွေ့ရှိခဲ့ကြောင်းပြီး ြသဂုတ်လ ၈ရက် ၃နာရီဝန်းကျင်က အမျိုးသမီး၁ဦး၏ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
"ရသေ့တောင်က မွတ်ဆလင် ၅၀ ကျော်တင်လာတဲ့ စက်လှေတိမ်းမှောက်တာလို့ပဲသိထားပါတယ်။ ပျောက်နေတဲ့ထဲမှာ အမျိုးသမီး အလောင်း ၂လောင်းနဲ့ အသင်ရှင်တဲ့အမျိုးသား ၈ဦးကို မနေ့က တွေ့ပါတယ်။ ဒီနေ့ ညနေ ၃နာရီဝန်းကျင်မှာ အမျိုးသမီး ၁ဦးအလောင်းကို ထပ်တွေ့ပါတယ်။ကျန် ၄၀ ကျော်ပျောက်ဆုံးနေတာကြောင့် ရှာဖွေတာတွေဆောင်ရွက်နေပါတယ်"ဟု ရွှေရောင် မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးကဆိုသည်။
သေဆုံးခဲ့သူ အမျိုးသမီးများ၏ရုပ်အလောင်းကို ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#local_news
#Published_ 8 August 2023
#YMG #Yangon_Times
ဈေးကွက်တွင် ဆီဈေးအနည်းငယ်ပြန်ကျ
‘အခုအပတ်မှာတော့ ဈေးကွက်ထဲမှာ ကျပ် ၆၀၀၀ ကျော် မှ ၈၀၀၀ ကျော် အထိ ရောင်းနေပြီး ရည်ညွှန်းဈေးကကျပ်(၄၃၀၀)ဈေးရှိပါတယ်။ကျွန်တော်တို့အသင်းကတော့ ရည်ညွှန်းဈေးကျပ်(၄၃၀၀)နဲ့ ဈေးတွေမှာ ကားနဲ့လိုက်ရောင်းပေးနေပါတယ်’ ဦးရဲသူအောင်၊ ဒုဥက္ကဌ(ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း))
Yangon_Times / tthl
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
အာဆီယံအနေဖြင့် ပထဝီနိုင်ငံရေး အားပြိုင်မှုများ၏ ဖိအားနှင့်စိန်ခေါ်မှုတွေကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်း ကြရလိမ့်မယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။
ဩဂုတ်လ(၈)ရက် ယနေ့တွင်ကျရောက်တဲ့ (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပိုတဲ့ နစက ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်ပါတယ်။
အာဆီယံပဋိညာဉ် စာတမ်းပါအခြေခံမူများနှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထားကိုင်စွဲကြရန် သတိပြုကြရမည် ဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်းကဏ္ဍများအပေါ် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ ဖွဲစည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင် ကြရန် လိုအပ်ကြောင်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံသည် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက် ထမ်းဆောင်လျက်ရှိနေပြီး အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိင်းရေး တာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အဆိုပါနေ့ကို အာဆီယံနေ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
-ymg/knl
Published_ 8 August 2023
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းတစ်လျောက် ဒေသများတွင် သြဂုတ်လ၈ ရက် မှ ၁၁ရက်အတွင်း မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသပညာလေ့လာသုံးသပ်သူဦးဝင်းနိုင်က ပြောကြားထားသည်။
ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေဆဲဖြစ်ပြီးဩဂုတ်လ ၁၀ ရက်၊ ၁၁ ရက်တွင် အားအနည်းငယ်ပြန်လျော့ကျကာ ၁၂ ရက်တွင် အားပြန်ကောင်းလာနိုင်ကြောင်းလည်း ကြိုတင်ခန့်မှန်းချက် များအရ တွေ့ရှိရကြောင်း ဆိုသည်။
ထို့ကြောင့်အထက်ဖော်ပြပါဒေသများ၌ သြဂုတ်လ ၈ရက် နံနက် ၂နာရီခွဲမှသြဂုတ်လ ၁၁ရက် နံနက် ၂နာရီခွဲအထိ ကာလအတွင်း မိုးသည်းထန်နိုင်ပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသများတွင် နေရာအနှံ့မိုးအသင့်အတင့်ရွာနိုင်ကြောင်းဆိုသည်။
ယင်းအပြင်ရခိုင်ပြည်နယ် ကုလားတန်မြစ်တစ်လျှောက်၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အတွင်း လာမည့် ၇၂ နာရီအတွင်း မိုးအလွန်သည်းထန်နိုင်ကြောင်း ပြောကြားထားသည်။
ယင်းအပြင်နောက်လာမည့် ၃ ရက် မှ ၅ ရက် အထိလည်း ယင်းအခြေအနေအတိုင်းဆက်ပြီး ရှိနေနိုင်ပါသေးကြောင်းလည်း ခန့်မှန်းထားသည်။
Yangon-Times / PP
#Local_News
#YMG #Yangon_Times
ယခုလ ပထမပတ်အတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၄၀၀) ကျော် စေလွှတ်
ဩဂုတ် (၈) ရက်မှာ မြန်မာကုန်ထုတ်လုပ်သား(၁၄၂)ဦးဟာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်ကို ရောက်ရှိ
Yangon_Times / my
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times
Page 818 of 1902