#LocaL_News
Published 20-8-2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၆၀/၁)နှင့်(၆၀/၂)ကြားတွင် ယနေ့ ဩဂုတ်လ (၂၀)ရက် နံနက် (၆) နာရီ (၅၈ )မိနစ် အချိန်ခန့်၌ ယာဉ်တစ်စီး လမ်းလယ်ကျွန်းသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီး သွားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မှာ PARTNER အမျိုးအစား အဖြူရောင်ယာဥ်ဖြစ်ပြီး၊ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မိခြင်းဖြစ်သည်ဟု အမြန်လမ်းကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း(၈)ဦးအနက် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြ ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို 192 သူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
#YMG/my #LocaL_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #လမ်းလယ်ကျွန်းသစ်ပင်အား ဝင်တိုက်မှုဖြစ် #Yangon_Times
#Local_News
Published-20-8-2023
မြန်မာ့သဘာဝရှု့ခင်းနှင့် မြန်မာ့ထွက်ကုန်ပစ္စည်းများအကြောင်းအား (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည် ပြပွဲတွင်မိတ်ဆက်ပြလျက်ရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည် နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ကျင်းပလျက်ရှိသော (၇)ကြိမ်မြောက်တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာ နိုင်ငံအနေဖြင့် ပြခန်းဖွင့်လှစ်ပြသနေခြင်းဖြစ်သည်။
အဆိုပါပြပွဲကို ဩဂုတ်လ (၁၆)ရက်နေ့မှ ယနေ့ ဩဂုတ်လ (၂၀)ရက်နေ့အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။
ပြပွဲတွင် ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျောဖြေခဲ့ကြပြီး၊ ပြခန်းဆောင် အတွင်း ပြသထားသည့် မြန်မာ့ခရီးသွားနေရာများကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။
ပြခန်းတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး မြန်မာနှင့်တရုတ် လုပ်ငန်းရှင်များအကြား ကုန်ပစ္စည်းများ တင်ပို့ တင်သွင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ကြသည်ဟု သိရသည်။
ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသည့် မြန်မာလုပ်ငန်းရှင်များကလည်း ကူမင်းမြို့ရှိ China South Asia Southeast Asia Cross Border e-commerce Industry Center သို့ သွားရောက် လေ့လာခဲ့ကြသည်။
အဆိုပါ Center သည် တောင် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်စည်များ ကို Live Sale ရောင်းချပေးနေသော နေရာဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်ပစ္စည်း နမူနာများကို ပါဝင်ပြသကြသည်။
Center တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို Live Sale ရောင်းချနိုင်သည့် Broadcast Room တစ်ခုကိုလည်း ဖွင့်လှစ်ထားသည်ကို လေ့လာခဲ့ကြကြောင်း သိရသည်။
#Local_News #မြန်မာ့သဘာဝရှု့ခင်းနှင့် မြန်မာ့ထွက်ကုန်ပစ္စည်း
#YMG/my#Yangon_Times
#Local_News
Published-19-8-2023
Facebook နှင့် Onlineမီဒီယာ များပေါ်တွင်ရောင်းချနေသော အချို့တိုင်းရင်းဆေးဝါးများ သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန ၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အသိပေးကြေညာထားသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၏ အသိပေးချက်တွင် ထိုသို့ရောင်းချနေသော တိုင်းရင်းဆေးဝါးများသည် မှတ်ပုံတင်နှင့်ထုတ်လုပ်ခွင့်လိုင်စင်များ မရှိခြင်းကြောင့် ဘေးအန္တရာယ်ကင်းပြီး အာနိသင်ထိရောက်မှုအတွက် အာမခံချက်မပေးနိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူသုံးစွဲရန် စဉ်ဆက်မပြတ်ထုတ်လုပ်လျက်ရှိကြောင်း အသိပေးထားသည်။
ယခုအခါတွင် ဆိုရှယ်မီဒီယာပလက် ဖောင်းအမျိုးမျိုး၌ ကာမအားတိုးဆေးများဟုဆိုကာ ရောင်းချနေသောဆေးများအပါအဝင် အခြားသော တိုင်းရင်းဆေးများကိုလည်း လူစိတ်ဝင်စားစေရန် ကြော်ငြာရောင်းချနေသည်ကို တွေ့မြင်လာရသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ဆေးပစွည်းအရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက" ဒါတွေကို သက်ဆိုင်ရာက အ သိပေးတာထက် စောင့်ကြည့်ပြီးအရေး ယူသင့်တယ်။ အသိပေးတာမျိုးကကောင်းပေမယ့် စောင့်ကြည့်ပြီး အရေးယူတာမျိုးကို လုပ်စေချင်တယ်။ တစ်ခါတလေ ဆိုင်မှာ ဆေးတစ်မျိုးမျိုးလာဝယ်ရင် အဲ့ဒီဆေးနာမည်ကို ကျွန်တော်တို့မသိဘူး။ဆေးရောင်းစားလာတာ နှစ်ကမနည်းတော့ဘူး။ ဝယ်တဲ့သူကိုမေးကြည့်ရင် အွန်လိုင်းကနေဝယ်တယ်လို့ပြောတယ်။ ဈေးကွက်ထဲမှာတော့ အဲ့ဒီနာမည်နဲ့ဆေးဝါး မရှိဘူးလို့ဘဲ ပြန်ပြောလိုက်ရတယ်"ဟု သူ၏အတွေ့အကြုံကို ရှင်းပြသည်။
လက်ရှိ ပြဌာန်းထားသောတိုင်းရင်းဆေးဝါးဥပဒေအရ မည်သူမဆို ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
#YMG/my #Local_News #Facebook နှင့် Online #တိုင်းရင်းဆေးဝါးများ
#Yangon_Times
အထူးသီးသန့်စာမေးပွဲကို လာမယ့် စက်တင်ဘာလဆန်းပိုင်းအတွင်းကျင်းပရန် လျာထား
Published_ 20 August 2023
#အထူးသီးသန့်စာမေးပွဲ #တောင်ကိုရီးယားဘာသာ
#Ymg/my
#Yangon_Times
၁၉ ဩဂုုတ် ၂၀၂၃
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုကြမည့် ရဟန်းသံဃာများ၊သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။
ယနေဩဂုတ် ၁၉ ရက်နေ့က မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်တဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။
ဘုရားကြီး တည်တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက် နိုင်ရန် လိုအပ်သည့်ငွေကြေးများရရှိရေးအတွင် စက်တင်ဘာ ၃ ရက်နောက်ပိုင်းတွင် ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့်ရရှိသည့် အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြဖို့ ဗိုလ်ချူပ်မှူးကြီးက တာဝန်ရှိသူတွေကို ဆွေးနွေးမှာကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အချို့ နိုင်ငံများရှိဘုရားများ၌လည်း ဝင်ကြေးများပေးဆောင်၍ ဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများဖူးမြော်နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဘုရား
ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဂေါပကအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်ရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်တွေကို တင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊
အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ပျက်ဆီးမှုများ မရှိစေရေးစနစ်တကျဖြင့် အသေးအဖွဲ့မှအစ အလေးထားထိန်းသိမ်း ဆောင်ရွက်သွားကြဖို့ အသေးစိတ်မှာကြားခဲ့ပါတယ်။
ဘုရားဖူးလာပြည်သူများအတွက် E-Ticketဝင်ခွင့် လက်မှတ်ဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိတယ်လို့ လည်း ဆွေးနွေးချက်များအရသိရပါတယ်။
အစည်းအဝေးအပြီးတွင် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ရေပန်းရင်ပြင်တွင်လည်းကောင်း၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီးအတွင်း လည်းကောင်းလှည့်လည်ဖူးမြော်ကြည်ညိုကြပြီး နစက ဥက္ကဋ္ဌသည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါတယ်။
-ymg/knl
#Daily_News
Published_ 19 August 2023
၁။ ကချင်ပြည်နယ်၊ ရေခဲတောင်တက်ခရီးစဉ်သို့သွားရောက်ရန် ကြိုတင် ဘိုကင်တင်ထားသူ(၄၀)နီးပါးရှိလာ
၂။ အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေနှင့် ပဲခူးမြစ်ရေ များတိုးမည်
၃။ မြန်မာ့လက်ဝှေ့ချန်ပီယံလုပွဲကြီးအတွက် အဆင်သင့်ဖြစ်နေပြီဟု ထွန်းထွန်းမင်းပြော
၄။ လူသားပုံစံစက်ရုပ်များ ထုတ်လုပ်ရေးနည်းပညာပိုင်းနှင့် ပတ်သက်၍ တရုတ်စက်မှုကဏ္ဍအရှိန်မြှင့်ကြိုးပမ်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published-19 August 2023
မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးအတွက် အရေးပေါ် ရန်ပုံငွေ ၂၅ရာခိုင်နှုန်းသာ ရရှိထားသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ယနေ့ သြဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်း အမှတ်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၏ လက်ရှိ သြဂုတ်လအပါအဝင် ရှစ်လတာကာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှု အစီအစဉ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ် ပုံရန်ပုံငွေတောင်းခံမှုအတွက် စုစုပေါင်းရန်ပုံငွေလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းသရရှိထားကြောင်း၊ ယင်းရန်ပုံငွေလိုအပ်ချက်မှာ ကူညီပံ့ပိုးမှုများကို အချိန်မီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အဟန့်အတားဖြစ်စေကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ စုစုပေါင်း ၏ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်နေရသော မြန်မာနိုင်ငံက ပြည်သူများထံ အပြည့်အဝကူညီပေးနိုင်ရန် ရန်ပုံငွေပံ့ပိုးမှုကတန်းတူညီမျှအရေးကြီးကြောင်းလည်း ယင်းတွင် ပါရှိသည်။
“ရန်ပုံငွေထည့်ဝင်မှုတွေအရှိန်မြှင့်ဖို့နဲ့ဘက်ပေါင်းစုံကအကျပ်အတည်းတွေကို ခါးစည်းခံနေကြရတဲ့ မြန်မာနိုင်ငံ ကပြည်သူတွေအပေါ်ထားရှိတဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Local_News #မိုခါမုန်တိုင်း #လူသားချင်းစာနာမှုဆိုင်ရာ
#Yangon_Times/PP
Page 798 of 1902