#Local_News
Published 18 February 2025
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန် နည်းပညာဆိုင်ရာ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေကြောင်း သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရန် Online Application များ၊ Dynamic QR Code စနစ်နှင့် ဝဘ်ဆိုဒ်လုံခြုံရေး၊ ပြုပြင်ထိန်းသိမ်းမှုနှင့် CMS အပ်ဒိတ်များပြုလုပ်ရန် လိုအပ်သော နည်းပညာဆိုင်ရာလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများ ခေါ်ယူလျှက်ရှိခြင်းဖြစ်သည်။
▪️ အဆိုပါ တင်ဒါ ခေါ်ယူရာတွင် Lot (၃) ခုကို လုပ်ငန်းအပ်နှံဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသည့် ပြည်တွင်း နည်းပညာကျွမ်းကျင်ကုမ္ပဏီများအနေဖြင့် တင်သွင်းလိုသည့် Lot No. အလိုက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့် တင်ဒါများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
▪️ ထို့အပြင် တင်ဒါပုံစံများကို ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ရယူနိုင်မည်ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ခရီးသွားမြှင့်တင်ရေးဌာနခွဲ (Digital Marketing) ရုံးအမှတ် (၃၃)၊ နေပြည်တော်၊ တင်ဒါမှတ်ပုံတင်ကြေး ကျပ်-၁၀,၀၀၀/-(တင်ဒါမှတ်ပုံတင်ကြေးကို Lot (၁) ခုချင်းစီ အလိုက် (၁) စောင်ချင်းစီ တင်သွင်းရမည်။) ဖြစ်ကြောင်း သိရသည်။
▪️ တင်ဒါလျှောက်လွှာကို မတ်လ ၄ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ပိတ်သိမ်း၍ မတ်လ ၅ ရက်၊ နေ့လည် ၂ နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၌ တင်ဒါဖွင့်ဖောက်စိစစ်မည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲသို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 February 2025
▪️ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များစီးပွားရေးပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာတစ်စောင်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ယခုလ ၁၄ ရက်က မလေးရှားနိုင်ငံ၊ကွာလာလန်ပူရှိ INTI တက္ကသိုလ်၌ ပြုလုပ်သည့် မလေးရှား-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့နှင့် မလေးရှားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား၌ ရေးထိုးခဲ့ခြင်းဖြစ်ပြီး ထိုအခမ်းအနားသို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းလည်းတက်ရောက်ခဲ့ပြီး နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
▪️ မလေးရှား-မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို မလေးရှား-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့က စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲသို့ မလေးရှားနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 17 February 2025
၁။ ဆံတော်ရှင်မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ၁၅ရက်ကြာကျင်းပမည်
၂။ စားအုန်းဆီရည်ညွှန်းဈေးနှုန်း တစ်ပိဿာကျပ် ၇၀၀၀ အောက်ရောက်ရှိ
၃။ နိုင်ငံ့ဝန်ထမ်းများအတွက် တိုက်ခန်းများကို(၃)လအတွင်း အကြေပေးသွင်းစနစ်ဖြင့် ရောင်းချပေးသွားမည်
၄။ အမေရိကန်အစိုးရ၏ အခွန်စည်းကြပ်မှုအသစ်များကြောင့်ငွေကြေးဖောင်းပွမှုထပ်မံဆိုးရွားလာမည်ကို စိုးရိမ်နေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 February 2025
▪️ တေးသံရှင် မာရဇ္ဇရေးသားသီဆိုခဲ့သည့်သီချင်းများကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခွင့်မပြုကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းက နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့သည်။
▪️ ထိုသို့ကြေညာရာ၌ တေးသံရှင် မာရဇ္ဇမကွယ်လွန်မီရေးသားသီဆိုခဲ့သည့်သီချင်းများနှင့် ပတ်သက်၍ ဇနီးဖြစ်သူ၏ သိရှိသဘောတူခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကမှ တေးသီချင်းများ၊ တေးစာသားများ၊ သံစဉ်များ၊၎င်း၏ ရုပ်ပုံလွှာကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေရယူ၍ မည်သည့်နေရာတွင်မှ သုံးစွဲခြင်းမပြုလုပ်ရန် အသိပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ယခုကြေညာချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြုလုပ်ခဲ့ပါက ပြုလုပ်သူအပေါ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပဲခူးမြို့အနီးရှိ ဇလတ်ထော်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူများပြားနေပြီး ရန်ကုန်မြို့ကနေ အဓိကလာရောက်ကြတယ်လို့ ယင်းအပန်းဖြေစခန်းကနေ သိရပါတယ်။
#Local_News
Published 17 February 2025
#ဇလတ်ထော်အပန်းဖြေစခန်း #လည်ပတ်သူများပြား
#YMG/NN #Yangon_Times
တာဝန်ထမ်းဆောင်ဆဲနိုင်ငံဝန်ထမ်းတွေအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တည်ဆောက်ရောင်းချတဲ့ တိုက်ခန်းတွေကို(၃)လအတွင်း
အကြေပေးသွင်းစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 17 February 2025
#နိုင်ငံ့ဝန်ထမ်းများ #အကြေပေးသွင်းစနစ်
#YMG/SW #Yangon_Times
အပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာရာမှာ ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ကျပ် ၇၀၀၀ အောက်ကို ရောက်ရှိလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 17 February 2025
#စားအုန်းဆီရည်ညွှန်းဈေးနှုန်း #တင်သွင်းသိုလှောင်ဖြန့်ဖြူး
#YMG/SW #Yangon_Times
Page 80 of 1988