မြန်မာနိုင်ငံမှ ယွန်းထည်၊ ဝါးအနုပညာ၊ ဝါးဒီဇိုင်းနဲ့ ဆောက်လုပ်ရေး၊ ချည်ထုတ်ကုန်အစရှိတာတွေကို STYLE Bangkok 2025 ပြပွဲမှာ ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။
#Local_News
Published 26 March 2025
#ဝါးထုတ်ကုန် #STYLE_Bangkok_2025
#YMG/SW #Yangon_Times
#Local_News
Published 26 March 2025
▪️ ညောင်ဦးမြို့ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သော မနုဟာဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ကြောင်း မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
▪️ ထိုသို့ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် မနုဟာဘုရားကြီး ထီးတော်နှင့်အရံစေတီများကိုကပ်လှူပူဇော်သွားမည် ဖြစ်ရာမနုဟာဘုရားကြီး ထီတော်နှင့်အရံစေတီ ၂၇ ဆူရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မင်းညိုက မနုဟာဘုရားကြီးရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်လေမိုက်တင်ဒါခေါ်ယူနိုင်ရေး လေလံစည်းကမ်းချက်များနှင့်အညီ နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့် အညီခေါ်ယူနိုင်ရေးနှင့်သတ်မှတ်ရက် အတွင်းပြီးစီးနိုင်ရေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့အနေနဲ့ ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်တာကာလအတွင်းကျွမ်းကျင်လုပ်သားပေါင်း သုံးသောင်းခန့်ကို အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 26 March 2025
#ကျွမ်းကျင်လုပ်သား #အသိအမှတ်ပြုလက်မှတ်ထုတ်ပေး
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အခု၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ပဲမျိုးစုံ ဧက ငါးသိန်းအထိ စိုက်ပျိုးထားပြီး လျာထားချက်ထက်ပိုမို စိုက်ပျိုးထားနိုင်တယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 26 March 2025
#ပဲမျိုးစုံဧကငါးသိန် #တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန
#YMG/NN #Yangon_Times
အခုနှစ်နေပြည်တော်မှာ ပြုလုပ်မယ့် လမ်းလျှောက်သင်္ကြန်မှာသနပ်ခါးသင်္ကြန်ကိုပါ ထည့်သွင်း ကျင်းပသွားမယ်လို့ နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီက သိရပါတယ်။
#Local_News
Published 26 March 2025
#နေပြည်တော်လမ်းလျှောက်သင်္ကြန် #သနပ်ခါးသင်္ကြန်ထည့်သွင်းကျင်းပ
#YMG/NN #Yangon_Times
#Local_News
Published 26 March 2025
▪️ ပဲခူးတိုင်းဒေသကြီး ပြည်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် မြို့နယ်အားကစားကွင်းအတွင်း၌ 'သနပ်ခါးအလှ မြန်မာကအစ၊ ခြင်းလုံးအစ သရေခေတ္တရာက'ခေါင်းစဥ်ဖြင့် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို မတ်၂၅ ရက်မှ ၃၁ ရက်အထိ (၇) ရက်တိုင်တိုင်ကျင်းပလျှက်ရှိကြောင်း သိရသည်။
▪️ ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကကြီးမှူး၍ ' သနပ်ခါးအလှ မြန်မာကအစ၊ ခြင်းလုံးအစသရေခေတ္တရာက' ဟူသော ခေါင်းစဥ်ဖြင့် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပနေခြင်းဖြစ်သည်။
▪️ အဆိုပါပွဲ ပထမနေ့၌ မြန်မာ့သနပ်ခါးအလှသမိုင်းကြောင်းနှင့် သနပ်ခါးပင်၏ ဆေးဘက်ဝင်ပုံအကြောင်း၊ ရိုးရာတပင်တိုင်ခြင်းအလှခတ်ဖျော်ဖြေမှုများ၊ သနပ်ခါးအလှလိမ်းချယ်ပြိုင်ပွဲကို ကျင်းပခဲ့ကာဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
▪️ အဆိုပါပွဲတော်ရက်အတွင်း ရိုးရာခြင်းအလှခတ်ပွဲနှင့် ပြည်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်လှပျိုဖြူများ၏ အဖွဲ့အလိုက် သနပ်ခါးလိမ်းချယ်ပြိုင်ပွဲများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို အခမဲ့ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကာ ဒေသထွက် ထုတ်ကုန်အရောင်းဆိုင်များနှင့် ပွဲဈေးဆိုင်တန်းများ၊ ချား/ရဟတ်၊ အပျော်စီးလှေနှင့် ကလေးကစားကွင်းများဖြင့် ပျော်ပွဲရွှင်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 March 2025
▪️ ယခုအပတ်အတွင်း၌ တစ်စိတ်တစ်ပိုင်း နေကြတ်မှု ဖြစ်ပွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၃နာရီ၂၀မိနစ်မှ ၇နာရီ ၁၅မိနစ်အချိန် အတွင်း တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
▪️ အဆိုပါ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းဖြစ်စဉ်ကို ဥရောပတိုက်၊ အာရှတိုက်မြောက်ပိုင်း၊ အာဖရိကတိုက် အနောက်မြောက်ပိုင်းနှင့် မြောက်အမေရိကတိုက်ဒေသများရှိ နိုင်ငံအသီးသီးတို့မှ မြင်တွေ့နိုင်နည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 9 of 1957