သတ်မှတ်ထားတဲ့ ဝိတ်လည်းရနေပြီဖြစ်တာကြောင့် အကောင်းဆုံးကြိုးစားသွားမည်
Published_ 19 August 2023
#မြန်မာ့လက်ဝှေ့ချန်ပီယံလုပွဲ #ထွန်းထွန်းမင်း
#ygm/my
#Yangon_Times
#Local_News
Published-19 August 2023
မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ် ၇ လအတွင်း ယာဉ်တိုက် မှုအကြိမ် ၂၉၀၀ ကျော်ဖြစ်ခဲ့ကာ ၁၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။
ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယာဉ်တိုက် မှုအကြိမ်ရေ (၂၉၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ (၅ဝ၁)ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ယာဉ်တိုက် မှုပေါင်း (၄၅၆)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ၇ လတာ၌ ယာဉ်တိုက် မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူဦးရေ စုစုပေါင်း (၄ဝ၂၃)ဦး ရှိခဲ့ပြီး လူ ဦးရေ (၁၅၃၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် အလားတူကာလအတွင်း ယာဉ်တိုက် မှုပေါင်း (၃၅၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက် မှု (၆ဝ၂)ကြိမ် လျော့ကျခဲ့ကြောင်းလည်းသိရသည်။
#Local_News #ယာဉ်တိုက်မှုအကြိမ်၂၉၀၀ကျော် #ယခုနှစ်၇လအတွင်း
#Yangon_Times/PP
‘ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့မှာ စိုးရိမ်ရေအမှတ်အောက်(၁)ပေခန့်မှ နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်သိုရောက်ရှိနိုင်တယ်။ ဧရာဝတီမြစ်ရေဟာဇလွန်၊ ဟင်္သာတ၊ ပြည်၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ ချောက်၊ ညောင်ဦး၊ ပခုက္ကူတို့မှာလည်း မြစ်ရေတွေတိုးဖို့ရှိပါတယ်’
Published_ 19 August 2023
#ဧရာဝတီမြစ်ရေ #ပဲခူးမြစ်ရေများတိုးနိုင်
#tthl
#Yangon_Times
‘ကချင်ပြည်နယ်အတွင်းရှိ ရေခဲတောင်တက်တွေတက်ဖို့နဲ့ ကချင်ပြည်နယ်ရဲ့အလှအပတွေခံစားနိုင်ဖို့ ရေခဲတောင်တက်ခရီးစဉ်သွားဖို့ ကြိုတင်စာရင်းပေးထားသူပြည်တွင်းခရီးသွား(၄၀)နီးပါးရှိပြီဖြစ်တယ်’
Published_ 19 August 2023
#ကချင်ပြည်နယ် #ရေခဲတောင်တက်ခရီးစဉ် #အလှအပတွေခံစားနိုင်
#tthl
#Yangon_Times
#Local_News
Published-19 August 2023
ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသူ မွန်တိုင်းရင်းသားဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံး ပထမဆု ကံထူးခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုလ ၁၆ ရက်တွင်ဖွင့်လှစ်ခဲ့သည့်ထိုင်းထီတွင် ထိုင်းအစိုးရ ထီ အမြင့်ဆုံးပထမဆု ဘတ်(၆)သန်း ဆုကို အဆိုပါ ဇနီးမောင်နှံတို့က ၄၇၁၇၈၂ ဂဏန်းဖြင့် ဘတ် ၆ သန်းထိုင်းထီဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဇနီးမောင်နှံမှာ ထိုင်းနိုင်ငံသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅နှစ်ကျော်ကပင် ရောက်ရှိနေကြသူများ ဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန် ကောက် မြို့ရှိ စားသောက်ဆိုင်တစ်ခု တွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။
#Local_News #ဘန်ကောက် #မွန်တိုင်းရင်းသားဇနီးမောင်နှံ
#ထိုင်းထီအမြင့်ဆုံးပထမဆုကံထူး #Yangon_Times/PP
၁၉ ဩဂုတ် ၂၀၂၃
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို လန်ဒန်ရှိ သံတမန်အိမ်ယာတစ်ခုကို ကျူးကျော်နေ ထိုင်မှုအတွက် ဗြိတိန်ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူ့ရှေ့နေက ရိုက်တာကိုပြောတယ်လို့ ရိုက်တာ သတင်းကရေးသားပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးကတည်းက သူဟာ သံရုံးထဲမှာ ပိတ်မိနေပြီး နောက်ပိုင်းမှာ သူ့နေရာကို အခြားသံတမန်တစ်ဦးနှင့်အစားထိုးခန့်အပ်ခဲ့ပါတယ်။
သူဟာ အဲဒီကတည်းက လန်ဒန်မြို့ အနောက်မြောက်ဘက်ရှိ သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ပြီး အိမ်ကို လည်း သံဆူးကြိုးတွေကာခဲ့ပါတယ်။ စီစီတီဗွီကင်မရာတွေတပ်ဆင်ထားခဲ့ပါတယ်။ သူဟာ သံရုံးကိုပြန်အပ်ဖို့လည်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ ဖိအားကြောင့် ဗြိတိန်အစိုးရက ဦးကျော်စွာမင်းကို သံအမတ်ကြီးအိမ်ကနေ ထွက်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ရိုက်တာက သတင်းဖော်ပြပါတယ်။
ဒီတစ်ပတ်စောစောပိုင်းမှာတော့ ဦးကျော်စွာမင်းကို သံတမန်ဥပစာအတွင်း ပိုင်နက်ကျူးကျော်မှုအတွက် ဗြိတိန်ရဲတွေက စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်လို့ လန်ဒန်အခြေစိုက် ပီတာနှင့်ပီတာများ အဖွဲ့မှ ရှေ့နေ နီးလ်ဆွစ်က ရိုက်တာကို ပြောပါတယ်။ ဒီအမှုဟာ ထောင်ဒဏ်(၆)လ ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး အပြစ်ပေးခံရနိုင်ပါတယ်။
“ သံအမတ်ကြီးအိမ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရရဲ့ ပိုင်ဆိုင်မှုအဖြစ်ဆက်ရှိနေတုန်းပါ။ ကျွန်တော့်ရဲ့အမှုသည်က ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ကို သော့ပြန်အပ်ပေးမယ်လို့ အမြဲပြောခဲ့ပါတယ်” လို့ ရှေ့နေနီးလ်က ဆက်ပြောပါတယ်။
လန်ဒန်မှာရှိတဲ့မြန်မာသံရုံးနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လန်ဒန်မြို့ပြရဲတပ်ဖွဲ့တို့ကတော့ ဒီသတင်းအပေါ် ဘာမှမှတ်ချက်မပေးကြဘူးလို့လည်း ရိုက်တာကရေးသားပါတယ်။
ဦးကျော်စွာမင်းကို ဩဂုတ် (၁၅)ရက်က ရဲတွေက မေးမြန်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရားတော့မစွဲရသေးပါဘူး။
၂၀၂၁ဇူလိုင်လမှာ သူ့နေရာကိုအစားထိုးမယ့် ယာယီတာဝန်ခံတစ်ဦးကို မြန်မာစစ်အစိုးရကခန့်အပ်ခဲ့ပါတယ်။ ဗီယင်နာ ကွန်ဗင်းရှင်းအရ အဲသလိုခန့်အပ်မှုဟာ ဗြိတိန်အစိုးရဲ့ သဘောတူညီမှုမလိုအပ်ဘူးလို့ ရိုက်တာက သတင်းရေးသားဖော်ပြထားပါတယ်။
Source Reuters
#Local_News
Published_ 19 August 2023
ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် အလူမီနီယံဆာလဖိတ်ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး သွားရောက်ကူညီရှင်းလင်း ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များဘေးကင်းခဲ့သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူလည်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။
ဩဂုတ်လ(၁၈)ရက်နေ့ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ရန်ကုန်တက္ကသိုလ်၊ဓာတုဗေဒဌာန Labအခန်းဖြစ်သော CE-3ခန်းမ၌ လွန်ခဲ့သော (၃)ရက်ခန့်က လက်တွေ့ခန်းအသုံးပြုရန်ခွဲတမ်းရရှိထားသည့် အလူမီနီယံဆာလဖိတ်ဓာတ်ပြုပြီး ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အလူမီနီယံဆာလဖိတ်သည် ရေတွင်ပျော်ဝင်နိုင်သောဆားဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဒြပ်ပေါင်း တစ်ခုဖြစ်သော်လည်း ဓာတ်ငွေ့ကာများအသုံးပြုပြီးရှင်းလင်းခဲ့သောကြောင့်ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ ဟုဆိုသည်။
‘‘ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်မှုတော့မရှိခဲ့ပါဘူး။အဲ့ဒီနေရာကို သွားရောက်ကူညီခဲ့တဲ့ ကျွန်တော့်တို့မီးသတ် တပ်ဖွဲ့တွေလည်း ဘေးကင်းခဲ့ပါတယ်’’ဟု စမ်းချောင်းမြို့နယ်၊မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကYMGကို ပြောခဲ့သည်။
ယင်းဓာတ်ငွေ့ယိုစိမ့်မှုကို ကမာရွတ်၊ ကျောက်တံတား၊ စမ်းချောင်းမြို့နယ်များမီးသတ်တပ်ဖွဲ့ဝင်များ၊သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ချုပ်မှ ရှာဖွေကယ်ဆယ် ရေးယာဉ်တစ်စီး၊ Ventilator မီးသတ်ယာဉ်တစ်စီးတို့ အသုံးပြုပြီး ရှင်းလင်းကူညီရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#tthl #Local_News #ရန်ကုန်တက္ကသိုလ် #ဓာတုဗေဒဌာန #ဆာလဖိတ်ယိုစိမ့်မှုဖြစ် #Yangon_Times
Page 799 of 1902