Published_ 11 August 2023
ရုရှားနှင့် မြန်မာတိုက်ရိုက် လေကြောင်း ခရီးစဉ်အနေဖြင့် ရန်ကုန်လေဆိပ်နှင့် မန္တလေး တံတားဦး လေဆိပ်မှတဆင့် ရုရှားနိုင်ငံ နိုဗိုဆီဘီရက်စ်ခ် ခရီးစဉ်ကိုလာမည့် စက်တင်ဘာ (၅) ရက် မှစ၍ MAI လေကြောင်းလိုင်းမှပျံသန်းမည်ဖြစ်ကြောင်း ယင်း လေကြောင်းလိုင်းမှ သိရသည်း
MAI လေကြောင်းလိုင်းမှ အဆိုပါခရီးစဉ်ကို အပတ်စဉ် အင်္ဂါနှင့် စနေေန့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဟုသိရပြီး လက် မှတ်ခနှုန်းထားအနေဖြင့် အမေရိကန်ဒေါ်လာ 409 ဒေါ်လာဖြစ်သည်ဟု အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
ခရီးစဉ်လမ်းကြောင်းသစ်ကို မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ ၊ ညောင်ဦး ခရီးစဉ်တို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။
ယင်းခရီးစဉ်လမ်းကြောင်းမှတဆင့် ရုရှားနိုင်ငံမှ ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ် ၊စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကာလကတ္တားတို့အထိ အဆင်ပြေစွာ ချိတ်ဆက်၍ ခရီး သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Yangon-Times/PP
#Local_News
#Published_ 11 August 2023
#MAI လေကြောင်းလိုင်း #ရုရှား - မြန်မာ လေကြောင်းခရီးစဉ် #ရန်ကုန်နှင့်မန္တလေး
#YMG #Yangon_Times
Published_ 11 August 2023
နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးတင်အေးသည် ယမန်နေ့ ဩဂုတ်လ (၁၀)ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိ ပေးထုတ်ပြန်သည်။
၎င်း ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ပြီဖြစ်ကာ ၊ ယမန်နေ့ နံနက် ၃နာရီ မိနစ် ၅၀အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဦးတင်အေးကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊အလုပ်အမှုဆောင်အဖွဲ့နှင့်ဝန်ထမ်းများက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့သည်။
ဦးတင်အေးသည် ရွှေခေတ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားများဖြစ်ကြသည့် ဗဟာဒူး၊ ဦးစိုးမြင့် တို့နှင့်အတူ ၁၉၆၂ ခုနှစ် အာရှဂိမ်းဘောလုံးပြိုင်ပွဲ၌ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
Yangon_Times/my
#Local_News
#မြန်မာ့လက်ရွေးစင်ဘောလုံးသမား #ဦးတင်အေး #အာရှဂိမ်းဘောလုံးပြိုင်ပွဲ #ရွှေတံဆိပ်ရယူပေးခဲ့
#YMG #Yangon_Times
#Daily_News
Published_ 10 August 2023
၁။ ဘားအံမြို့ ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အတွက် အရေးပေါ်လိုအပ်သော ပစ္စည်းများ လူကယ်ပြန်ဝန်ကြီးထောက်ပံ့
၂။ မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို အာဆီယံရုပ်ရှင်ပြပွဲအပါအဝင် နိုင်ငံတကာပြပွဲများတွင် ပါဝင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်နေ
၃။ ဆီမီးဖိုင်နယ်အဆင့်တွင် မြန်မာအသင်းနှင့် ချက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်
၄။ ရှန်ဟိုင်းရှိစီးတီးဝေါ့ခ် City Walk ခရီးစဉ်တွင် ပါဝင်ချင်သူ ပိုမိုများပြားလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 10 August 2023
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီများထဲမှ ခွင့်ပြုရန် ၅ ပါတီကျန်နေကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်(UEC) သိရသည်။
မှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထားသည့် ပါတီ ၅၀ ပါတီနှင့် ပုဒ်မ ၃ အရ အသစ် လျှောက်ထားသည့် ပါတီ ၁၃ ပါတီဖြစ်၍ စုစုပေါင်း ၆၃ ပါတီရှိကြောင်း သိရသည်။
UEC အနေဖြင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၅ ပါတီ ရှိကြောင်း၊ယင်းအထဲမှ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ ပါတီ ၁၂ ပါတီ က မှတ်ပုံတင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထား သည့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မည့် ပါတီ ၁၂ ပါတီရှိပြီး ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ကာ ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း UEC က သိရသည်။
Yangon=Times/PP
#Local_News
#ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် #နိုင်ငံရေးပါတီ ၃၅ ပါတီ
#YMG #Yangon_Times
Published_ 10 August 2023
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းအရ သိရသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်း ထားသော အဆိုပါကော်မတီတွင် နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌတာဝန်ယူထား ကြောင်း ဖော်ပြထားသည်။
အဖွဲ့ဝင်များမှာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ၊ နစက ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီးပွားရေးနှင့် ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ကလည်းကောင်း တာဝန်ယူကြမည် ဖြစ်ကြောင်း သိရသည်။
ကော်မတီအနေဖြင့် ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံး ယာဉ်ယန္တရားများ၊ ကုန်ထုတ် လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်း စသည်တို့ တင်သွင်းရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေများကို စိစစ်ခွင့်ပြုရမည် ဖြစ်ကြောင်း သိရသည်။
အလားတူ စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ ဝယ်ယူနိုင်ခြင်းမရှိတဲ့ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ စသည်တို့ကိုဝယ်ယူရေးအတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုခြင်း၊ ပြည်ပသို့ ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေး ကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့ အတွက်လည်း စိစစ်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အထွေထွေဆိုင်ရာ ပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ ချေးငွေနှင့် အတိုးများ ပြန်လည် ပေး ဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်း ၊ လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ်စိစစ် ခွင့်ပြု ခြင်း၊ နိုင်ငံတွင်းရှိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံး ငွေလည်ပတ် မှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်း နှင့် အခြားပေးအပ်သော တာဝန်များကိုလည်း ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ #မြန်မာနိုင်ငံ # ဒုတိယဝန်ကြီးချုပ် #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
#YMG #Yangon_Times
Published_ 10 August 2023
မြန်မာလက်ရွေးစင် ယူ၂၃ ဘောလုံးအသင်းအနေဖြင့် အိမ်ရှင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း စိန်ခေါ်မှုကောင်းများ ရရှိသည်ဟု မြန်မာ အသင်းနည်းပြချုပ် Michael Feichten beiner ကဆိုသည်။
"အိမ်ရှင်အသင်းတွေနဲ့ ဆုံတွေ့နေရတာ ကျွန်တော်တို့အတွက် ခက်ခဲပေမယ့် ဒါကိုက စိန်ခေါ်မှုကောင်းတွေ ဖြစ်နေပါတယ်။"ဟုဆိုသည်။
လာမည့် သြဂုတ် (၁၇) မှ (၂၆)ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ထိုင်း၊ ကမ္ဘော ဒီးယား၊ ဘရူနိုင်းတို့ကို ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းအနေဖြင့် စက်တင်ဘာလအတွင်း အာရှ ယူ ၂၃ ခြေစစ်ပွဲတွင်လည်း တောင်ကိုရီးယားနှင့် ကာဇက်စတန်အသင်းတို့ဖြင့် ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ထို့အပြင် မြန်မာ ယူ၂၃ အသင်းအနေဖြင့်အောက်တိုဘာလအတွင်း အာရှအားက စားပွဲတော်တွင်လည်း ဝင်ရောက်ယှဉ် ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာယူ၂၃ အသင်းအနေဖြင့် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် ပွဲများဆက်တိုက်ရှိနေခြင်းဖြစ်သည်။
Yangon Times/my
#Local_News
#ဘောလုံးအဖွဲချုပ် # မြန်မာလက်ရွေးစင် ယူ၂၃ #တောင်ကိုရီးယား # အသင်းနည်းပြချုပ် Michael Feichten beiner
#YMG #Yangon_Times
ဘောလုံးအဖွဲချုပ်က နည်းပြသင်တန်းကို လေးရက်ကြာပြုလုပ်မည်
သင်တန်းကို ဩဂုတ်လ (၁၀)ရက်နေ့ကနေ ဩဂုတ်လ (၁၃) ရက်နေအထိ လေးရက်ကြာ သင်ကြားပို့ချမည်
Yangon-Times/my
#Local_News
#ဘောလုံးအဖွဲချုပ် # နည်းပြသင်တန်း #လေးရက်ကြာပြုလုပ်မည်# Coach Education
#YMG #Yangon_Times
Page 813 of 1902